• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကချင်အထူးဒေသ-၁ ချီဖွေမြို့ကို KIA ထိန်းချုပ်

by ဧရာဝတီ
30 September 2024
in သတင်း
A A
ကချင်အထူးဒေသ-၁ ချီဖွေမြို့ကို KIA ထိန်းချုပ်

KIA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)

1.4k
VIEWS
Share on FacebookShare on Twitter

ကချင်အထူးဒေသ- ၁ အတွင်းရှိ ချီဖွေမြို့အခြေစိုက် ရဲစခန်းနှင့် စစ်တပ်စခန်းတို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ် ပေါင်းစု တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့အားထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေး သတင်းအရင်းအမြစ်က ပြောသည်။

KIA တပ်ပေါင်းစုအနေဖြင့် ချီဖွေမြို့ရှိ တပ်စခန်းများအား ယမန်နေ့မနက် ၅ နာရီခန့်က စတင်ထိုးစစ်ဆင်ခဲ့ကာ ညနေပိုင်းတွင် သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်သည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
51
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
34
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
64

ကချင်စစ်ရေးသတင်းအရင်းအမြစ်က “မြို့ပေါ်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ၊ KIA ပူးပေါင်းတပ်ဖွဲ့တွေ အားလုံးထိန်းချုပ်ထားပြီ၊ စစ်တပ်ဗျူဟာကုန်းကို သိမ်းရပြီဆိုတာလည်း မှန်ပါတယ်” ဟု ပြောသည်။

KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ချီဖွေမြို့တိုက်ပွဲအတွင်း မြို့မရဲစခန်းနှင့် မြို့ပေါ်အား သိမ်းပိုက်နိုင်ပြီဖြစ်သော်လည်း စစ်တပ်ဗျူဟာကုန်း သိမ်းပိုက်နိုင်ခြင်းရှိမရှိအား ၎င်းအနေဖြင့် လမ်းခရီးတွင်ရောက်နေသည့်အတွက် မကြားသိရသေးကြောင်းသာ ပြောသည်။

KIA ပြန်ကြားရေးသတင်းစာမျက်နှာတွင်မူ ထိုးစစ်တိုက်ခိုက်မှုအတွင်း စစ်စခန်းများအား သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရေးများလုပ် ဆောင်နေကြောင်း ဖော်ပြထားသည်။

ထို့ပြင် ကချင်ပြည်နယ်အထက်ပိုင်းတွင် KIA နှင့်ပူးတွဲစစ်ရေးလှုပ်ရှားမှုရှိနေသည့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ပြောရေး ဆိုခွင့်ရှိသူ ဦးစောနွဲ့ခွန်ဆိုင်ခမ်းကလည်း ချီဖွေမြို့ ရဲစခန်းနှင့် စစ်တပ်ဗျူဟာကုန်းအား တိုက်ခိုက်သိမ်းပိုက်ပြီး မြို့အား တော်လှန်ရေးတပ်ဖွဲ့ များ ထိန်းချုပ်ထားသည်မှာ မှန်ကန်ကြောင်း ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် KIA ပူးပေါင်းတပ်များအနေဖြင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ရှငေါ်အခြေစိုက်တပ်စခန်းနှင့် ဆော့လော်မြို့နယ်အတွင်းက တပ်စခန်းအချို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

ကချင်ပြည်နယ် အထူးဒေသ-၁ တွင် ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ကံပိုင်တည်မြို့နယ်တို့ပါဝင်ပြီး စစ်တပ်နှင့် အပစ်အခတ် ရပ်စဲထားသည့် ဦးဇခုန်တိန့်ယိန်းဦးဆောင်သော ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) က စိုးမိုးထားခဲ့သည်။

NDA-K တွင် အမှတ် ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ နယ်ခြားစောင့်တပ်ရင်း သုံးရင်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ရှိသည်။

လက်ရှိ ချီဖွေမြို့နယ်ရှိ တပ်စခန်းများတိုက်ခိုက်ခံရမှုနှင့် ကချင်အထူးဒေသ-၁ အတွင်း စစ်ရေးအခြေအနေများအား ကချင်အထူးဒေသ-၁၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်ခဲ့သော်လည်း ဖြေကြားခြင်းမရှိခဲ့ပေ။

ကချင်အထူးဒေသ-၁ အတွင်းသို့ KIA တပ်ပေါင်းစု ထိုးစစ်ဆင်တိုက်ခိုက်လာမှုနှင့် ပတ်သက်၍ ဦးဇခုန်တိန်းယိန်းက ဇွန်လ ၇ ရက်တွင် စစ်မိန့်တခုကို ထုတ်ပြန်ခဲ့ပြီး ၎င်းလက်အောက်ခံ နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်များအနေဖြင့် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မ တော်(PDF) များအား ခုခံတိုက်ခိုက်ရန် ပြောထားသည်။

ထိုစစ်မိန့်ပေးခြင်းအပေါ် ကချင်လွတ်မြောက်ရေးကောင်စီ (KIA) ဒုဥက္ကဋ္ဌ-၁ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က “မထုတ်ပြန်သင့်သော စစ်မိန့်” ဟု စက်တင်ဘာ ၁၀ ရက်တွင် လူမှုကွန်ရက်စာမျက်နှာကတဆင့် တုံ့ပြန်ခဲ့သည်။

KIA တပ်ပေါင်းစုများအနေဖြင့် ကချင်အထူးဒေသ-၁ အတွင်း တပ်စခန်းများကို ဆက်လက်တိုက်ခိုက်မှုများ လုပ်ဆောင်နေသကဲ့သို့ ပြီးခဲ့ သည့် ဇွန်လအတွင်းကလည်း ဝိုင်းမော်- ကံပိုင်တည်ကုန်သွယ်ရေးလမ်းကြောင်းပေါ် ဆဒုံးဗျူဟာစခန်းကုန်းနှင့် မြို့အား တိုက်ခိုက် သိမ်း ပိုက်ခဲ့သည့်အပြင် ဝိုင်းမော်- ချီဖွေလမ်းပေါ်ရှိ ဆနီခူပြည်သူ့စစ်စခန်းကိုလည်း သိမ်းပိုက်ခဲ့သည်။

ချီဖွေမြို့သည် မြစ်ကြီးနားခရိုင်အတွင်း ပါဝင်ပြီး အရှေ့ဘက်၌ တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်လျက်ရှိသလို၊ အနောက်ဘက်တွင် အင်ဂျန်းယန်မြို့ တောင်ဘက်တွင် ဝိုင်းမော်နှင့် မြောက်ဘက်တွင် ဆော့လော်မြို့တို့နှင့် ဆက်စပ်လျက်ရှိသည်။

You may also like these stories:

ဗန်းမော်တဝိုက် စစ်တပ် ပြန်စစ်ဆင်

တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ

သီပေါကို အပြီးသတ်သိမ်းရန် TNLA အပြင်းအထန် ထိုးစစ်ဆင်

Your Thoughts …
Tags: KIANDA-Kကချင်အထူးဒေသ ၁ချီဖွေမြို့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
33.9k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.1k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.3k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.2k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

by ဧရာဝတီ
21 November 2023
17.6k

မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရသောကြောင့် တရုတ်သည် လုံးဝ စိတ်ချမ်းသာခြင်း မရှိပေ။

Next Post
စစ်ပူနေတဲ့ မန္တလေး အိမ်ခြံ၊ မြေစျေးတွေ အဆမတန်တက်နေ (ရုပ်/သံ)

စစ်ပူနေတဲ့ မန္တလေး အိမ်ခြံ၊ မြေစျေးတွေ အဆမတန်တက်နေ (ရုပ်/သံ)

ကာစီနိုနှင့် ကျားဖြန့်လုပ်ငန်းများ ဘုရားသုံးဆူနှင့် မြဝတီတောင်ပိုင်းသို့ ရွှေ့လာ

ကာစီနိုနှင့် ကျားဖြန့်လုပ်ငန်းများ ဘုရားသုံးဆူနှင့် မြဝတီတောင်ပိုင်းသို့ ရွှေ့လာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate