• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အီလွန် မတ်စ်ကို ဆန့်ကျင်ဖို့ တက်စ်လာ ဝန်ထမ်းဟောင်း နှစ်ဦး စာအုပ်ရေးပြီး တိုက်တွန်း

by ဧရာဝတီ
26 April 2025
in သတင်း
A A
အီလွန် မတ်စ်ကို ဆန့်ကျင်ဖို့ တက်စ်လာ ဝန်ထမ်းဟောင်း နှစ်ဦး စာအုပ်ရေးပြီး တိုက်တွန်း

အမေရိကန် ဝါရှင်တန် ဒီစီ ရှိ အိမ်ဖြူတော်မှာ တွေ့ရတဲ့ တက်စ်လာ CEO အီလွန် မတ်စ် / Reuters

1.2k
VIEWS
Share on FacebookShare on Twitter

တက်စ်လာ (Tesla) ရဲ့ မတူကွဲပြားမှုနဲ့ တန်းတူညီမျှ အားလုံး ပါဝင်နိုင်ရေး (DEI) ဌာန ဝန်ထမ်းဟောင်းတွေက CEO အီလွန် မတ်စ် ကို မတွန်းလှန်ခဲ့တဲ့ အတွက် နောင်တ ရတယ်လို့ ပြောဆိုလိုက်ပါတယ်။

အခုတော့ သူတို့ဟာ အီလွန် မတ်စ်ရဲ့ အစိုးရ အသုံးစရိတ်နဲ့ လုပ်အား လျှော့ချရေး လုပ်ဆောင်နေမှုကို အမေရိကန် ဖက်ဒရယ် ဝန်ထမ်းတွေ အနေနဲ့ သတိ ကြီးကြီးထားကာ ပြန်လည် ဆန့်ကျင် တုံ့ပြန်ကြ စေချင်တယ်လို့ ဆိုပါတယ်။

RelatedPosts

ချင်းမိုင်က ဗုဒ္ဓနေ့ တောင်တက်ပွဲ (ရုပ်/သံ)

ချင်းမိုင်က ဗုဒ္ဓနေ့ တောင်တက်ပွဲ (ရုပ်/သံ)

11 May 2025
78
စစ်တပ်ဗုံးကြဲလို့ တရက်အတွင်း အရပ်သား ၂၀ ကျော်သေဆုံး (ရုပ်/သံ)

စစ်တပ်ဗုံးကြဲလို့ တရက်အတွင်း အရပ်သား ၂၀ ကျော်သေဆုံး (ရုပ်/သံ)

11 May 2025
59
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
879

Kristen Kavanaugh နဲ့ Mike Randolph ဆိုသူ နှစ်ဦးက တက်စ်လာ မှာ သူတို့ ကြုံတွေ့ခဲ့ရတာတွေဟာ “Courage Over Fear” ဆိုတဲ့ စာအုပ် တအုပ်ကို ရေးဖြစ်စေခဲ့ကြောင်း Reuters နဲ့ အင်တာဗျူးမှာ ပြောပါတယ်။

အဆိုပါ စာအုပ်ဟာ အီလွန် မတ်စ်ရဲ့ ကုမ္ပဏီမှာ သူတို့ ကြုံတွေ့ခဲ့ရမှု အပြင် အမေရိကန် စီးပွားရေး လုပ်ငန်းတွေနဲ့ အစိုးရ တွင်းမှာ ကြုံတွေ့ရမှု များလာတဲ့ ကြောက်ရွံ့မှုကို အခြေခံတဲ့ ခေါင်းဆောင်မှုကို ဘယ်လို တွန်းလှန်သွားမလဲ ဆိုတာကို လမ်းညွှန် ပေးနိုင်မယ်လို့ သူတို့က ဆိုပါတယ်။

“ကျမ သူ့ကို ကြောက်တယ်။ အလုပ်ထုတ်ခံရမှာ၊ အရှက်ခွဲခံရမှာ ကြောက်တယ်။ သူ့ဆီက တွေ့မြင်ရတဲ့ အရာတွေကို ဘယ်လောက်ပဲ သဘောမတူနေပါစေ ထုတ်ပြောလိုက်ရင် အများကြီး ဆုံးရှုံးရမယ်လို့ ကျမ ခံစားခဲ့ရတယ်” လို့ Kristen က ပြောပါတယ်။

ဒီလို သဘောပေါက်သွားမှုက တက်စ်လာ ရဲ့ ၅ နှစ်ကြာ ဝန်ထမ်းဟောင်း ၂ ဦး အနေနဲ့ ဒီစာအုပ်ကို ရေးသား ဖြစ်စေ ခဲ့တယ် လို့လည်း ပြောဆိုပါတယ်။

အီလွန် မတ်စ်ကို ထောက်ခံသူတွေကတော့ သူ့ရဲ့ စီမံခန့်ခွဲမှုပုံစံက လျှပ်စစ် စီးနေသလိုပဲ၊ စည်းမျဉ်းတွေနဲ့ လုပ်ငန်းစဉ် အပေါ် စိတ်မရှည်မှုနဲ့ အမြန်နှုန်းကို စူးစိုက်ထားမှုက လျှပ်စစ် ကားသစ် ထုတ်လုပ်မှုကနေ ဒုံးပျံတွေ၊ ဦးနှောက် ထည့်သွင်းခြင်းတွေ အထိ နည်းပညာတွေကို အလွန် လျင်မြန်စွာ တိုးတက်စေကြောင်း ပြောကြတယ်လို့ ဆိုပါတယ်။

အမေရိကန် အစိုးရအတွင်း အီလွန် မတ်စ်ရဲ့ လက်ရှိ လုပ်ရပ်တွေ အပါအဝင် ဝေဖန်သူတွေကတော့ အီလွန် မတ်စ်ဟာ မေတ္တာ တရားနဲ့ လေးစားမှု ကင်းမဲ့တယ်လို့ ပြောဆိုကြပါတယ်။

နည်းလမ်းတွေ အပါအဝင် တက်စ်လာ ရဲ့ ပရမ်းပတာ ဖြစ်မှု ပုံစံဟာ အစိုးရ အရွယ်အစား လျှော့ချဖို့ အီလွန် မတ်စ်ရဲ့ အစိုးရ စွမ်းဆောင်ရည် ဌာန (DOGE) ကို မောင်းနှင်နေတဲ့ ပုံစံကို ထင်ဟပ်စေတယ် လို့လည်း Kristen နဲ့ Mike က ပြောပါတယ်။

ဥပမာ အနေနဲ့ အလုပ်တွေကို ဆန်းစစ်ဖို့ နံပါတ် ၅ ခု တပ်ထားတဲ့ အီးမေးလ် ပို့ခိုင်းတာမျိုး ဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

Courage Over Fear စာအုပ် ကာဗာ။

အစိုးရ ဝန်ထမ်းတွေ အနေနဲ့ ဂျာနယ်လစ်တွေနဲ့ လူသိရှင်ကြား သတင်း အချက်အလက် မျှဝေတာလိုမျိုး သူတို့ ကိုယ်တိုင် အတွက် တောင့်ခံဖို့ ကိုယ်ပိုင် လမ်းကြောင်းကို ရှာဖွေနိုင်တယ် လို့လည်း Kristen နဲ့ Mike က ပြောပါတယ်။

တက်စ်လာ နဲ့ အီလွန် မတ်စ် ထံ မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ငြင်းဆိုခဲ့ပါတယ်။

အီလွန် မတ်စ်က လျှပ်စစ် ကားတွေ နဲ့ ဒုံးပျံယာဉ်တွေ တည်ဆောက်ခြင်းဟာ ကမာ္ဘကြီး ကောင်းမွန်လာဖို့နဲ့ လူသား မျိုးစိတ် ဆက်လက် ရှင်သန်ရေး အတွက် အလွန် အရေးကြီးပြီး DOGE မှာ လုပ်ကိုင်နေတာဟာ အမေရိကန် ဒေဝါလီ ခံရမယ့် အရေးကို ကာကွယ်ဖို့လို့ ယုံကြည်နေသူ ဖြစ်ကြောင်း သိရပါတယ်။

သူ့ရဲ့ အဆိုပါ ယုံကြည်ချက်နဲ့ ပြင်းထန်တဲ့ ပြောင်းလဲမှု ပုံစံကို အီလွန် မတ်စ်က ဘယ်တော့မှ မငြင်းဆိုခဲ့ဘူး လို့လည်း ဆိုပါတယ်။

Kristen ဟာ DEI ဌာနကို ဦးဆောင်ခဲ့ပေမယ့် အီလွန် မတ်စ်ထံ တိုက်ရိုက် သတင်းပို့ရသူ မဟုတ်ဘူးလို့ သိရပါတယ်။

သူဟာ တခြား လုပ်ဖော်ကိုင်ဖက်တွေနဲ့ အစည်းအဝေး တခု အစပိုင်းမှာ အီလွန် မတ်စ်ကို တွေ့ဖူးခြင်း ဖြစ်ပြီး စူးစမ်း လိုစိတ်နဲ့ စိတ်ပေါ့ပါးသူ တဦးအဖြစ် တွေ့ရတယ်လို့ ဆိုပါတယ်။

DEI နဲ့ ပတ်သက်လို့ စိတ်မပူဘူးလို့ Kristen က ပြောပါတယ်။

“သူက ငါတို့အကြောင်း တကယ် သိချင်ပုံပဲ” လို့လည်း သူက ပြောပါသေးတယ်။

ဒါပေမယ့် ၂၀၂၁ မှာ အမျိုးသမီးတွေရဲ့ ရင်သားကို ရည်ညွှန်းတဲ့ အမည်နဲ့ တက္ကသိုလ်တခု ဖွင့်ဖို့ စဉ်းစားနေတယ်လို့ Twitter (X) မှာ ရေးသားခဲ့သလိုမျိုး တက်စ်လာ ရဲ့ ဝန်ထမ်းတွေကိုလည်း စော်ကားခဲ့တယ်လို့ သူက ဆိုပါတယ်။

အီလွန် မတ်စ်ဟာ အဆိုပါ ရေးသားမှုနဲ့ အခြားအရာတွေ အတွက် ဘယ်တော့မှ မတောင်းပန်ခဲ့ဘူး လို့လည်း သူက ပြောဆိုပါတယ်။

လူမည်း၊ လိင်တူချစ်သူ နဲ့ မရိန်းတပ်သားဟောင်း တဦးဖြစ်သူ Kristen Kavanaugh က သူ့ရဲ့ စာအုပ်ထဲမှာ တက်စ်လာ မှ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ဟာ ဘဝရဲ့ အခက်ခဲဆုံးတွေထဲက တခုလို့ ရေးခဲ့ကြောင်းလည်း သိရပါတယ်။

Ref : Reuters

Your Thoughts …
Tags: DEIDOGETeslaTwitterXတက်စ်လာဘာသာပြန်အမေရိကန်အီလွန် မတ်စ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
40.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.3k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.2k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
13.9k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

မြန်မာကို ဟန့်တားရန် Gripen ဂျက်တိုက်လေယာဉ်များ ထိုင်းဝယ်ယူမည်

မြန်မာကို ဟန့်တားရန် Gripen ဂျက်တိုက်လေယာဉ်များ ထိုင်းဝယ်ယူမည်

by Gabriel Honrada
4 September 2024
10.7k

ထိုင်းနိုင်ငံသည် ကြားဖြတ်ဟန့်တားနိုင်သည့် စွမ်းရည် မရှိသောကြောင့် မဟုတ်ဘဲ နိုင်ငံရေးသုံးသပ်ချက်ဖြင့် ၎င်း၏ လေပိုင်နက်သို့ မြန်မာက ယခင် ကျူးကျော်မှုများကို ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်ခဲ့သည်။

Next Post
မန္တလေးမှ အိမ်အများစု ငွေကြေးအခက်အခဲကြောင့် မရှင်းလင်းန်ိုင်

ငလျင်အပြီး ရန်ကုန်- မန္တလေး သယ်ယူပို့ဆောင်ခ နှစ်ဆမြင့်သွား

လက်နက်အားကိုးနဲ့ ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်နေတာ (ရုပ်/သံ)

လက်နက်အားကိုးနဲ့ ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်နေတာ (ရုပ်/သံ)

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

2 days ago
5k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
4.7k

Most Read

  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate