• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ့ သွေးစွန်းကျွန်းသစ် တင်သွင်းသည့် ဗြိတိန် ဇိမ်ခံ ရွက်လှေသင်္ဘောတည်ဆောက်ရေး လုပ်ငန်းကို ဒဏ်ငွေရိုက်

by ဧရာဝတီ
28 November 2024
in သတင်း
A A
မြန်မာ့ သွေးစွန်းကျွန်းသစ် တင်သွင်းသည့်  ဗြိတိန် ဇိမ်ခံ ရွက်လှေသင်္ဘောတည်ဆောက်ရေး လုပ်ငန်းကို ဒဏ်ငွေရိုက်

၂၀၂၀ ပြည့်နှစ်က သိမ်းဆည်းရမိသည့် မြန်မာ့ကျွန်းသစ်များ / EIA

486
VIEWS
Share on FacebookShare on Twitter

သွေးစွန်းသစ်ဟုခေါ်သည့် တရားမဝင် သစ်ကုန်ကူးမှုနှင့်ပတ်သက်သည့် မြန်မာမှ သစ်တင်သွင်းခြင်းအတွက် ဗြိတိန်နိုင်ငံမှ ဇိမ်ခံ ရွက်‌လှေသင်္ဘောတည်ဆောက်ရေး လုပ်ငန်းတခုကို တရားရုံးတခုက ဒဏ်ငွေရိုက်လိုက်သည်။

ဘွန်းမောက်တရားရုံးက နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကြားနာပြီး ဒေါဆက်ခရိုင်၊ ပိုးလ်မြို့ အခြေစိုက် Sunseeker International ကို ပေါင်ငွေ ၃၅၈,၇၆၀ ဒဏ်ငွေရိုက်သည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
145
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
176
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
593

ထိုအမှုသည် ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂ (EU) မှ နုတ်ထွက်ပြီးနောက် EU သစ်လုပ်ထုံးလုပ်နည်းကို အစားထိုးသည့် ဗြိတိန် သစ်လုပ်ထုံးလုပ်နည်း ဥပဒေ (UKTR) အရ စီရင်သည့် ပထမဆုံးအမှု ဖြစ်သည်။ Sunseeker က သစ်ဝယ်ယူရာတွင် လုံလောက်သော လုံ့လစိုက်ထုတ်ရန် ပျက်ကွက်ခြင်း အပါအဝင် စွဲချက် သုံးခုအတွက် အပြစ်ရှိကြောင်း ဝန်ခံသည်။ ထိုစွဲချက်များသည် ကုမ္ပဏီက ပေါင် ၆၀,၀၀၀ ပေး ဝယ်ယူသည့် သစ်တင်သွင်းမှု ၁၁ မှုနှင့် ပတ်သက်နေသည်။

ရေဒဏ်ခံနိုင်သောကြောင့် တန်ဖိုးထားကြသည့် မြန်မာ့ကျွန်းသစ်ကို နိုင်ငံတကာ ဝယ်လိုအားသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အာဏာသိမ်းခဲ့သော မြန်မာစစ်ကောင်စီအတွက် အဓိက ဝင်ငွေရင်းမြစ် ဖြစ်သည်။

သစ်တင်ပို့မှုကို ကြီးကြပ်သည့် စစ်ကောင်စီအပေါ် ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများကြောင့် မြန်မာမှ ကျွန်းသစ်တင်ပို့မှု အားလုံးသည် တရားမဝင်ဖြစ်သည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း သစ်ထုတ်လုပ်ငန်းတခုကို ၂၀၁၆ ခုနှစ်အတွင်း မြင်ရစဉ် / Reuters
စစ်ကိုင်းတိုင်းအထက်ပိုင်း သစ်ထုတ်လုပ်ငန်းတခုကို ၂၀၁၆ ခုနှစ်အတွင်း မြင်ရစဉ် / Reuters

Sunseeker သည် ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂမှ နုတ်ထွက်ပြီးနောက် သစ်တင်သွင်းမှု လုပ်ထုံးလုပ်နည်း အပြောင်းအလဲကို သိကြောင်း တရားသူကြီး ဂျိုနသန် ဖူလာက ပြောသည်။ ထိုလုပ်ထုံးလုပ်နည်းသည် လုပ်ငန်းကို “လုပ်ငန်းဆောင်ရွက်သူ” အဖြစ်မှ “ကုန်သွယ်သူ” အဆင့်သို့ ရောက်စေသည်။ ထိုလုပ်ရပ်များသည် “ရည်ရွယ်ချက်ရှိရှိ ပျက်ကွက်မှုများ” ဖြစ်သည်ဟု ၎င်းက ပြောသည်။

အထက်ပါတရားသူကြီးက ကုမ္ပဏီအနေဖြင့် ဒဏ်ငွေနှင့် တရားစီရင်စရိတ် စုစုပေါင်း ၃၅၈,၇၅၀၉ ဒသမ ၆၄ ပေါင် ပေးဆောင်ရန် အမိန့်ချသည်။

Sunseeker International က Independent သို့ ပေးပို့သည့် ကြေညာချက်တွင် ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂမှ နုတ်ထွက်ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလက ဥပဒေအပြောင်းအလဲကို လိုက်နာရန် “မရည်ရွယ်သော ပျက်ကွက်မှု” ဖြစ်ကြောင်း ဖော်ပြပြီး ဥရောပသမဂ္ဂမှ ထွက်ခြင်းကြောင့် ဥရောပသမဂ္ဂမှ သစ်ဝယ်ယူရာတွင် “နောက်ဆက်တွဲ သင့်တင့်လျောက်ပတ်သော လုံ့လစိုက်ထုတ်ရန် တာဝန်များ” ချမှတ်ကြောင်းပြောသည်။

၎င်းတို့သည် စုံစမ်းစစ်ဆေးမှု တလျှောက်လုံးတွင် ထုတ်ကုန်ဘေးကင်းလုံခြုံမှုနှင့်စံနှုန်းများရုံး (OPSS) နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြောင်း၊ အမှုအစောပိုင်းအဆင့်များကပင် တာဝန်ရှိမှုကို လက်ခံကာ ခိုင်မာသော သစ်ဝယ်ယူမှု မူဝါဒနှင့် ဗြိတိန် သစ်လုပ်ထုံးလုပ်နည်းအရ လုံလောက်သော လုံ့လစိုက်ထုတ်ရေးလုပ်ငန်းကို အကောင်အထည်ဖော်ပြီး အမှားပြင်ရန် ပြတ်သားသည့် ဆောင်ရွက်မှုများလုပ်ကြောင်း ပြောသည်။

ထိုမှားယွင်းမှုအတွက် Sunseeker က “ဗြိတိန် သစ်လုပ်ထုံးလုပ်နည်းအရ တာဝန်များကို လိုက်နာရန် ကုမ္ပဏီ၏ ပျက်ကွက်မှုအတွက် ဝမ်းနည်းကြောင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်းများ လိုက်နာရန် ကတိကဝတ်ကို အလေးထားကြောင်း” ပြောသည်။

ဗြိတိန်အခြေစိုက် နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်း (INGO) ဖြစ်သည့် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အေဂျင်စီ (EIA) က တရားရုံး၏ဆုံးဖြတ်ချက်ကို တရားမဝင်သစ်ကုန်သွယ်မှု တိုက်ဖျက်ရာတွင် သမိုင်းမှတ်တိုင်အဖြစ် ချီးကျူးသည်။

ထိုအဖွဲ့မှ သစ်တောလှုပ်ရှားမှုခေါင်းဆောင် မစ္စ ဖိတ်သ် ဒိုဟာတီက တရားရုံးဆုံးဖြတ်ချက်သည် ကမ္ဘာတဝန်းမှ ဇိမ်ခံသင်္ဘော ထုတ်လုပ်သူများကို “ရှင်းလင်းပြတ်သားသော သတင်းစကား” ပေးပို့လိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

ပဋိပက္ခဖြစ်နေတဲ့ မြန်မာက သွေးစွန်းကျွန်းသစ် အသုံးပြုခြင်းကို လုံးဝ လက်မခံနိုင်ဘူး။ နောက်ဆုံးတော့ တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရမှာပဲ” ဟု ၎င်းက ပြောသည်။

ထိုအမှုသည် နောက်ထပ် အရေးယူမှုအတွက် ကြားခံဖြစ်ကြောင်း မစ္စ ဒိုဟာတီက ပြောကြားပြီး သစ်ကုန်သည်များသည် ဥပဒေကို ချိုးဖောက်ကာ အရေးယူမခံရကြကြောင်း ပြောသည်။

“ဒီအမှုက အဲဒီလိုအခြေအနေကို ပြောင်းလဲပြစ်လိုက်တယ်။ ဒီအမှုတွေကို ထိုက်တန်တဲ့ အပြစ်ဒဏ်ခတ်ပြီး ဒီဥပဒေတွေကို အမှန်တကယ် ကျင့်သုံးဖို့ အမှတ်အသားအဖြစ် အသုံးပြုသင့်တယ်” ဟုလည်း ၎င်းကပြောသည်။

ကိုးကား ။ ။ The Independent သတင်း Luxury yacht builder fined for using blood teak imported from Myanmar

You may also like these stories:

ကြေးနီနှင့် ကျွန်းသစ်ရောင်းပြီး စစ်ကောင်စီ ငွေရှာဦးမည်

ဂျက်ဖ် ဘီဇော့ရဲ့ ရွက်လှေ မြန်မာကျွန်းသစ်တွေ ဆင်ထားလား

တရားမဝင် မြန်မာ့ကျွန်းသစ်များကို ဥရောပမှ သူဌေးများ ဆက်လက်ဝယ်ယူနေဆဲဟု EIA ဆို

ဥရောပ တင်ပို့သော မြန်မာ့ကျွန်းသစ် တန်ပိုနေမှုကြောင့် တရားမဝင်သစ် ဟု စွပ်စွဲ

မြန်မာ့ကျွန်းသစ် တင်သွင်းမှု ဒိန်းမတ်နိုင်ငံ ပိတ်ပင်ခြင်းနှင့် ပတ်သက်၍

Your Thoughts …
Tags: EIAEUSunseeker InternationalUKကျွန်းသစ်စစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးဗြိတိန်သစ်ကုန်ကူးမှုသဘာဝပတ်ဝန်းကျင်အရေးယူပိတ်ဆို့မှုဥရောပသမဂ္ဂ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

မြန်မာနိုင်ငံထဲ တရုတ်လုံခြုံရေးအဖွဲ့တွေဝင်လာရင် ဘာဖြစ်နိုင်မလဲ  (ရုပ်/သံ)

မြန်မာနိုင်ငံထဲ တရုတ်လုံခြုံရေးအဖွဲ့တွေဝင်လာရင် ဘာဖြစ်နိုင်မလဲ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

1 day ago
5.7k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate