• English
Tuesday, July 8, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးတိုင်းနှင့် ရှမ်းမြောက်မှာ တိုက်ပွဲများ ပြန်ဖြစ်ပွား

by စောလွင်
27 November 2024
in သတင်း
A A
မန္တလေးတိုင်းနှင့် ရှမ်းမြောက်မှာ တိုက်ပွဲများ ပြန်ဖြစ်ပွား

မန္တလေးတိုင်းအတွင်း စစ်ရေးလှုပ်ရှားနေသည့် မန္တလေး PDF တပ်ဖွဲ့ဝင်များ/ MDY-PDF

3.8k
VIEWS
Share on FacebookShare on Twitter

ရှမ်းနယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်းအတွင်းရှိ မတ္တရာ၊ သပိတ်ကျင်းမြို့နယ်များ၌ အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားနေကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်- မန္တလေး (MDY-PDF) ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန် က ယနေ့တွင် ဧရာဝတီကို ပြောသည်။

ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF နှင့် မဟာမိတ်တပ်တို့ နေရာအများစု စိုးမိုးထိန်းချုပ်ထားသည့် အဆိုပါမြို့နယ်များတွင် စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းခြင်းများပြုလုပ်လာသလို၊ TNLA နှင့် MDY-PDF တို့သည် ယနေ့တွင် ပြင်ဦးလွင်-ဂန့်ဂေါ်နှင့် တောင်ခမ်း ဘက်သို့ စစ်ဆင်‌ရေးအကြီးတခု စတင်လှုပ်ရှားနေသည်ဟုလည်း ဒေသခံတချို့က ဆိုကြသည်။

RelatedPosts

စစ်ကောင်စီ၏ တကျော့ပြန် ငြိမ်းချမ်းရေး ကစားပွဲ

စစ်ကောင်စီ၏ တကျော့ပြန် ငြိမ်းချမ်းရေး ကစားပွဲ

8 July 2025
112
ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

7 July 2025
2.8k
ချင်းတောင်ကိုတက်လာတဲ့ စစ်ကောင်စီတပ်တွေ အရေးနိမ့်ဆုတ်ခွာ (ရုပ်/သံ)

ချင်းတောင်ကိုတက်လာတဲ့ စစ်ကောင်စီတပ်တွေ အရေးနိမ့်ဆုတ်ခွာ (ရုပ်/သံ)

7 July 2025
113

ထိုအခြေအနေနှင့်ပတ်သက်၍ ကိုအော်စမွန်က လတ်တလော သတင်းထုတ်ပြန်ရန် မရှိသေးကြောင်း ပြောဆိုသည်။

သို့သော်လည်း ဒေသခံပြည်သူများ စစ်ရေးသတင်း အထူးဂရုပြုနိုင်ရန် ၎င်းက “ကျနော်တို့ မတ္တရာမြို့နယ်၊ နောင်ချိုမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်ပွားနေပါတယ်။ ဒါကြောင့်မို့ ခရီးသွားပြည်သူတွေအနေနဲ့ ခရီးသွားလာမယ်ဆိုရင် လမ်းအခြေအနေ၊ စစ်ရေးအခြေအနေကို တတ်နိုင်သမျှ စုံစမ်းထောက်လှမ်းပြီးတော့မှ ခရီးသွားလာတာမျိုး အကြံပြုပါတယ်” ဟု ပြောသည်။

ထို့အတူ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က ၎င်းတို့စိုးမိုးထိန်းချုပ်ရာ “မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းလမ်းပိုင်းအား လတ်တလော စစ်ရေးအခြေအနေများကြောင့် နိုဝင်ဘာ ၂၆ ရက်မှစ၍ သွားလာမှုများ ယာယီကန့်သတ်သွားမည် ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

ကန့်သတ်ထားသည့် အချိန်ကာလ အတိအကျအား ထုတ်ပြန်ခြင်းမရှိသော်လည်း အပြောင်းအလဲရှိလာနိုင်သည့် စစ်ရေးအခြေအနေအပေါ် မူတည်ပြီး လမ်းပိုင်းလုံခြုံရေးနှင့်ပတ်သက်၍ အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်မှုများ ထပ်လုပ်သွားမည် ဟု ကိုအော်စမွန်က ဆိုသည်။

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) အခြေစိုက်ရာ မန္တလေးမြို့နှင့် အနီးဆုံးတည်ရှိသည့် မတ္တရာအနောက်ခြမ်းအား လေကြောင်း၊ မြေပြင်ပစ်ကူများနှင့်အတူ အင်အားရာချီရှိ စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်ခဲ့ရာ ပူးပေါင်းတပ်များ ဆုတ်ခွာပေး လိုက်ရသည့်အခြေအနေကြောင့် နိုဝင်ဘာ တတိယအပတ်အတွင်း စစ်ကောင်စီ ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

စစ်ကောင်စီသည် မန္တလေး၊ ပြင်ဦးလွင်တို့အား ခြိမ်းခြောက်နိုင်သည့်နေရာများကို နယ်မြေရှင်းလင်းထိန်းချုပ်နိုင်ရန် ဆက်လက်လုပ်ဆောင်နေရာ နှစ်ဖက်စစ်ရေးတင်းမာပြီး တိုက်ပွဲများပြန်ဖြစ်နေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

၎င်းက “မတ္တရာဘက်မှာလည်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အနေနဲ့ ပြန်ပြီးတော့ ကွက်ပြည့်နင်းနိုင်ရေး ကြိုးစားနေတယ်။ ပြင်ဦးလွင်ကနေလည်း ဂန့်ဂေါ်ဘက်ကို အင်အားတွေ တောက်လျှောက် ပို့ထားတယ်။ ပြီးရင် ဂန့်ဂေါ်နဲ့ တောင်ခမ်းဘက်မှာ လည်း စကစပြန်ပြီး ထိန်းချုပ်ချင်တဲ့ အနေအထားမျိုးပေါ့နော်။ ဒိုင်ခံတိုက်စစ်တွေ ပြန်ပြီးအသက်ဝင်လာတယ်လို့ ပြောရ မယ်” ဟု ဆိုသည်။

လာမည့် ၂၀၂၅ ခုနှစ် ပထမအပတ်တွင်း ပြင်ဦးလွင်မြို့တွင် စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ အခမ်းအနားရှိပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ရန်ရှိနေသောကြောင့် မန္တလေးနှင့် ပြင်ဦးလွင်အနီးနား ဝန်းကျင်၌ ရှော့တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် ပစ်ခတ်အန္တရာယ်ပေးနိုင်သည့်နေရာများကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးရှင်းလင်းရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟုလည်း ဗိုလ်ကြီး ဇင်ယော် က သုံးသပ်ပြောဆိုသည်။

ထိုသို့ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ရန်ကြိုးပမ်းနေသလို တိုက်ပွဲများတောက်လျှောက်ဖြစ်နေသည့် နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသသည်လည်း တော်လှန်ရေးပူးပေါင်းတပ်များ ပြင်ဦးလွင်သို့ မရောက်နိုင်ရေး အကောင်းဆုံး ဟန့်တားနိုင်သည့် အချက်အချာကျသောနေရာဖြစ်သောကြောင့် အင်အားဖြည့်တင်းမှုများ တောက်လျှောက် ပြုလုပ်နေခြင်း ဟု ရှမ်းမြောက်စစ်ရေးအခြေအနေများကို စောင့်ကြည့်နေသည့် ဒေသခံတဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ရက်ပိုင်းက ကျနော် တောင်ကြီးဘက်က ပြန်လာတော့ တင့်ကားတွေ ၈ စီးလောက် ရပ်စောက်ဘက်ကို သွားတာ တွေ့ရတယ်” ဟု ဆိုသည်။

စစ်ကောင်စီသည် နောင်ချိုမြို့ရှိ တောင်ခမ်းအမြောက်တပ်စခန်းထိန်းချုပ်နိုင်ရန် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှတဆင့် စစ်အင်အားဖြည့်တင်းနေသလို လေကြောင်းမှလည်း စစ်လက်နက်ခဲယမ်း ဖြည့်တင်းမှုများ ပြုလုပ် နေပြီး ထိုးစစ်ဆင်လာ၍ နိုဝင်ဘာတတိယအပတ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

လတ်တလော နောင်ချိုတွင် တိုက်ပွဲများဖြစ်ပွားနေမှုနှင့် စစ်ကောင်စီဘက်က အင်အားဖြည့်တင်းနေသည့် အခြေအနေ နှင့်ပတ်သက်၍ TNLA ထံ မေးမြန်းထားရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

TNLA သည် ဒေသခံများ၏ စစ်ရေးဒုက္ခများဖြေရှင်းနိုင်ရန်နှင့် တရုတ် ဖိအားပေးမှုများကြောင့် စစ်ကောင်စီနှင့် စစ်ရေး တင်းမာမှုများအတွက် တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲတမ်းအသင့်ရှိကြောင်း နိုဝင်ဘာ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ သည်။

You may also like these stories:

တောင်ခမ်းတွင် စစ်ကောင်စီနှင့် TNLA စစ်ဆိုင်နေ

စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း TNLA ပြော

မြောက်ပိုင်းတွင် အပစ်ရပ်ပြီး ဆွေးနွေးညှိနှိုင်းရေး တရုတ် တိုက်တွန်းထား 



TNLA အပစ်ရပ်ဖို့ တရုတ် ခြိမ်းခြောက် စာပို့

Your Thoughts …
Tags: နောင်ချို၊ တောင်ခမ်းပြင်ဦးလွင်မတ္တရာမန္တလေး PDF
စောလွင်

စောလွင်

Similar Picks:

ပြင်ဦးလွင်က စစ်တက္ကသိုလ်တွေ ရွှေ့မည်

ပြင်ဦးလွင်က စစ်တက္ကသိုလ်တွေ ရွှေ့မည်

by ဧရာဝတီ
27 January 2025
18k

နောက်ပိုင်းတွင် စစ်တက္ကသိုလ်ကို သူ၏ အင်္ဂလိပ်အမည် အတိုကောက်ဖြင့် ဒေါ်စိန်အေးဟု နောက်ပြောင်ခေါ်ဝေါ်ကြသည်။

မေမြို့မှာ အပူရှောင် စံကျောင်းတော် သီတဂူဆရာတော် ဆောက်လုပ် သီတင်းသုံး

မေမြို့မှာ အပူရှောင် စံကျောင်းတော် သီတဂူဆရာတော် ဆောက်လုပ် သီတင်းသုံး

by ဧရာဝတီ
8 June 2024
11.4k

အဆိုပါကျောင်းတော်အား သီတဂူ နွေရာသီ စံကျောင်းတော်ကြီးဟု အမည်ပေးထားသည်။

အရှိန်မြင့်လာဖွယ်ရှိတဲ့ မန္တလေး PDF ရဲ့ ကနောင်စစ်ဆင်ရေး

အရှိန်မြင့်လာဖွယ်ရှိတဲ့ မန္တလေး PDF ရဲ့ ကနောင်စစ်ဆင်ရေး

by စောရယ်
29 September 2023
11.2k

ကနောင်စစ်ဆင်ရေးအရ မန္တလေးတိုင်း မတ္တရာ၊ ပြင်ဦးလွင်၊ မိုးကုတ်နှင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ကြားတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် တိုက်ပွဲများ ဖော်ဆောင်သွားမည်

မတ္တရာနယ်ကို စစ်တပ် ဘာကြောင့် စစ်ကြောင်းထိုးနေလဲ

မတ္တရာနယ်ကို စစ်တပ် ဘာကြောင့် စစ်ကြောင်းထိုးနေလဲ

by ဧရာဝတီ
22 January 2024
9.5k

တော်လှန်ရေးတပ်ဖွဲ့များစုပေါင်းကာ စစ်ကောင်စီတပ်အား ကြးဖြတ် တိုက်ခိုက်မှုများကို လုပ်ဆောင်နေကြောင်း၊ မတ္တရာမြို့နယ်ထဲမှ တော်လှန်ရေးအင်အားစုများအနေဖြင့် ဗျုဟာအလိုက် စစ်ကြောင်းထွက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန ဦးဆောင်မှုဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း

တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ ပြိုလဲရေး ဖိအားပေးနေပြီ

တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ ပြိုလဲရေး ဖိအားပေးနေပြီ

by Anthony Davis
13 August 2024
8.2k

အခြေခံအချက်အလက် သုံးခုအရ မြန်မာနိုင်ငံမြောက်ပိုင်းမှ နောက်ဆုံး တိုက်ပွဲများသည် ပဋိပက္ခ၏ အခြေအနေကို လုံးဝ ပြောင်းလဲသွားစေသည်။

တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ

တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ

by Hpan Ja Brang နှင့် Emily Fishbein
3 August 2024
8.2k

ယခုနောက်ဆုံးတိုက်ပွဲများသည် စစ်တပ်ကို ဆန့်ကျင်သည့် ပိုမိုကျယ်ပြန့်သော ၁၀၂၇ စစ်ဆင်ရေး ထိုးစစ်၏ ဒုတိယပိုင်းဖြစ်သည်။

Next Post
ရောက်ရာအရပ်က အမြန်ပြန်လာပါ

ရောက်ရာအရပ်က အမြန်ပြန်လာပါ

ပလက်ဝမြို့နယ်တွင် လှုပ်ရှားနေသည့် AA တပ်ဖွဲ့ဝင်တဦး  / ဧရာဝတီ

ရခိုင်စစ်မျက်နှာတွင် ပြင်းထန်နေသည့် တိုက်ပွဲကြီး ၄ ခု

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၁

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၁

5 days ago
5.2k
ရှီကျင့်ဖျင် ပြဿနာတက်နေသလား

ရှီကျင့်ဖျင် ပြဿနာတက်နေသလား

7 days ago
6.1k

Most Read

  • ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    ဖလမ်းမြို့နယ်ရှိ CNDF ဌာနချုပ် CNF သိမ်း

    shares
    Share 0 Tweet 0
  • စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • တရုတ်ကြားဝင်စေ့စပ်မှု ခရီးရောက်ဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate