• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကော့ကရိတ် မြို့တွင်း၌ ပိတ်မိသူထောင်ချီ ရှိ

by ဧရာဝတီ
25 April 2025
in သတင်း
A A
ကော့ကရိတ် မြို့တွင်း၌ ပိတ်မိသူထောင်ချီ ရှိ

ကော့ကရိတ်မြို့တွင်း၌ ပိတ်မိနေသည့် ဒေသခံတချို့/ CJ

1.5k
VIEWS
Share on FacebookShare on Twitter

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) နှင့် မွန်တော်လှန်ရေးတပ်များက ဧပြီ ၁၃ရက်မှစ၍ ကော့ကရိတ်နှင့် ကျုံဒိုးမြို့အနီးမှ စစ်တပ်စခန်းများကို စစ်ဆင်နေရာ တိုက်ပွဲများကြောင့် ကော့ကရိတ်မြို့ ပိတ်ဆို့ခံထားရပြီး မြို့ခံများ စားနပ်ရိက္ခာပြတ်လပ်မှု၊ ကုန်ဈေးနှုန်းကြီးခြင်းနှင့် ကြုံနေသည်။

ကော့ကရိတ်မြို့ခံ အများစုမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာက ဖြစ်ခဲ့သည့် တိုက်ပွဲများကြောင့် နီးစပ်ရာ ထွက်ပြေးနေ ကြပြီး သင်္ကြန်ကာလ မိမိတို့ အိမ်များသို့ ခဏသာ လာရောက်ကြခြင်းဖြစ်ကြောင်း၊ ထိုသို့လာရောက်စဉ် တိုက်ပွဲဖြစ်၍ ပိတ်မိနေခြင်းဖြစ်ကြောင်း၊ မြို့တွင်းသို့ ကုန်စည်အဝင် မရှိတော့သည်မှာလည်း ၁၀ ရက်ကျော်လာပြီ ဖြစ်ကြောင်း မြို့ခံ တဦးက ပြောသည်။

RelatedPosts

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
59
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
413
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
292

၎င်းက “မြို့ထဲက ပိတ်မိတဲ့သူတွေက အကုန်လုံးက ဒီမှာ ပြန်ပြီး နေနေကြတဲ့သူတွေ မဟုတ်ဘူး။ ကျနော်တို့ အပါအဝင် သင်္ကြန်ရက် ကိုယ့်နေရာ၊ ကိုယ့်ဒေသ ကိုယ့်အိမ်တွေမှာ ကောင်းမှုကုသိုလ် လာလုပ်ကြတာ။ သင်္ကြန်ပြီးရင် ပြန်ထွက် ကြမှာ။ အဲဒီအနေအထားနဲ့ ပိတ်မိနေတဲ့သူတွေက များသွားရော။ အခုအားလုံး ပိတ်မိနေသူတွေက ၁၀၀၀ ကျော်လောက် ရှိတယ်” ဟု ပြောသည်။

ကော့ကရိတ်မြို့ အဝင်အထွက်လမ်းများကို နှစ်ဖက်အဖွဲ့မှ ပိတ်ထားပြီး ကုန်စည်အဝင် မရှိသောကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်လာသလို၊ ဆန်ပင် ဝယ် မရတော့ဘဲ မျှဝေစားသုံးနေရသည့်အခြေအနေဖြစ်လာကြောင်း ကော့ကရိတ်မြို့ ရပ်ကွက် ၄ မှ ဒေသခံတဦးက ပြောသည်။

လက်ရှိပူးပေါင်းတပ်များ၏ ထိုးစစ်သည် ကော့ကရိတ်-ကျုံဒိုး ကြားလမ်းပိုင်းနေရာများကို စတင် တိုက် ခိုက်ခဲ့ခြင်းကြောင့် ကော့ကရိတ်ဒေသခံများ အဓိကအသုံးပြုနေရသော ကော့ကရိတ်နှင့် ကျုံဒိုးကြားရှိလမ်းပိုင်းသည် တိုက်ပွဲများ စကတည်းက လမ်းများ ပိတ်သွားသဖြင့် ပိုမိုခက်ခဲကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲများကြောင့် လမ်းများပိတ်နေသလို မြို့တွင်းရှိ စစ်ကောင်စီတပ်ကလည်း ပေးမထွက်သည့် အခြေအနေကြောင့် မြို့တွင်းပိတ်မိနေသူများ အများအပြား ကျန်နေရခြင်းဖြစ်ကြောင်း ပူးပေါင်းတပ်များထံက သိရသည်။

ကျုံဒိုးမြို့နယ် ဝင်းကရွာအား ဧပြီ ၂၃ ရက်က ဗုံးကြဲ၍ ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်တချို့/ CJ

တချို့မှာမူ ဆိုင်ကယ်ဖြင့် တောလမ်းများမှ ခိုးထွက်လို့ရသည့် အခြေအနေရှိသော်လည်း သက်ကြီးရွယ်အိုနှင့် ကလေးငယ် များရှိသောကြောင့် ကားဖြင့်ထွက်ရာ စစ်တပ်မှ ပေးမထွက်ကြောင်း၊ မြို့ပြင်ထွက်လို့ရသည်နှင့် တော်လှန်ရေးတပ်များက လွတ်သည့်လမ်းကြောင်းများပေး၍ ဘေးလွတ်ရာပို့ဆောင်ပေးမည့် အခြေအနေကိုလည်း ကြားထားရကြောင်း ကော့ကရိတ် မြို့တွင်း၌ မိသားစုများနှင့်အတူ ပိတ်မိနေသည့်ဒေသခံတဦးက ပြောသည်။

ကော့ကရိတ်မြို့တွင် စစ်ကောင်စီ၏ မော်လမြိုင်အခြေစိုက် အရှေ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ရတခ လက်အောက်ခံ အမှတ် ၁၂ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၁၂) အခြေစိုက်ပြီး ၎င်းလက်အောက်၌ ကော့ကရိတ်အခြေစိုက် ခလရ ၂၃၀၊ ခလရ ၂၃၁ တပ်ရင်းများ၊ ကျုံဒိုး၌ ခမရ ၅၄၅၊ ၅၄၆ တပ်ရင်းများ၊ နဘူး၌ ခမရ ၅၄၇၊ ၅၄၈ ၊ ၅၄၉ တပ်ရင်းများ ရှိနေ ကာ သင်္ဃန်းညီနောင်အခြေစိုက် ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇ တပ်ရင်းများကို KLNA နှင့် ပူးပေါင်းတပ်များက လွန်ခဲ့သည့် ၁ နှစ် ကျော်ကတည်းက တိုက်ခိုက် သိမ်းပိုက်ထားနိုင်ခဲ့သည်။

လက်ရှိ ကော့ကရိတ်မြို့နယ် တိုက်ပွဲအတွင်း၌ စစ်ကောင်စီဘက်က လေကြောင်းမှနေ့စဉ်နီးပါး လာရောက် တိုက်ခိုက်နေပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ လူနေအိမ် စသည့် အရပ်သား ပစ်မှတ်များကို အဓိကထား ဗုံးကြဲနေသောကြောင့် ၁၀ ရက်ကျော်အတွင်း ကော့ကရိတ်နှင့်ကျုံဒိုးတို့ရှိ ဒေသခံပြည်သူ ၂၀ ဦး ဝန်းကျင် အသက်ဆုံးရှုံးထားရကြောင်း စစ်ရှောင် အရေး ကူညီသူများထံက သိရသည်။

You may also like these stories:

ကော့ကရိတ်ကို စစ်ကောင်စီ ဗုံးကြဲပြန်

ကော့ကရိတ် စစ်တပ်စခန်း အတိုက်ခံရ၍ တိုက်ပွဲပြင်းထန်နေ

ညောင်ကျိုး စခန်းကျတော့ ဘာထူးလဲ

Your Thoughts …
Tags: ကော့ကရိတ်ကျုံဒိုးစကခ ၁၂
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.1k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

မြဝတီ တက်လာသည့် စစ်ကူယာဉ်တန်း KNLA ပူးပေါင်းတပ်များ တိုက်ခိုက်

မြဝတီ တက်လာသည့် စစ်ကူယာဉ်တန်း KNLA ပူးပေါင်းတပ်များ တိုက်ခိုက်

by စောလွင်
15 April 2024
11.6k

ကျားဖြူစစ်ကြောင်းမှ ကျုံဒိုးချောင်းဖျား၊ မြပတိုင်၊ ကော့နွဲနေရာ များသို့ ဆက်တိုက် လိုက်လံသုတ်သင်ရာ ၃၀ နီးပါး သေဆုံးကာ ဖောကား ၁ စီး ပျက်စီးခဲ့ပြီး အများအပြား ထွက်ပြေးသွားခဲ့သည်

ဒေါနတောင်ကျော်ပြီး အောင်ဇေယျစစ်ကြောင်း မြဝတီရောက်နိုင်မလား

ဒေါနတောင်ကျော်ပြီး အောင်ဇေယျစစ်ကြောင်း မြဝတီရောက်နိုင်မလား

by စောလွင်
10 May 2024
11.5k

အထိအခိုက် အကျဆုံးများနေသည့် အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင်ပေါ် တကုန်းပြီး တကုန်း သိမ်းပိုက်ထိန်းချုပ်ပြီး မြဝတီသို့ ရောက်ရှိလာနိုင်ရန် မလွယ်ကူပေ။

ကော့ကရိတ်မြို့တွင်း စစ်တပ်နေရာယူ၊ မြိုခံများ ပြန်လာရန် ခေါ်

ကော့ကရိတ်မြို့တွင်း စစ်တပ်နေရာယူ၊ မြိုခံများ ပြန်လာရန် ခေါ်

by စောလွင်
22 April 2024
6.6k

မြဝတီတွင် ပိတ်မိနေသည့် အမှတ် ၂၇၅ ခြေလျင်တပ်ရင်းကို ကူမည့် တပ်များသည် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး မှ အဓိကသွားနေခြင်းဖြစ်ပြီး လမ်းဟောင်းအပါအဝင် အခြားတောလမ်းများ ၄ ခုခန့်တွင် စစ်ကြောင်းများခွဲ၍ တက်နေ သည်ဟုလည်း ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံများကပြောသည်။

ကော့ကရိတ် စစ်တပ်စခန်း အတိုက်ခံရ၍ တိုက်ပွဲပြင်းထန်နေ

ကော့ကရိတ် စစ်တပ်စခန်း အတိုက်ခံရ၍ တိုက်ပွဲပြင်းထန်နေ

by ဧရာဝတီ
14 March 2025
5k

စစ်ရေးသတင်းရင်းမြစ်များ အဆိုအရ ကော့ကရိတ်မြို့အနီး တိုက်ပွဲများတွင် ဗိုလ်ကျော်သက် ဦးဆောင်သော ဗျူဟာ ၃၁၊ ဗိုလ်တာဘော ဦးဆောင်သော ဗျူဟာ ၃၂ တို့မှ KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းစစ်ကြောင်း ၁၀ ကြောင်းကျော်တို့ ပါဝင်တိုက်ခိုက်နေကြောင်း...

စစ်ကြောင်းထိုးလာ၍ ကော့ကရိတ်နှင့် ကျုံဒုံးကြား တိုက်ပွဲပြင်းထန်

စစ်ကြောင်းထိုးလာ၍ ကော့ကရိတ်နှင့် ကျုံဒုံးကြား တိုက်ပွဲပြင်းထန်

by ဧရာဝတီ
1 May 2025
4.8k

စစ်ဆင်ရေးအစ၌ ပူးပေါင်းတပ်များက ကော့ကရိတ်နှင့် ကျုံဒိုးမြို့ကြား အာရှလမ်းပိုင်းရှိ စစ်ကောင်စီ ဂိတ်စခန်းနှင့် တပ်စွဲထားသည့်နေရာများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ရှိ အဆိုပါလမ်းပိုင်းကို ထိန်းချုပ်ထားသည်။

Next Post
ဗန်းမော်စစ်မျက်နှာ၌ တိုက်ပွဲများပြန် ပြင်းထန်လာ

ဗန်းမော်စစ်မျက်နှာ၌ တိုက်ပွဲများပြန် ပြင်းထန်လာ

ဆန်ကုန်မြေလေးများသို့

ဆန်ကုန်မြေလေးများသို့

No Result
View All Result

Recommended

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5.6k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate