• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးမှ အိမ်အများစု ငွေကြေးအခက်အခဲကြောင့် မရှင်းလင်းနိုင်

by ဧရာဝတီ
24 April 2025
in သတင်း
A A
မန္တလေးမှ အိမ်အများစု ငွေကြေးအခက်အခဲကြောင့် မရှင်းလင်းနိုင်

မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် မန္တလေးမြို့ရှိ နေအိမ်အဆောက်အဦတချို့ ပြိုကျပျက်စီးမှုကို ဧပြီလဆန်းပိုင်းက မြင်တွေ့ရစဉ်/ ဧရာဝတီ

2.2k
VIEWS
Share on FacebookShare on Twitter

မန္တလေး ငလျင်အပြီး တလနီးပါးကြာသည့်တိုင် ပြိုပျက်ခဲ့ရသည့် အိမ်အများစုမှာ ငွေကြေးမတတ်နိုင်၍ ဖြိုဖျက်ရှင်းလင်း မလုပ်ဆောင်နိုင်သေးသလို ပြန်လည်ထူထောင်ရေးအတွက် အကူအညီများလိုအပ်နေသည်ဟု မြို့ခံများနှင့် ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ဆိုသည်။

မတ် ၂၈ ရက် ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့် ငလျင်ကြောင့် မန္တလေးမြို့ရှိ အိမ် အဆောက်အအုံ ၁ သောင်း ကျော် ပြိုကျပျက်စီးခဲ့ပြီး စိတ်မချရသော အဆောက်အဦများနှင့် ပြိုကျအဆောက်အအုံများ ဖြိုချခြင်း၊ ရှင်းလင်းရေးများကို မြို့ခံလူမှုကူညီရေး အသင်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ပူးပေါင်း၍ ကိုယ်ထူ ကိုယ်ထ လုပ်ဆောင်နေရသည်။

RelatedPosts

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

17 May 2025
301
လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
52
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
69

ချမ်းအေးသာစံမြို့ နယ်မှ အိမ်ပြိုသွားသည့် အိမ်ပိုင်ရှင်တဦးက “ပြိုကျ ပျက်စီးတာတွေကို ရှင်းလင်းနေကြတာ ကိုယ်ထူ ကိုယ်ထပဲပေါ့။ ပြိုလုလုတွေကတော့ ကိုယ့်ဟာကိုယ် အကုန်အကျခံပြီး ဖြိုရတာ။ ကျနော့် ၃ ထပ်ခွဲအိမ်ဆို ရှင်းလင်းခ သိန်း ၃၀၀ လောက်ကုန်တယ်။ တချို့လည်း ငွေကြေးမတတ်နိုင်တော့ ဒီအတိုင်း ရှိနေတာတွေ အများကြီးကျန်သေးတယ်” ဟု ပြောသည်။

တချို့အိမ်များမှာ အနည်းငယ်ပျက်စီးပြီး ပြိုမကျသော်လည်း နောက်ဆက်တွဲငလျင်များကြောင့် အိမ်တွင်း ပြန်ဝင်မနေရဲ သလို ပြန်ပြင်ရန်၊ အသစ်ပြန်ဆောက်ရန် ငွေကြေးအခက်အခဲရှိကြောင်းသိရသည်။

မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူတဦးက “အနားက သုံးထပ်ခွဲတိုက်ပြိုတာ လူတွေအများကြီးသေတယ်၊ အဲဒီတိုက် က အိမ်ပေါ်ကို ပိလာတာ တော်တော်ပျက်စီးသွားတယ်။ ပြိုနေတဲ့တိုက်က အခုအချိန်ထိ ရှင်းလင်းရေး မလုပ်နိုင်သေးတော့ ဘယ်လိုမှ ဆက်နေလို့ မရတာကြောင့် နေ့လယ်ပိုင်း ခဏတဖြုတ်ဝင်ပြီး လုပ်စရာရှိတာ လုပ်ပေါ့၊ ညကျရင်တော့ အပြင်မှာ ထွက်အိပ်နေရတာ ဒီနေ့အထိပဲ” ဟု ပြောသည်။

ပရဟိတကူညီရေးအဖွဲ့များက ပြိုကျနေအိမ်များအား လိုက်လံဖြိုဖျက်ပေးသော်လည်း များပြားလွန်း၍ လုံလောက်မှုမရှိပေ။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက အဆောက်အဦများ ဖြိုချရှင်းလင်းရေးအကူအညီတောင်းပါက အခမဲ့ လုပ်ပေးကြောင်း ထုတ်ပြန်ထားသော်လည်း ထိထိရောက်ရောက်မရှိဘဲ ငွေကြေးတောင်းခံမှုများရှိကြောင်း မြို့ခံများက ဆိုသည်။

မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် မန္တလေးမြို့ရှိ နေအိမ်အဆောက်အဦတချို့ ပြိုကျပျက်စီးမှုကို ဧပြီလဆန်းပိုင်းက မြင်တွေ့ရစဉ်/ ဧရာဝတီ

နေအိမ်ပြိုကျခဲ့သူတဦးက “အိမ်ဖျက်ဖို့ စည်ပင်ကိုတင်တော့ ကုန်ကျစရိတ်က သိန်း ၅၀၀ လောက်လို့ ပြောတယ်။ စည်ပင် ခွင့်ပြုမိန့်ကျမှ ကိုယ့်အစီအစဉ်နဲ့ ဖြိုဖျက်ရမယ်တဲ့၊ ဒီအတွက် ကုန်ကျစရိတ်လည်း ကိုယ့်ဘာသာ ကျခံရမယ် ပြောတယ်။ စာတင်တော့လည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်လုပ်ရမယ့် သဘောမျိုး ဆို တော့ အခမဲ့ဆိုတာ ဘာကိုပြောတာလဲမသိဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် အင်ဂျင်နီယာအသင်းချုပ်တို့ ပူးပေါင်း၍ စိစစ်ပေးရာတွင်လည်း စံချိန်စံညွှန်း သုံးသပ် ချက်မပါ လူနေထိုင်မှု ရ၊ မရ ကိုသာ အဓိက စစ်ဆေးပေးနေကြောင်း သိရသည်။

ထို့ပြင် ငလျင်လှုပ်ခတ်ခဲ့ပြီးချိန်မှယနေ့အထိ စီးပွားရေးလုပ်ငန်းများ ရပ်နားထားကြဆဲဖြစ်ရာ အခြေခံလူတန်းစားများနှင့် လူလတ်တန်းစားများမှာ ပုံမှန်ဝင်ငွေမရရှိကြသေးသဖြင့် ငလျင်ဘေးသင့်ပြည်သူတချို့ နေထိုင်ရေးအပြင် စားသောက်ရေး အခက်အခဲပါ ရင်ဆိုင်နေရကြောင်း သိရသည်။

လက်ရှိအချိန်ထိ နောက်ဆက်တွဲ ငလျင်ငယ်လေးများ မကြာခဏ လှုပ်ခတ်မှုများ ရှိနေဆဲဖြစ်သောကြောင်း မြို့ခံအများစုမှာ နေအိမ်များအတွင်း မနေထိုင်ရဲသေးဘဲ ဆွေမျိုးနေအိမ်များ၊ စာသင်ကျောင်း၊ ဘောလုံးကွင်း၊ ဘုန်းကြီးကျောင်းဝင်းများနှင့် ကွင်းပြင်ကျယ်နေရာများ၌ ယာယီရွက်ဖျင်တဲများထိုး၍ ရှောင်တိမ်းနေထိုင်ကြပြီး တချို့ ရပ်ကွက်များတွင် အဆောက်အဦ ကြီးများနှင့် လွတ်ကင်းသည့်လမ်းပေါ် အိပ်ခြင်းတို့ ပြုလုပ်နေကြဆဲ ဖြစ်သည်။

နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုအနေဖြင့် ဧပြီ ၂၃ ရက်အထိ ၁၅၅ ကြိမ် ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသလို သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုအနေဖြင့် ဧပြီ ၂၀ ရက် ညနေ ၆ နာရီထိ သေဆုံးသူ ၃၇၃၅ ဦး၊ ဒဏ်ရာရရှိသူ ၅၁၀၈ ဦးနှင့် ပျောက်ဆုံးသူ ၁၂၀ ဦးရှိကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့အတူ ငလျင်ကြောင့် လူနေအိမ် ၆ သောင်းကျော်၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် ၃,၅၁၄ ကျောင်း၊ စာသင် ကျောင်း ၂,၃၆၆ ကျောင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၃,၆၇၈ လုံး၊ တံတား ၁၅၅ စင်း၊ ဘုရား စေတီပုထိုးပေါင်း ၅,၆၂၀ ဆူ ပြိုကျပျက်စီးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

You may also like these stories:

ငလျင်ကြောင့် ပျက်စီးနေတဲ့ နေပြည်တော်မှာ နျူကလီးယားစက်ရုံ ရုရှား ဆက်ဆောက်မည်

ငလျင်သင့် ပြိုကျပျက်စီးအိမ်များပါ မီတာခ ဆောင်ခိုင်း

မန္တလေးရောက် စစ်ရှောင်များ ငလျင်ဘေး အကူအညီမရဖြစ်နေ

Your Thoughts …
Tags: ငလျင်မန္တလေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

by Hannah Beech
1 April 2025
22.2k

ယခု နောက်ဆုံးကပ်ဆိုးသည် အစိုးရ အပြောင်းအလဲဖြစ်မည့် နိမိတ် ဟုတ်၊ မဟုတ် မေးခွန်းထုတ်နေကြသည်။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.6k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.4k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

နေပြည်တော်ကို (ဖြစ်သလို) ဆောက်ခဲ့ကြသူများ

နေပြည်တော်ကို (ဖြစ်သလို) ဆောက်ခဲ့ကြသူများ

by အောင်သူရ
12 April 2025
14.5k

ငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများ၊ ရုံးအဆောက်အဦများ၊ လမ်းများ၊ ဆေးရုံများ စစ်တပ်အဆောက်အဦ များစွာ ပျက်စီးသွားခဲ့သည်။

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

by ဧရာဝတီ
21 December 2023
13.9k

ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်

Next Post
ကျောက်ဖြူမှာရော တရုတ် စွက်ဖက်လာနိုင်သလား (ရုပ်/သံ)

ကျောက်ဖြူမှာရော တရုတ် စွက်ဖက်လာနိုင်သလား (ရုပ်/သံ)

ကော့ကရိတ်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ပိတ်ဆို့တိုက်ခိုက် (ရုပ်/သံ)

ကော့ကရိတ်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ပိတ်ဆို့တိုက်ခိုက် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate