အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်ချုပ်ဟောင်းတဦးကို အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သည်။
အော့သမန် ဟာရှင်သည် ပဋိပက္ခဖြစ်ပွားနေသည့် မြန်မာအတွက် အဖွဲ့က ချမှတ်ထားသည့် ငြိမ်းချမ်းရေး အစီအစဉ် တိုးတက်အောင်လုပ်ရန် တာဝန်ပေးခံရသည်။
မလေးရှားနိုင်ငံ လန်ကာဝီကျွန်းတွင် ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိများ အစည်းအဝေး အော့သမန် ကို ASEAN က ခန့်အပ်သည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟက်ဆန်က တနင်္ဂနွေနေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ယခုနှစ်တွင်မလေးရှားသည် အဖွဲ့၏ ဥက္ကဌဖြစ်သည်။
မြန်မာတွင် ငြိမ်းချမ်းရေးပြန်လည်ထိန်းသိမ်းရန် အရေးပေါ်လိုအပ်ကြောင်း ASEAN နိုင်ငံခြားရေးဝန်ကြီးများ အလေးထားပြောပြီး စစ်ကောင်စီအနေဖြင့် တွေ့ဆုံဆွေနွေးရေးကို ဦးစားပေးပြီး နိုင်ငံတွင် ဖရိုဖရဲဖြစ်နေစဉ် အထွေထွေရွေးကောက်ပွဲ ဆိုင်းငံ့ထားရန် တိုက်တွန်းသည်။
စစ်ကောင်စီက အထွေထွေရွေးကောက်ပွဲကျင်းပမည်ဟု လွန်ခဲ့သောနှစ်က ပြောသော်လည်း အချိန်ဇယား မထုတ်ပြန်သေးပေ။
အထူးသံတမန်သစ်၏ တာဝန်သည် စစ်ကောင်စီအာဏာသိမ်းပြီး ၂ လအကြာ ၂၀၂၁ ခုနှစ် ဧပြီလတွင် ASEAN က ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖေါ်ရန် မြန်မာကို တိုက်တွန်းရေး အထူးပြုသည်။ ထိုသဘောတူညီချက်တွင် အကြမ်းဖက်မှု ချက်ခြင်း ရပ်ဆိုင်းရန် တိုက်တွန်းထားသည်။
စစ်ကောင်စီသည် ထိုသဘောတူညီချက်၏ မည်သည့်အပိုင်းကိုမျှ မလိုက်နာဘဲ ASEAN သည် လုံလောက်သော တွန်းအားမပေးသောကြောင့် ဝေဖန်ခံရသည်။ အဖွဲ့၏ အစည်းအဝေးများသို့ စစ်ကောင်စီအဆင့်မြင့်အရာရှိများ ပိတ်ပင်ခံထားရသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ASEAN ၏ အခြားအထူးသံတမန် ၃ ဦးကို ခန့်အပ်ခဲ့ပြီး ကမ္ဘောဒီးယားမှ ပရက်ဆိုခွန် တဦးတည်းသာ မြန်မာသို့ သွားရောက်ခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို တွေ့ခဲ့သော်လည်း အဓိပ္ပါယ်ပြည့်ဝသည့် တိုးတက်မှုမရှိပေ။
You may also like these stories:
စစ်ကောင်စီ အားကိုးတဲ့ တရုတ်က လွတ်လပ်ရေးနေ့ သဝဏ်လွှာတောင် မပို့
၂၀၂၄ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပေါ်လစီ ရီဗျူး
တွေ့ဆုံဆွေးနွေးရေးနဲ့ စစ်တပ်က အာဏာစွန့်သွားမလား
၂၀၂၄ ခုနှစ် အမျိုးသားညီညွတ်ရေးအစိုးရအပေါ် သုံးသပ်ချက်
ထရမ့် ခန့်မည့် ကာကွယ်ရေးဝန်ကြီးက အာဆီယံနိုင်ငံများကို မသိသော်လည်း