အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုသည် တနင်္လာနေ့တွင် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ (USAID) ၏ တာဝန်ခံ အုပ်ချုပ်ရေးမှူး (acting administrator) အဖြစ် ကြေညာခဲ့ပြီး အေဂျင်စီသည် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တိုက်ရိုက်ထိန်းချုပ်မှုအောက် ရောက်ရှိသွားသည်။
မာကိုရူဘီယိုသည် တနင်္လာနေ့တွင် လွှတ်တော်အမတ်များထံ ပေးပို့သောစာတွင် သူသည် USAID တွင် သမ္မတ၏ ပထမကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ် အခုလည်း သမ္မတ ဒေါ်နယ်ထရမ့်မှ ခန့်အပ်ထားသူဖြစ်သည့် ပိမာရိုကို ကို တာဝန်လွှဲအပ်လိုက်ကြောင်း ရေးသားလိုက်သည်။ ပိမာရိုကိုသည် USAID ကို ခြွင်းချက်မရှိ ဖျက်ဆီးရန် ကြံစည်နေသည်ဟု အကူအညီပေးရေးအဖွဲ့များနှင့် တာဝန်ရှိသူများက စွပ်စွဲခံရသူ ဖြစ်သည်။
ထိုသတင်းသည် အမေရိကန်အစိုးရကို ပြုပြင်ပြောင်းလဲရန် တာဝန်ယူထားပြီ လျှပ်စစ်ကားကုမ္ပဏီ Tesla ၏ ပိုင်ရှင်နှင့် ကမ္ဘာ့အချမ်းသာဆုံးသူဖြစ်သော အီလွန်မတ်က သမ္မတ ဒေါ်နယ်ထရမ့်သည် USAID ကို ပိတ်သိမ်းရန် ခွင့်ပြုကြောင်း သူ၏ X လူမှုကွန်ရက် စာမျက်နှာတွင် ရေးခဲ့အပြီး ပေါ်ထွက်လာခြင်း ဖြစ်သည်။
ထိုသတင်းသည် အမေရိကန်အစိုးရကို ပြုပြင်ပြောင်းလဲရန် တာဝန်ယူထားပြီ လျှပ်စစ်ကားကုမ္ပဏီ Tesla ၏ ပိုင်ရှင်နှင့် ကမ္ဘာ့အချမ်းသာဆုံးသူဖြစ်သော အီလွန်မတ်က သမ္မတ ဒေါ်နယ်ထရမ့်သည် USAID ကို ပိတ်သိမ်းရန် ခွင့်ပြုကြောင်း သူ၏ X လူမှုကွန်ရက် စာမျက်နှာတွင် ရေးခဲ့အပြီး ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဒီမိုကရက်များက သမ္မတသည် ကွန်ဂရက်နှင့် မဆွေးနွေးဘဲ အစိုးရအေဂျင်စီတခုကို မပိတ်သိမ်းနိုင်ဟု ဝိုင်းဆန္ဒပြကြသည်။
တနင်္လာနေ့တွင် ကွန်ဂရက်၏ နိုင်ငံခြားရေးနှင့် ဘတ်ဂျက်ထိန်းသိမ်းမှုကော်မတီခေါင်းဆောင်များထံ မာကိုရူဘီယို ပေးပို့သောစာတွင် ပိမာရိုကို ကို “USAID ၏ လုပ်ငန်းစဉ်များအား သုံးသပ်ခြင်းနှင့် ပြုပြင်ပြောင်းလဲနိုင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ စတင်ဆောင်ရွက်ရန်” ခွင့်ပြုလိုက်ကြောင်း ဖော်ပြခဲ့သည်။
“နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများသည် USAID ၏ အရာထမ်းများ၊ ရုံးများနှင့် မစ်ရှင်များကို ပြုပြင်ပြောင်းလဲရန်နှင့် ထည့်သွင်းရန် အကြံဉာဏ်များကို လွှတ်တော်နှင့် ဆွေးနွေးသွားမည်” ဟု သူ၏ စာတွင် ဖော်ပြထားသည်။
USAID ကို လုံးဝ ပယ်ဖျက်ခြင်း မဟုတ်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက လတ်တလော တရားဝင်ထုတ်ပြန်ခဲ့သော The Megyn Kelly Show မှ Megyn Kelly နှင့် တွေ့ဆုံမေးမြန်းခန်းတွင် မာကိုရူဘီယိုက USAID ၏ ပရိုဂရမ်များကို လုံးဝ ပယ်ဖျက်ခြင်း မဟုတ်ဟု ပြောကြားခဲ့သည်။
ရက် ၉၀ ရပ်ဆိုင်းမှုသည် လူ့အသက်ကယ်ဆယ်ရေး အထောက်အပံ့များ မပါဝင်ဘဲ အကယ်၍ ရပ်ဆိုင်းခံခဲ့ရပါက အစီအစဉ်သည် မည်သည့်အတွက် အရေးကြီးကြောင်း ပြောဆိုတိုင်ကြားနိုင်သည်ဟု သူက ပြောသည်။
တနှစ်လျှင် ဒေါ်လာဘီလီယံ ၆၀ သုံးစွဲနေသော နိုင်ငံရပ်ခြားအကူအညီများ၏ ၁၂ ရာခိုင်နှုန်းမျှသာ အမှန်တကယ် လိုသူများထံ ရောက်သောကြောင့် စုံစမ်းစစ်ဆေးမေးမြန်းမှုများ ရှိလာစေခဲ့ကြောင်းလည်း မာကိုရူဘီယိုက ပြောသည်။
သို့ရာတွင် တနှစ်လျှင် ဒေါ်လာဘီလီယံ ၆၀ သုံးစွဲနေသော နိုင်ငံရပ်ခြားအကူအညီများ၏ ၁၂ ရာခိုင်နှုန်းမျှသာ အမှန်တကယ် လိုသူများထံ ရောက်သောကြောင့် စုံစမ်းစစ်ဆေးမေးမြန်းမှုများ ရှိလာစေခဲ့ကြောင်းလည်း မာကိုရူဘီယိုက ပြောသည်။
“ဆိုလိုတာက ကျန်တဲ့ပိုက်ဆံတွေက တနေရာရာက NGO တဖွဲ့ဖွဲ့၊ အဖွဲ့အစည်း တခုခုကို ထုတ်ပေးနိုင်တာမျိုး ဖြစ်နိုင်တယ်။ ဒီအတွက် ရှင်းလင်းချက်လိုတယ်” ဟု တွေ့ဆုံမေးမြန်းခန်းတွင် သူက ပြောသည်။
“အမေရိကန်အစိုးရက ပရဟိတအဖွဲ့ မဟုတ်ဘူး။ ဒါက အမျိုးသား အကျိုးစီးပွားအတွက် သုံးစွဲတဲ့ ပိုက်ဆံပဲ။ ကမ္ဘာမှာ အကြောင်းအရာတွေ အများကြီးရှိပြီး ပုဂ္ဂလိကအခန်းကဏ္ဍက ဒီ့အတွက်လည်း စွမ်းနိုင်သမျှ ငွေကြေးထည့်ဝင်နေကြတယ်။ ကျနော်တို့ –အခွန်ဆောင်သူပြည်သူများ– ဟာ ကျနော်တို့ အမျိုးသား အကျိုးစီးပွားကို တိုးတက်စေမယ့် အရာတွေမှာသာ ရင်းနှီးမြှုပ်နှံသွားမယ်” ဟု လည်း မာကိုရူဘီယိုက ပြောသည်။
ထရမ့် ပြုပြင်ပြောင်းလဲရေး ပစ်မှတ်ဖြစ်လာ
USAID ကို ၁၉၆၁ ခုနှစ်တွင် သမ္မတ ဂျွန်အက်ဖ်ကနေဒီ အစိုးရလက်အောက်တွင် ထူထောင်ခဲ့ပြီး ၎င်းသည် အမေရိကန်အစိုးရ၏ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းဖြစ်သည်။ USAID သည် နှစ်စဉ် ဘီလီယံပေါင်းများစွာသော ဒေါ်လာများကို ကမ္ဘာအနှံ့တွင် ဆင်းရဲမှုလျှော့ချခြင်း၊ ရောဂါကုသမှုများပြုလုပ်ခြင်းနှင့် အစားအသောက် အကျပ်အတည်းများနှင့် သဘာဝဘေးအန္တရာယ်များအတွက် ပေးလှူသည်။ ထို့အပြင် NGO များ၊ လွတ်လပ်သော မီဒီယာနှင့် လူမှုရေးအစီအစဉ်များအား ပံ့ပိုးကူညီခြင်းဖြင့် ဒီမိုကရေစီ တည်ဆောက်မှုနှင့် ဖွံ့ဖြိုးမှုကိုလည်း မြှင့်တင်သည်။
USAID သည် အမေရိကန်၏ အဓိက soft power ကိရိယာတခုဖြစ်ပြီး ကမ္ဘာတဝှမ်းရှိ သင့်လျော်သော လူမှုအသိုင်းအဝိုင်းများနှင့် ဆက်ဆံရေးကို သွယ်ဝိုက် အားဖြည့်ပေးသည်။ အမေရိကန်၏ နိုင်ငံတကာ လုံခြုံရေးသည် “3D” စံသတ်မှတ်ချက်ဖြင့် အဓိကဦးတည်ပြီး ထိုသုံးခုမှာ ကာကွယ်ရေး (Defense)၊ သံတမန်ရေး (Diplomacy) နှင့် ဖွံ့ဖြိုးမှု (Development) တို့ဖြစ်သည်။ ထိုသုံးခုကို သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြစ်သည့် ကာကွယ်ရေး (Defense Department)၊ နိုင်ငံခြားရေး (State Department) နှင့် USAID တို့မှ ခေါင်းဆောင်သည်။
USAID ကြာရှည်စွာ တည်ရှိခဲ့သော်လည်း ၎င်းသည် သမ္မတ ဒေါ်နယ်ထရမ့်နှင့် အီလွန်မတ်စ်တို့၏ ဖက်ဒရယ်အစိုးရ ပြုပြင်ပြောင်းလဲရေးနှင့် အစိုးရအသုံးစရိတ် အကြီးအကျယ် လျှော့ချရေး ကြိုးပမ်းမှုအတွင်း ပစ်မှတ်ဖြစ်လာခဲ့သည်။
USAID ကြာရှည်စွာ တည်ရှိခဲ့သော်လည်း ၎င်းသည် သမ္မတ ဒေါ်နယ်ထရမ့်နှင့် အီလွန်မတ်စ်တို့၏ ဖက်ဒရယ်အစိုးရ ပြုပြင်ပြောင်းလဲရေးနှင့် အစိုးရအသုံးစရိတ် အကြီးအကျယ် လျှော့ချရေး ကြိုးပမ်းမှုအတွင်း ပစ်မှတ်ဖြစ်လာခဲ့သည်။
ဖေဖော်ဝါရီလ ၃ ရက်က အီလွန်မတ်စ်၏ အစိုးရစွမ်းဆောင်ရည်ဌာန (DOGE) အရာရှိများ USAID ဌာနချုပ်သို့ ဝင်ရောက်ပြီး USAID ၏ လုံခြုံရေးစနစ်များနှင့် ဝန်ထမ်းဖိုင်များအတွင်း ဝင်ရောက်ရန် ကြိုးစားကြောင်း CNN က ရေးသည်။
အီလွန်မတ်စ်ကလည်း “USAID ဟာ ရာဇဝတ်ဂိုဏ်းပဲ။ အခု အဲဒီဂိုဏ်း သေဆုံးချိန်ရောက်ပြီ” ဟု ၎င်းက X တွင် ရေးသည်။ ထိုပို့စ်သည် X ပိုင်ရှင် အီလွန်မတ်စ်က USAID နှင့် ပတ်သက်သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က အကြိမ်ကြိမ်တင်သည့် ပို့စ်များအနက် တခုဖြစ်သည်။
ထရမ့်ပ်သည်လည်း တနင်္ဂနွေနေ့တွင် သတင်းထောက်များနှင့် မေးမြန်းဖြေကြားမှုအတွင်း USAID အား မကျေနပ်မှုရှိကြောင်း ကိုယ်တိုင်အတည်ပြုလိုက်သည်။
“ဒါကို အစွန်းရောက်အရူးတစုက လုပ်ဆောင်လာခဲ့တာ၊ ကျနော်တို့က သူတို့ကို ထွက်ခိုင်းမှာ ဖြစ်တယ်။ ပြီးမှ အေဂျင်စီ အနာဂတ်ကို ဆုံးဖြတ်မယ်” ဟု သတင်းထောက်များအား ထရမ့်က ပြောကြားခဲ့သည်။
USAID တွင် လုပ်ကိုင်သော ဝန်ထမ်းများ (အများစုမှာ အစိုးရဝန်ထမ်းများ) အား တနင်္လာနေ့တွင် ဝါရှင်တန်ဒီစီရှိ ရုံးသို့ မလာသင့်ကြောင်း အကြောင်းကြားခဲ့သည်ဟု CNN က ဖော်ပြသည်။
USAID ၏ အမှတ်တံဆိပ်၊ သင်္ကေတများနှင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို ပြသထားသော ဓာတ်ပုံများကို ကမ္ဘာတလွှား ၎င်း၏ ရုံးများမှ ဖယ်ရှားလိုက်သည်ဟု အခြေအနေနှင့် နီးကပ်စွာသိရှိသူ များစွာက CNN ကို ပြောကြားကြသည်။
USAID ၏ အမှတ်တံဆိပ်၊ သင်္ကေတများနှင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို ပြသထားသော ဓာတ်ပုံများကို ကမ္ဘာတလွှား ၎င်း၏ ရုံးများမှ ဖယ်ရှားလိုက်သည်ဟု အခြေအနေနှင့် နီးကပ်စွာသိရှိသူ များစွာက CNN ကို ပြောကြားကြသည်။
“အခြေခံဥပဒေ အကျပ်အတည်း”
ဒီမိုကရက် လွှတ်တော်ကိုယ်စားလှယ်များသည် ထရမ့် အစိုးရ၏ အစီအမံများကို ဒေါသတကြီး တုန့်ပြန်ခဲ့ကြသည်။
“USAID ကို သမ္မတအမိန့်ဖြင့် ပိတ်သိမ်းဖို့ ကြိုးစားတာဟာ တရားမဝင်ဘူးဆိုတာ ရှင်းတယ်” ဟု သီးသန့် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် အထက်လွှတ်တော်အမတ် ခရစ်စ် ဗန် ဟိုလ်လန် က ပြောသည်။ “အီလွန် မတ်စ်က တက်စလာ (Tesla) မှာ အာဏာရှင် ဖြစ်နိုင်တယ်။ သူ ဝါရှင်တန်ဒီစီမှာပါ အာဏာရှင်လို ကြိုးစားသရုပ်ဆောင်ပေမယ့် USAID ကို ပိတ်လိုက်ဖို့ အခွင့်အာဏာ မရှိပါဘူး” ဟုလည်း ဆိုသည်။
အထက်လွှတ်တော် ခရစ်စ် မာဖီ ကလည်း ဤအချိန်ကို “အခြေခံဥပဒေ အကျပ်အတည်း” ဟု ခေါ်ဆိုခဲ့သည်။ ဒီမိုကရက်များက USAID ကို ကာကွယ်မည်ဟု ချမှတ်ခဲ့ကြသည်။ လွှတ်တော်အမတ် ဂယ်ရီ ကွန်နိုလီက ၎င်းတို့သည် တရားရုံးတွင် ရင်ဆိုင်တိုက်ခိုက်သွားမည်ဟု ပြောဆိုခဲ့သည်။
USAID ရုံးချုပ် ရှေ့သို့ စုရုံးရောက်ရှိလာခဲ့သော လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တာဝန်ကျ USAID ဝန်ထမ်းများစွာသည် ရုံးချုပ်ရှေ့တွင် စုဝေးခဲ့ကြပြီး “ယူအက်စ်အိဒ်” ဟု အော်ဟစ်ခဲ့ကြသည်။ ၎င်းတို့ထဲမှ တချို့က USAID ၏ အသက်ကယ်ရေးလုပ်ငန်းများကို ပြသသည့် သင်္ကေတများကို ကိုင်ဆောင်ထားကြသည်။
ကိုးကား။ ။ US Department of State နှင့် CNN
You may also like these stories:
ထရမ့်၏ အမိန်ကို မလိုက်နာသောကြောင့် USAID အရာရှိများကို ခွင့်ယူခိုင်း
အမေရိကန် အစိုးရဝန်ထမ်းများ နုတ်ထွက်ရန် ထရမ့် တွန်းအားပေး
အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ
ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတ ရက်သတ္တပတ်
ထရမ့်မူဝါဒကြောင့် ထိုင်းနယ်စပ် မြန်မာဒုက္ခသည်စခန်းမှ ဆေးရုံများ ရပ်တန့်