• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီတပ် လားရှိုးစဝင်

by ဧရာဝတီ
18 April 2025
in သတင်း
A A
စစ်ကောင်စီတပ် လားရှိုးစဝင်

ယခုနှစ် ဇန်နဝါရီလက တွေ့ရသည့် လားရှိုးမြို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေး

2.5k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို ကိုးကန့်တို့ လက်လွှတ်လိုက်ပြီးနောက် စစ်ကောင်စီတပ်တို့ ယနေ့စတင်ဝင်လာကြောင်း ဒေသခံများနှင့် စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)တည်ရှိရာ လားရှိုးမြို့ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်( MNDAA ) ကိုးကန့်တို့က ယမန်နှစ် ဇူလိုင်လမှစ၍ မြောက်ပိုင်း မဟာမိတ်အင်အားစုများ၊ အညာဒေသမှ ပြည်သူ့ကာကွယ် ရေးတပ်များ၊ တခြားသော လူမျိုးစုတပ်များ အကူအညီဖြင့် တိုက်ခိုက်ခဲ့ရာ သြဂုတ်လ ၃ ရက်တွင် သိမ်းပိုက်နိုင်လိုက်ပြီး နှစ်ဖက်အများအပြား သေကြေခဲ့ကြသလို စစ်ကောင်စီဘက်မှ ဒုတိုင်းမှူးသေဆုံးကာ ဗိုလ်မှူးချုပ်အဆင့်ရှိသူများ အပါအဝင် သုံ့ပန်းအများပြားဖမ်းဆီးခံရပြီး၊ အရပ်သားတို့၏ အသက်အိုးအိမ်စည်းစိမ်အများအပြား ဆုံးရှုံးခဲ့ရသည်။

RelatedPosts

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
460
မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
74
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
59

ယခုအခါ တရုတ်နိုင်ငံ၏ အကြိမ်ကြိမ်ဖိအားပေးမှုများကြောင့် ကိုးကန့်တပ်များ ယခုနှစ် ဧပြီ တတိယပတ်အတွင်း နောက်ဆုံးထားဆုတ်ခွာပေးပြီးနောက် စစ်ကောင်စီတပ်များ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။

လားရှိုးမြို့ထဲသို့ ဝင်လာသော စစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)နှင့် MNDAAတို့က ပူးတွဲ၍ ဧပြီ ၆ ရက်မှစတင်ပြီး ဟိုယဂိတ်၌ ရှေ့ပြေးလုံခြုံရေးယူပေးနေရကြောင်း “ဝ”သတင်း တွင် ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်တပ်ဝင်လာသော လားရှိုး- တန့်ယန်းလမ်းလွဲ၍ ကျန်လမ်းများအားလုံးကို MNDAA တပ်က ဖွင့်ပေးထား ကြောင်း ဒေသခံများထံက သိရသည်။

လားရှိုးမြို့ခံတဦးက ‘’ အရင်လို ကိုးကန့်စစ်သားတွေ ဆိုင်ကယ်စီး သွားသွားလာလာ မတွေ့ဘူး။ သူတို့အဖွဲ့ လုံးဝ မတွေ့ဘူး ပေါ့နော်။ ပြီးရင် တော်တော်လေး တိတ်ဆိတ်နေတယ်လို့ ပြောရမယ်။ လူတွေ တော်ရုံတန်ရုံ မတွေ့ဘူး။ ခါတိုင်းဆိုရင် တော်တော်စည်တယ်။ စစ်ကောင်စီတပ်တွေကို မြို့ထဲ မတွေ့ရသေးပေမယ့် တချို့ ၅၀၇ (ခြေမြန်တပ်ရင်း ၅၀၇) မှာတော့ ရောက်ကြပြီပြောတယ် ‘’ ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များနှင့် ဌာနဆိုင်ဝန်ထမ်းများတချို့သည် တောင်ကြီး ၊ မိုင်းရယ်၊ နမ့်ပေါင် လမ်းကြောင်းမှ လားရှိုးမြို့ထဲ ကို ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ မြို့ထဲတွင် ကိုးကန့်တပ်ဖွဲ့တချို့ရှိသေးပြီး အခြေအနေမှာ အေးအေးဆေးဆေး ရှိကြောင်း ကိုးကန့်တပ်ဖွဲ့ဝင်တဦးကလည်း ဧရာဝတီကို ပြောသည်။

ဧပြီလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းမှစ၍ လားရှိုးမြို့လေယာဉ်ကွင်းသို့ စစ်တပ်မှ Mi-17 ရဟတ်ယာဉ်ဖြင့် ၅ကြိမ်ထက်မနည်း ဆင်းသက်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပို့ဆောင်ခဲ့ကြောင်း စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ရေးသားနေကြသည်။

လားရှိုးသို့ စစ်ကောင်စီတပ် ပြန်ဝင်လာပါက ကိုးကန့်တပ်သည် မြို့ပေါ် ရပ်ကွက် ၁၂ ခုမှ ဆုတ်ခွာပေးရမည် ဖြစ်ပြီး မြို့ပတ်ချာလည်တွင် ဆက်လက်နေရာယူထားနိုင်ကြောင်း ဆိုကြသလို ကိုးကန့်တပ်များ လားရှိုးမြို့ နယ်နမိတ်အတွင်းမှ လုံးဝဆုတ်ခွာရမည်ဟုလည်း သတင်းအမျိုးမျိုး ကြားနေရကြောင်း ဒေသခံတချို့က ပြောသည်။

လားရှိုးသို့ ဆင်းလာသည့် စစ်ကောင်စီ ရဟတ်ယာဉ် (CJ)

ယင်းသို့ ဆုတ်ခွာရာတွင် လားရှိုးမြို့ပေါ်၌ MNDAA ဆက်ဆံရေးရုံးသာ ကျန်ရှိမည်ဖြစ်ကာ တရုတ်အစိုးရ ကိုယ်စားလှယ် ဘက်မှလည်း မြို့ပေါ်တွင် ရုံးဖွင့်ကာ လားရှိုးအရေး အနီးကပ် စောင့်ကြည့်သွားမည်ဟု သိရသည်။

စစ်ကောင်စီတပ်များနှင့် ကိုးကန့်တပ်များ နေရာချထားရေးနှင့်ပတ်သက်ပြီး နှစ်ဖက်အဖွဲ့အစည်းများက သတင်းထုတ်ပြန်မှု မရှိသေးသလို လက်ရှိတွင် နှစ်ဖက်တပ်များ နေရာချထားရေးသည်လည်း ရှင်းရှင်းလင်းလင်း မရှိသေးကြောင်း ရှမ်းပြည် မြောက်ပိုင်းရှိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့်နီးစပ်သည့် စစ်ရေးသုတေသီတဦးက ပြောသည်။

၎င်းက “လောလောဆယ်က မရှင်းလင်းသေးဘူး။ မနေ့က စရဖနဲ့ တရုတ်နဲ့ ရောက်တယ် ။ ဒီနေ့မနက်တော့ စစ်တပ် စ ဝင်တယ်ပြောတယ်။ ဒါပေမယ့် ကိုးကန့်တပ်က ဘေးပတ်ချာလည် အကုန်ယူထားတုန်းပဲ။ မြို့အထွက်က မယ်ဟန်တို့ ၊ မယ်အိုင်တို့ ၊ ဆင်တောင်တို့ အကုန်ယူထားတယ် ။ ဘယ်လိုမှ မဖယ်ပေးသေးဘူး ။ အဲဒီတော့ ဘယ်အထိ ဆုတ်ခွာမယ် ဆိုတာ သိပ် ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး” ဟု ပြောသည်။

စစ်ကောင်စီသည် လားရှိုးမြို့ကို ဝင်ရောက် ထိန်းချုပ်ပြီးပါက လားရှိုးလေဆိပ်အား ပြန်လည် အသုံးပြုလာမည့် အခြေအနေကြောင့် စစ်ရေးထောက်ပို့အင်အားများကို ပိုမိုပြုလုပ်လာနိုင်ကြောင်း စစ်ရေးအကဲခတ်များနှင့် CDM အရာရှိများက သုံးသပ်ပြောသည်။

CDM ဗိုလ်ကြီးဇင်ယော်က ‘’ သူတို့လားရှိုးကို ရပြီးသွားရင် လာရှိုးကိုခြေကုပ်ယူမယ်။ ဖြန့်ကြက်လို့တော့ မလွယ်သေးဘူး။ ဒါပေမယ့် နောင်ချိုကို အုမ္မသီးဘက်ကရော ကန်ကြီးဘက်ကရော ၊ ဂုံးထိပ်ဘက်ကရော စစ်ကြောင်း ပေါင်းစုံထိုးပြီးတော့ နောင်ချိုကို မရ အရ ပြန်ယူမယ့် အနေအထားရှိတယ်လို့တော့ သုံးသပ်ရပါတယ် ‘’ ဟု ပြောသည်။

ယင်းသို့ စစ်ကောင်စီတပ်များ လားရှိုးမြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာသောကြောင့် CDM ဝန်ထမ်းများ၊ နိုင်ငံရေးအကျဉ်းသားများနှင့် နွေဦးတော်လှန်ရေးအဖွဲ့များ မြို့ပေါ်မှ တိမ်းရှောင်သွားကြပြီဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ပေါ်ပေါက်ခဲ့သော ၁၀၂၇ စစ်ဆင်ရး ပထမပိုင်းနှင့် ဒုတိယပိုင်းတို့တွင် ကိုးကန့်တပ် MNDAA နှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည် ရှမ်းမြောက်နှင့် မန္တလေးတိုင်းတို့ရှိ မြို့ပေါင်း ၂၀ ဝန်းကျင်ကို သိမ်းပိုက်နိုင်ခဲ့ပြီး TNLA ထိန်းချုပ်ထားသော နောင်ချို့မြို့ကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်နေသောကြောင့် ကျေးရွာတချို့ပြန်လည် လက်လွှတ်ထားရသည်။

You may also like these stories:

လားရှိုးထဲ စစ်တပ် လှုပ်ရှားမှု MNDAA ထိန်းချုပ်မှုအောက် ရှိမည်

တရုတ်ဖိအားကြောင့် လားရှိုးမှ ကိုးကန့်တို့ ဆုတ်ခွာတော့မည်

တရုတ်ဖိအား၊ လက်တွေ့ရလဒ်နှင့် စစ်တပ်၏ကံကြမ္မာ

Your Thoughts …
Tags: MNDAAကိုးကန့်၊ လားရှိုး၊ စစ်ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
33.9k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
အန်နဝါ အီဘရာဟင်၊ မင်းအောင်လှိုင်နဲ့ သက်ဆင်တို့ ဘာဆွေးနွေးခဲ့ကြလဲ (ရုပ်/သံ)

အန်နဝါ အီဘရာဟင်၊ မင်းအောင်လှိုင်နဲ့ သက်ဆင်တို့ ဘာဆွေးနွေးခဲ့ကြလဲ (ရုပ်/သံ)

မြေပဲ

မြေပဲ

No Result
View All Result

Recommended

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7.2k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate