• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို အိန္ဒိယက မကြုံစဖူး ဖိတ်ခေါ်

by ဝလုံး နှင့် Devjyot Ghoshal
25 September 2024
in သတင်း
A A
စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို အိန္ဒိယက မကြုံစဖူး ဖိတ်ခေါ်

၂၀၂၃ ဒီဇင်ဘာအတွင်း AA က ပလက်ဝရှိ စစ်ဗျူဟာစခန်းကို သိမ်းအပြီး

3.2k
VIEWS
Share on FacebookShare on Twitter

အိန္ဒိယနိုင်ငံသည် မြန်မာစစ်ကောင်စီကို ဆန့်ကျင်သည့် နိုင်ငံရေးနှင့်စစ်ရေး အတိုက်အခံများအား နယူးဒေလီတွင် ဆွေးနွေးပွဲတက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသောကြောင့် အနောက်နိုင်ငံများက လက်ရှောင်ထားသည့် မြန်မာဗိုလ်ချုပ်များနှင့် ဆက်ဆံရေး ထူထောင်ထားသည့် တောင်အာရှ အင်အားကြီးနိုင်ငံ၏ ထူးခြားသောဆောင်ရွက်ချက် ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရွေးကောက်ခံ အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချပြီးနောက် ဖြစ်လာသည့် ပြည်တွင်းစစ်သည် အိန္ဒိယ၏ မြန်မာနှင့် ၁,၆၅၀ ကီလိုမီတာ (၁,၀၂၅ မိုင်) ရှည်လျားသည့် နယ်စပ်နှင့် ထိုဒေသမှ အခြေခံအဆောက်အအုံ စီမံကိန်းများကို မတည်မငြိမ် ဖြစ်စေသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
753
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.8k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
905

စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အိန္ဒိယနယ်စပ် ချင်း၊ ရခိုင်နှင့် ကချင်ပြည်နယ်များမှ တိုင်းရင်းသားအဖွဲ့အစည်းများကို နိုဝင်ဘာလလယ်တွင် ကျင်းပမည့် ဆွေးနွေးပွဲသို့ ဖိတ်ထားကြောင်း လက်နက်ကိုင်အဖွဲ့အစည်းတခုမှ ခေါင်းဆောင်တဦးနှင့် ထိုကိစ္စကို သိသည့် သတင်းရင်းမြစ် နှစ်ဦးက ပြောသည်။

ထိုဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာ အက်စ် ဂျိုင်ရှန်ကာ ပါဝင်သည့် အစိုးရငွေကြေးထောက်ပံ့သော ကမ္ဘာ့ရေးရာ အိန္ဒိယကောင်စီ (ICWA) က ကျင်းပမည်ဖြစ်သည်ဟု လျှို့ဝှက်ကိစ္စဖြစ်သောကြောင့် အမည်မဖော်လိုသည့် သတင်းရင်းမြစ် နှစ်ခုက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်နှင့် ဖက်ဒရယ်စနစ်အကြောင်း ဆွေးနွေးမည့် ထိုဆွေးနွေးပွဲသို့ မြန်မာစစ်ကောင်စီကို ဖိတ်ကြားခြင်း ရှိ၊ မရှိ လတ်တလော ရှင်းလင်းစွာ မသိရပေ။ အခြားအသေးစိတ်များကို ၎င်းတို့က ပြောကြားခြင်း မရှိပေ။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ကျယ်ပြန့်သော ဆန္ဒပြပွဲများသည် တနိုင်ငံလုံးပုန်ကန်မှုအဖြစ် ပြောင်းလဲသွားပြီး လက်နက်ကိုင် ခုခံတော်လှန်ရေး လှုပ်ရှားမှုသည် အခြေကျပြီးသား တိုင်းရင်းသားတပ်မတော်များနှင့် ပူပေါင်းကာ ကျယ်ပြန့်သောနယ်မြေများကို စစ်တပ်ထံမှ သိမ်းပိုက်ကြသည်။

စစ်ကောင်စီသည် ထိုလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးရန် ငြင်းဆန်ပြီး ၎င်းတို့သည် “အကြမ်းဖက်အဖွဲ့အစည်းများ” ဖြစ်သည်ဟု ပြောသည်။

မြန်မာမှ လက်နက်ကိုင်အဖွဲ့များ

ထိုဆွေးနွေးပွဲအကြောင်း ပြောကြားရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ချင်းအမျိုးသားတပ်ဦး (CNF) ဒုဥက္ကဋ္ဌ ရွှေခါးက “ကျနော်တို့ ကိုယ်စားလှယ်ကို စေလွှတ်မယ်” ဟု ပြောသည်။

“ဒါဟာ အိန္ဒိယက နိုင်ငံတော် (အဆင့်) မဟုတ်တဲ့ သက်ဆိုင်သူတွေကို တရားဝင် ထိတွေ့ဆက်ဆံတာ ဒါ ပထမဆုံးအကြိမ်ပဲ။ ဒါဟာ ကောင်းမွန် အပြုသဘောဆောင်တဲ့ နည်းလမ်းဖြစ်တယ်” ဟု ၎င်းကပြောသည်။

မြန်မာစစ်ကောင်စီ ပြောခွင့်ရသူထံ မှတ်ချက်တောင်းရန် ဖုန်းဖြင့်ဆက်သွယ်သော်လည်း ဖုန်းမကိုင်ပေ။ အိန္ဒိယအစိုးရနှင့် ICWA တို့ထံလည်း မှတ်ချက်တောင်းထားပြီး လတ်တလောအကြောင်း မပြန်သေးပေ။

အခြား ဖိတ်ကြားထားသည့် အဖွဲ့အစည်းများတွင် ဘင်္ဂလားဒေ့ရှ်နယ်စပ် ကျယ်ပြန့်သော နယ်မြေများကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) နှင့် မြန်မာမှ အင်အားအကြီးမားဆုံး လက်နက်ကိုင် အဖွဲ့အစည်းများအနက် တခုဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ပါဝင်သည်ဟု အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။

NUG ပြောခွင့်ရသူတဦးက ထိုဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆန်သည်။ AA နှင့် KIA တို့ထံ မှတ်ချက်တောင်းသော်လည်း လတ်တလော မတုံ့ပြန်သေးပေ။

ရည်ရွယ်ချက် မရှင်းလင်း

စစ်ကောင်စီကို အနောက်အင်အားကြီးနိုင်ငံများက ရှုတ်ချပြီး စစ်ကောင်စီအရာရှိ အများအပြားကို အရေးယူပိတ်ဆို့ထားသော်လည်း အိန္ဒိယသည် အစိုးရနှင့် ကာကွယ်ရေးအရာရှိများကို နေပြည်တော်သို့ သွားရောက်စေပြီး ဗိုလ်ချုပ်များနှင့် ထိတွေ့ဆက်ဆံသည်။

အိန္ဒိယသည် စစ်ကောင်စီကို ဗြောင်ဝေဖန်ရန် စိတ်အားထက်သန်ခြင်း မရှိဘဲ ထိုသို့လုပ်ပါက ဗိုလ်ချုပ်များကို တရုတ်ဘက်သို့ တွန်းပို့သလိုမည်ကို စိုးရိမ်သည်။ နယူးဒေလီသည် စစ်ကောင်စီဆန့်ကျင်သူများနှင့် တရားဝင် ထိတွေ့ဆက်ဆံမှု မရှိပေ။

ထိုဆွေးနွေးပွဲသည် မည်သည့်ရည်မှန်းချက်ကို အောင်မြင်လိုသည် သို့မဟုတ် အိန္ဒိယက မည်သည့်အတွက် ထိုသို့လုပ်သည်ကို လတ်တလော ရှင်းလင်းစွာ မသိရသေးပေ။

ဇွန်လတွင် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုင်ရှန်ကာက နယ်စပ်မတည်ငြိမ်မှုနှင့် မြန်မာမှ အိန္ဒိယစီမံကိန်းများအတွက် လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ပြောသည်။ “ထိုအခြေအနေကို ကိုင်တွယ်ရန် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ရေး လမ်းဖွင့်ထားကြောင်း” ၎င်းက မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ပြောသည်။

အိန္ဒိယသည် မြန်မာနိုင်ငံအနောက်ပိုင်းမှ ဒေါ်လာ သန်း ၄၀၀ တန် ကုလားတန်ဆိပ်ကမ်းစီမံကိန်းနှင့် ကုန်းတွင်းပိတ် အရှေ့မြောက် ပြည်နယ်များမှ မြန်မာကိုဖြတ်ကာ ထိုင်းနိုင်ငံကို ဆက်သွယ်မည့် ဒေါ်လာ သန်း ၂၅၀ တန် လမ်းစီမံကိန်းတွင် ပါဝင်ပတ်သက်နေသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ငြိမ်းချမ်းရေးအားထုတ်မှုကို ၂၀၂၁ ခုနှစ်၊ ဧပြီလက ကြေညာပြီးနောက် တိုးတက်မှု အနည်းငယ်သာရရှိပြီး စစ်ကောင်စီက ဆွေးနွေးပွဲများကို ငြင်းဆန်သောကြောင့် အာဆီယံ နိုင်ငံအချို့ စိတ်ပျက်နေစဉ် ထိုဆွေးနွေးပွဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

လွန်ခဲ့သောနှစ်တွင် အာဆီယံ ဥက္ကဋ္ဌဟောင်းက ပဋိပက္ခမှ အဓိက ပတ်သက်သူများနှင့် ပဏာမ ဆွေးနွေးပွဲများတွင် အပြုသဘောလက္ခဏာများ ရရှိကြောင်း ပြောကြားခဲ့သော်လည်း တိုးတက်မှုရသည့် လက္ခဏာ မရှိပေ။

နိုဝင်ဘာလ ဆွေးနွေးပွဲသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ၏ “ဒီမိုကရေစီလိုလားသောဘက်” ကို ချဉ်းကပ်ရန် နယူးဒေလီ၏ အလေးနက်ဆုံး အားထုတ်မှု ဖြစ်သည်ဟု အိန္ဒိယ-မြန်မာရေးရာများကို လေ့လာနေသည့် စင်ကာပူအခြေစိုက် သုတေသီ အန်ရှုမန် ချောင်ဒရီက ပြောသည်။

“ဒါဟာ နိုင်ငံခြားရေးမူဝါဒ ရလဒ်တခု ရရှိဖို့ လုပ်တာလား ဒါမှမဟုတ် မြန်မာစစ်တပ်ကို နောက်ဆုတ်ခိုင်းဖို့ လုပ်တာလားဆိုတာ ကျနော်တို့ စောင့်ကြည့်ဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

“အိန္ဒိယက နယ်စပ်လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ဆက်လက်စိုးရိမ်နေတယ်” ဟုလည်း သုတေသီ အန်ရှုမန် ချောင်ဒရီက ပြောသည်။

(Reuters ပါ ဝလုံးနှင့် Devjyot Ghoshal တို့၏ Exclusive: India extends unprecedented invite to Myanmar’s anti-junta forces, sources say ကို ဘာသာပြန်သည်။ ဝလုံးသည် ကနေဒါနိုင်ငံ၊ တိုရွန်တိုအခြေစိုက် Reuters သတင်းထောက်ဖြစ်ပြီး ရိုဟင်ဂျာအ‌ရေး သတင်းတင်ပြမှုများကြောင့် ပူးတွဲ ပူလစ်ဇာဆုအပါအဝင် စာနယ်ဇင်းဆုများ ရရှိခဲ့သည်။ ဒေ့ဗ်ဂျော့ ဂိုရှယ်သည် ထိုင်းနှင့်မြန်မာဆိုင်ရာ Reuters ၏ သတင်းထောက်ချုပ်ဖြစ်သည်။ သူသည် အိန္ဒိယမှ စာနယ်ဇင်းဆိုင်ရာ Ramnath Goenka Excellence ဆုနှင့် အရှေ့တောင်အာရှ စာနယ်ဇင်းအသင်းဆုတို့ ရရှိခဲ့သည်။)

You may also like these stories:

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရေး အိန္ဒိယ ဆွေးနွေး

လေကြောင်း အကြမ်းဖက်မှုများရှိနေစဉ် စစ်ကောင်စီနှင့် အိန္ဒိယလေတပ်အရာရှိ တွေ့ဆုံ

စစ်ကောင်စီ၏ “ငြိမ်းချမ်းရေး”ကို ထောက်ခံခြင်းက အိန္ဒိယ အမှား

ဥက္ကဋ္ဌက စစ်ကောင်စီနှင့်တွေ့၍ အိန္ဒိယ နိုင်ငံခြားသတင်းထောက်များအသင်းဝင်များ နုတ်ထွက်

အိန္ဒိယ-မြန်မာ နယ်စပ်တွင် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသူ ၅ဦး ရှိလာ

ရခိုင်ပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးရန် အိန္ဒိယ တောင်းဆို

Your Thoughts …
Tags: AACNFICWAKIANUGကုလားတန်ဆိပ်ကမ်းစီမံကိန်းစစ်ကောင်စီစစ်အာဏာသိမ်းမှုတိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပြည်တွင်းစစ်ဖက်ဒရယ်စနစ်ဖွဲ့စည်းပုံအခြေခံဥပဒေအမျိုးသားညီညွတ်ရေးအစိုးရအရေးယူပိတ်ဆို့မှုအာဆီယံအိန္ဒိယ
ဝလုံး နှင့် Devjyot Ghoshal

ဝလုံး နှင့် Devjyot Ghoshal

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.5k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.2k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဂျပန်က စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေးအဆင့် လျှော့ချ

ဂျပန်က စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေးအဆင့် လျှော့ချ

နိုင်ငံတကာက ရေဘေးအကူအညီတွေဝင်ရင် ဖွင့်ပေးမလား (ရုပ်/သံ)

နိုင်ငံတကာက ရေဘေးအကူအညီတွေဝင်ရင် ဖွင့်ပေးမလား (ရုပ်/သံ)

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate