ဖက်ဒရယ်အကူအညီ ဒေါ်လာဘီလီယံပေါင်း များစွာကို ဆိုင်းငံ့ရန် သမ္မတ ဒေါ်နယ်ထရမ့်၏ ကြိုးစားမှုသည် အစိုးရတခုလုံးအတွင်း ဖရိုဖရဲဖြစ်စေပြီး အမေရိကန် သန်းဆယ်ပေါင်းများစွာကို ဝန်ဆောင်မှုပေးသည့် အစီအစဉ်များအား အတားအဆီး ဖြစ်စေပြီးနောက် ထိုအားထုတ်မှုကို တရားရုံးက ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ယာယီ ပိတ်ပင်လိုက်သည်။
အမေရိကန် ထောင်ပေါင်းများစွာကို ထိခိုက်စေမည့် ဖက်ဒရယ် အကူအညီပေးရေး အစီအစဉ်များအတွက် မစ္စတာ ထရမ့်က အသုံးစရိတ် ဆိုင်းငံ့ခြင်း အသက်မဝင်မီ မိနစ်အနည်းငယ်အလို ညနေ ၅ နာရီတွင် ဖက်ဒရယ်တရားသူကြီး တဦးက ထိုအမိန့်ကို ပိတ်ပင်လိုက်သည်။
ထိုသို့ ဆိုင်းငံ့ခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှုမှသည် လမ်းတည်ဆောက်ခြင်းအထိ ကျယ်ပြန့်သော အစီအစဉ်များကို ထိခိုက်စေမည်ဟု အဖွဲ့အစည်း အများအပြားက စောဒကတက်ပြီးနောက် အမေရိကန် ခရိုင်တရားသူကြီး မစ္စ လော်ရန် အလီခန်က ထိုအမိန့်ကို ယာယီ ဆိုင်းငံ့ခြင်းဖြစ်သည်။ တရားရုံးက ထိုအမှုကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပြန်လည် သုံးသပ်မည် ဖြစ်သည်။
မစ္စတာ ထရမ့်၏ ကျယ်ပြန့်သော ညွှန်ကြားချက်သည် ဖက်ဒရယ်အစိုးရကို ပြန်လည် ပြုပြင်ရန် နောက်ဆုံး အားထုတ်မှု ဖြစ်သည်။ ထိုအမိန့်ဖြင့် သမ္မတသစ်သည် ပြည်ပ အကူအညီများကို ရပ်တန့်ပြီး ဝန်ထမ်းသစ်ခန့်ခြင်းကို ဆိုင်းငံ့ကာ အစိုးရဌာန ဒါဇင်ပေါင်းများစွာမှ ကွဲပြားစုံလင်ရေး အစီအစဉ်များအထိ ပိတ်ပစ်ခဲ့သည်။
ထရမ့်အစိုးရသည် အစိုးရဌာနများ လျှော့ချရေးအတွက် ဖက်ဒရယ်အလုပ်သမားများ နုတ်ထွက်ရန်၊ လျော်ကြေးများပေးရန်လည်း ဇန်နဝါရီလ ၂၈ ရက်နေ့က ကမ်းလှမ်းခဲ့သည်။
ထိုသို့ ရန်ပုံငွေများ ဆိုင်းငံ့ခြင်းသည် ဖက်ဒရယ်အသုံးစရိတ်အပေါ် ကွန်ဂရက်၏ လုပ်ပိုင်ခွင့်ကို တရားမဝင် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဒီမိုကရက်များက အပြင်းအထန် ဝေဖန်ပြီး ထိုလုပ်ရပ်သည် ဆရာဝန်များနှင့် မူကြို ဆရာ ဆရာမများသို့ ငွေပေးချေခြင်းကို ထိခိုက်စေသည်ဟု ပြောသည်။
ထိုသို့ ရန်ပုံငွေများ ဆိုင်းငံ့ခြင်းသည် ဖက်ဒရယ်အသုံးစရိတ်အပေါ် ကွန်ဂရက်၏ လုပ်ပိုင်ခွင့်ကို တရားမဝင် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဒီမိုကရက်များက အပြင်းအထန် ဝေဖန်ပြီး ထိုလုပ်ရပ်သည် ဆရာဝန်များနှင့် မူကြို ဆရာ ဆရာမများသို့ ငွေပေးချေခြင်းကို ထိခိုက်စေသည်ဟု ပြောသည်။
ရီပတ်ဘလစ်ကန်များက ထိုအမိန့်သည် ဒေါ်လာ ၆ ဒသမ ၇၅ ထရီလီယံ အသုံးစရိတ်ကို ထိန်းချုပ်ရန် မဲဆွယ်ပွဲကတိကို ဖြည့်ဆည်းခြင်းဖြစ်သည်ဟု ကာကွယ်ပြောဆိုကြသည်။
ထိုအစီအစဉ်များသည် အမေရိကန်များသို့ အကျိုးခံစားခွင့် တိုက်ရိုက်ပေးချေသည့် အစီအစဉ်များကို ထိခိုက်စေမည် မဟုတ်ကြောင်း ထရမ့်အစိုးရက ပြောသည်။
သို့သော် ပြည်နယ် ၅၀ လုံးမှ ဆရာဝန်များသည် ဝင်ငွေနည်း အမေရိကန် သန်း ၇၀ ကို ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် Medicaid အစီအစဉ်မှ ငွေပေးချေမှု မရကြောင်း သူ၏ရုံးက အတည်ပြုခဲ့သည်ဟု ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် မစ္စတာ ရွန်ဝိုက်ဒန်က ပြောသည်။
Medicaid အင်တာနက် ပြတ်တောက်မှုကို အစိုးရက သိရှိပြီး မည်သည့် ငွေပေးချေမှုကိုမှ မထိခိုက်ကြောင်း အိမ်ဖြူတော် ပြန်ကြားရေး တာဝန်ခံ မစ္စ ကာရိုလင်း လိဗစ်က X လူမှုကွန်ရက်တွင် ရေးသည်။ ထိုအင်တာနက် စာမျက်နှာသည် မကြာမီ အွန်လိုင်းသို့ ပြန်ရောက်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
ထိုသို့ ပြတ်တောက်ခြင်းသည် ရေရှည် ထိခိုက်မှုများ ဖြစ်စေမည်ဟု ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း တာဝန်ရှိသူများက ပြောသည်။
“ဖက်ဒရယ်အစိုးရက ပြည်နယ် Medicaid ကန်ထရိုက်တာတွေကို ရန်ပုံငွေပေးတာ ရပ်လိုက်ရင် ရလဒ်က လုံးဝ ဖရိုဖရဲ ဖြစ်ပြီး Medicaid ဝန်ဆောင်မှုပေးသူတွေ အလုပ်မရှိ ဖြစ်ကုန်မယ်” ဟု NOMI Health ကုမ္ပဏီမှ ဆာရာ ရက်တ်နာက ပြောသည်။
ထိုသို့ ဆိုင်းငံ့ခြင်းမှာ ဖက်ဒရယ် အကူအညီများသည် ရီပတ်ဘလစ်ကန် သမ္မတက လက်မှတ်ရေးထိုးခဲ့သည့် ကွဲပြားစုံလင်မှု၊ တန်းတူညီမျှမှုနှင့် အားလုံးအကျုံးဝင်ရေး အားထုတ်မှုများ အဆုံးသတ်သော အုပ်ချုပ်ရေးအမိန့်များ အပါအဝင် သမ္မတ၏ ဦးစားပေးများနှင့် ကိုက်ညီစေရန်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောသည်။

ကျယ်ပြန့်သော အစီအစဉ်များ
ထရမ့်၏ အမိန့်သည် ဒီမိုကရက်တစ်ပြည်နယ် ရှေ့နေချုပ်များထံမှ နောက်ထပ် စိန်ခေါ်မှုတခုကိုလည်း ရင်ဆိုင်ရသည်။ ထိုသို့ ဆိုင်းငံ့ခြင်းသည် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး ၎င်းတို့ အသုံးစရိတ်များ၏ ကြီးမားသော အစိတ်အပိုင်းအတွက် ဖက်ဒရယ်အကူအညီကို မှီခိုရသော ပြည်နယ်များအတွက် ဆိုးရွားသော သက်ရောက်မှု ရှိမည်ဟု ထိုရှေ့နေချုပ်များက ပြောသည်။
ဖက်ဒရယ်အစိုးရ အကူအညီများနှင့် ချေးငွေများသည် အမေရိကန်လူမှုဘဝများ၏ နယ်ပယ် အားလုံးနီးပါးသို့ ရောက်ပြီး ဒေါ်လာ ဘီလီယံ ရာပေါင်းများစွာ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အစီအစဉ်များ၊ အိုးအိမ် အကူအညီများ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး၊ အခြေခံအဆောက်အအုံနှင့် အခြားအစီအစဉ်များစွာသို့ ရောက်ရှိသည်။
ထိုအဆိုပြုထားသည့် ဖြတ်တောက်မှုများသည် အဓိကကျသည့် ဖက်ဒရယ်အစီအစဉ်များကို အကြီးအကျယ် ခံစားရသည့် ဒေသခံများရှိသော ရီပတ်ဘလစ်ကန်ဘက် ယိမ်းသည့် ပြည်နယ်များကိုလည်း အကြီးအကျယ် အထိနာစေမည် ဖြစ်သည်။
ထိုအဆိုပြုထားသည့် ဖြတ်တောက်မှုများသည် အဓိကကျသည့် ဖက်ဒရယ်အစီအစဉ်များကို အကြီးအကျယ် ခံစားရသည့် ဒေသခံများရှိသော ရီပတ်ဘလစ်ကန်ဘက် ယိမ်းသည့် ပြည်နယ်များကိုလည်း အကြီးအကျယ် အထိနာစေမည် ဖြစ်သည်။
ဇန်နဝါရီလ ၂၈ ရက်နေ့က ဆိုင်းငံ့မှုတွင် အခြားကိစ္စများအပြင် ပြည်ပအကူအညီနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများအတွက် မည်သည့် ငွေကြေးမဆို ပါဝင်သည်ဟု ထိုအမိန့်တွင် ဖော်ပြသည်။ ထိုအမိန့်က အကူအညီပေးရေး အစီအစဉ် ၂,၆၀၀ ကျော်ကို စိစစ်ရန် ဌာနပေါင်း ၅၅ ခုကို ညွှန်ကြားသည်။
ထိုရပ်ဆိုင်းမှုသည် အသက်အရွယ်ကြီးသော အမေရိကန်များသို့ လူမှုဖူလုံရေး သို့မဟုတ် ကျန်းမာရေး Medicare ပေးချေမှု သို့မဟုတ် ဆင်းရဲသားများအတွက် အစားအစာနှင့် လူမှုဖူလုံရေး အစီအစဉ် အချို့ကဲ့သို့ လူပုဂ္ဂိုလ်တဦးစီသို့ တိုက်ရိုက်ပေးသည့် အကူအညီများကို ထိခိုက်စေမည် မဟုတ်ကြောင်း အိမ်ဖြူတော်က ပြောသည်။ ထိုအမိန့်သည် ၎င်းတို့ ကန်ထရိုက်တာများနှင့် မသက်ဆိုင်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောသည်။
Medicaid, လယ်သမားများ၊ အသေးစားစီးပွားရေးများ၊ အငှားဝယ်ယူမှု အကူအညီနှင့် ကလေးများအတွက် မူကြိုကျောင်း အစီအစဉ်များအတွက် ရန်ပုံငွေကို ထိခိုက်စေမည် မဟုတ်ကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်သည့် ဒုတိယ အမိန့်တွင် အိမ်ဖြူတော်က ပြောသည်။
သို့သော် သူ၏ပြည်နယ်မှ ကလေးများ ဘဝပြန်လည်ထူထောင်ရေးအတွက် ငွေထုတ်ပေးသည့်စနစ်သည် ပိတ်သွားပြီး မူကြိုကျောင်းများသည် ဝန်ထမ်းများကို ပေးချေနိုင်ခြင်း မရှိတော့ကြောင်း ကွန်နက်တီကတ်ပြည်နယ် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် မစ္စတာ ခရစ်မာဖီက ပြောသည်။
သိပ္ပံသုတေသန၊ အဝေးပြေးလမ်း တည်ဆောက်ခြင်းနှင့် မူယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးကဲ့သို့သော ဒေါ်လာ ဘီလီယံများစွာကုန်ကျသည့် အကူအညီပေးရေး အစီအစဉ်များကို ထိခိုက်ခြင်း ရှိ၊ မရှိ ရှင်းလင်းစွာ မသိရပေ။
သဘာဝ ဘေးအန္တရာယယ်များကြောင့် ပျက်စီးနေသည့် လော့စ်အိန်ဂျယ်လိစ်နှင့် မြောက် ကာရိုလိုင်းနား အနောက်ပိုင်းကဲ့သို့သော နေရာများသို့ သဘာဝဘေးအန္တရာယ်ကိုလည်း အိမ်ဖြူတော်က ကင်းလွတ်ခွင့်ပေးပုံ မရပေ။ ယခင် သီတင်းပတ်အတွင်း မစ္စတာ ထရမ့်က ထိုဒေသ နှစ်ခုသို့ သွားစဉ် အစိုးရ အထောက်အပံ့ပေးရေး ပြောဆိုခဲ့သည်။
အမေရိကန် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီကို မှီခိုနေရသည့် ကမ္ဘာတဝန်းမှ နိုင်ငံများသို့ အသက်ကယ်ဆေးဝါးများ ထောက်ပံ့ခြင်းကို ဖြတ်တောက်လိုက်သည့် ပြည်ပအကူအညီများ ဆိုင်းငံ့ရန် သမ္မတ၏ အမိန့်ထွက်လာပြီးနောက် အထက်ပါအမိန့် ထွက်လာခြင်း ဖြစ်သည်။
ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ထရမ့်အပေါ် လူထုထောက်ခံမှုနှုန်း အနည်းငယ် ကျဆင်းပြီး ၄၅ ရာခိုင်နှုန်းသို့ ရောက်လာကာ မက္ကဆီကို ပင်လယ်ကွေ့ကို အမည်ပြောင်းရန်နှင့် နိုင်ငံသား မဟုတ်သည့် မိဘများက အမေရိကန် ပြည်ထောင်စုတွင် မွေးသည့် ကလေးများကို နိုင်ငံသားဖြစ်ခွင့် မပေးရန် သူ၏အားထုတ်မှုများကို လူအများစုက မထောက်ခံကြောင်း Reuters/Ipsos လူထုစစ်တမ်းတွင် တွေ့ရသည်။
အငြင်းပွားနေသည့် သက်ရောက်မှုများ
ထိုအမိန့်သစ်အား မည်သို့ အကောင်အထည်ဖော်ရမည်ကို နားလည်ရန် အစိုးရဌာနများ ကြိုးစားနေရသည်။
တရားရေးဌာနသည် ပျောက်ဆုံးမှုနှင့် ဖိနှိပ်မှုခံနေရသော ကလေးငယ်များဆိုင်ရာ အမျိုးသားဌာနအတွက် အပါအဝင် ရန်ပုံငွေ ဒေါ်လာ ၄ ဘီလီယံကို ရပ်ဆိုင်းမည်ဖြစ်သည်ဟု Reuters က ကြည့်ခဲ့သည့် ဌာနတွင်း အမိန့်အရ သိရသည်။
ထရမ့်က အသုံးစရိတ်၏ ၃ ပုံ ၁ ပုံခန့်ရှိသော လူမှုဖူလုံရေးနှင့် Medicare ကို မဖြတ်တောက်ဟု ကတိပြုသော်လည်း သူ၏ ရီပတ်ဘလစ်ကန် မဟာမိတ်များသည် အသုံးစရိတ် အကြီးအကျယ် ဖြတ်တောက်ရေးကို တွန်းအားပေးနေကြသည်။ အသုံးစရိတ်၏ ၁၁ ရာခိုင်နှုန်းသည် အစိုးရ၏ အတိုးပေးချေမှုဖြစ်ပြီး ကြွေးမြီမပေးဆပ်နိုင်တော့မှသာ ထိုငွေကို ဖြတ်တောက်၍ ရသည်။
ထိုသို့ ရန်ပုံငွေများ ဆိုင်းငံ့ခြင်းသည် ဥပဒေနှင့်မညီဘဲ အန္တရာယ်များကြောင်း ဒီမိုကရက်များက ဝေဖန်သည်။
“ဒီဆုံးဖြတ်ချက်က ဥပဒေမဲ့တယ်၊ ဖျက်လိုဖျက်ဆီးဖြစ်တယ်၊ ရက်စက်ရာရောက်တယ်” ဟု အထက်လွှတ်တော် ဒီမိုကရက်ခေါင်းဆောင် မစ္စတာ ချတ်ရှူးမားက ပြောသည်။ “အပြင်းထန်ဆုံး ခံစားရမှာက အမေရိကန် မိသားစုတွေပဲ” ဟု ၎င်းကပြောသည်။
အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေက အသုံးစရိတ်နှင့် ပတ်သက်သည့် ကိစ္စများကို ကွန်ဂရက်အား ထိန်းချုပ်မှုပေးသော်လည်း သမ္မတသည် သူ မကြိုက်သည့် အစီအစဉ်များအတွက် ငွေကြေးကို ဆိုင်းငံ့နိုင်သည့် အာဏာရှိသည်ဟု ယုံကြည်ကြောင်း မဲဆွယ်ပွဲအတွင်း မစ္စတာ ထရမ့်က ပြောသည်။
အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေက အသုံးစရိတ်နှင့် ပတ်သက်သည့် ကိစ္စများကို ကွန်ဂရက်အား ထိန်းချုပ်မှုပေးသော်လည်း သမ္မတသည် သူ မကြိုက်သည့် အစီအစဉ်များအတွက် ငွေကြေးကို ဆိုင်းငံ့နိုင်သည့် အာဏာရှိသည်ဟု ယုံကြည်ကြောင်း မဲဆွယ်ပွဲအတွင်း မစ္စတာ ထရမ့်က ပြောသည်။
အထက်လွှတ်တော်က အတည်မပြုရသေးသည့် အိမ်ဖြူတော်အသုံးစရိတ်ဆိုင်ရာ ဒါရိုက်တာလောင်း ရပ်ဆယ် ဗော့တ်သည် ကွန်ဂရက်က သမ္မတ တဦး ငွေသုံးရန် လုပ်ပိုင်ခွင့်မရှိဟု ယူဆသည့် သုတေသနအဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်သည်။ ဒီမိုကရက်တို့က သူ့ကိုခန့်အပ်ခြင်းကို နှောင့်နှေးအောင် ကြိုးစားသော်လည်း အောင်မြင်ရန် ရီပတ်ဘလစ်ကန် ထောက်ခံမှု လိုအပ်မည်ဖြစ်သည်။
ဖက်ဒရယ်အစိုးရ ထောက်ပံ့ငွေကို မှီခိုရသည့် ကျောင်းချိန်ပြင်ပ လှုပ်ရှားမှုများကို စီစဉ်သည့် အမျိုးသမီးတဦး အပါအဝင် မဲဆန္ဒရှင်များထံမှ စကားများကို ကြားနာပြီးနောက် ထိုအမိန့်သည် သက်ဆိုးရှည်မည်ဟု မမျှော်လင့်ကြောင်း ရီပတ်ဘလစ်ကန် အလယ်အလတ်ဝါဒီ အောက်လွှတ်တော်အမတ် မစ္စတာ ဒွန်ဘေကွန်က ပြောသည်။
“ကျနော်တို့က သက်ဦးဆံပိုင်စနစ်မှာ နေတာမဟုတ်ဘူး။ ခွဲဝေအုပ်ချုပ်မှုနဲ့ နေတာ။ အာဏာခွဲဝေဖို့ လိုတယ်” ဟု ၎င်းက ပြောသည်။
(Reuters ပါ Trump aid freeze stirs chaos before it is blocked in court ကို ဘာသာပြန်သည်။)
You may also like these stories:
ထရမ့်၏ အမိန်ကို မလိုက်နာသောကြောင့် USAID အရာရှိများကို ခွင့်ယူခိုင်း
WHO မှ အမေရိကန် နုတ်ထွက်ရန် ထရမ့် အမိန့်ထုတ်
ထရမ့်မူဝါဒကြောင့် ထိုင်းနယ်စပ် မြန်မာဒုက္ခသည်စခန်းမှ ဆေးရုံများ ရပ်တန့်
ထရမ့် ခန့်မည့် ကာကွယ်ရေးဝန်ကြီးက အာဆီယံနိုင်ငံများကို မသိသော်လည်း
ထရမ့်၏ မြန်မာမူဝါဒ ဖြစ်နိုင်ခြေကို အမေရိကန်သံတမန်ဟောင်း သုံးသပ်ချက်