• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်တွင် လွတ်လပ်သော ရိုဟင်ဂျာပြည်နယ် ဘင်္ဂလားဒေ့ရှ် အစ္စလမ်မစ်ပါတီ အဆိုပြု

by Muktadir Rashid
29 April 2025
in သတင်း
A A
ရခိုင်တွင် လွတ်လပ်သော ရိုဟင်ဂျာပြည်နယ် ဘင်္ဂလားဒေ့ရှ် အစ္စလမ်မစ်ပါတီ အဆိုပြု

ဂျမက်-အီ-အစ္စလမ်မီပါတီနှင့် တရုတ်ကွန်မြူနစ်ပါတီ (CPC) ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံစဉ်/Supplied

2.1k
VIEWS
Share on FacebookShare on Twitter

ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံး အစ္စလမ်မစ်ပါတီဖြစ်သည့် ဂျမက်-အီ-အစ္စလမ်မီ က မြန်မာမှ ရခိုင်ပြည်နယ်တွင် လွတ်လပ်သော ရိုဟင်ဂျာပြည်နယ်ထူထောင်ရန် တရုတ်နိုင်ငံသို့ အဆိုပြုလိုက်သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ကိုယ်စားလှယ်အဖွဲ့တဖွဲ့နှင့် ဒါကာတွင် တနင်္ဂနွေနေ့က အစည်းအဝေးအတွင်း ထိုအဆိုပြုချက်ကို တင်ပြခြင်းဖြစ်သည်ဟု ဂျမက်က ထုတ်ပြန်သည့် ကြေညာချက်တစောင်အရ သိရသည်။

RelatedPosts

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

23 May 2025
855
ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

23 May 2025
76
ဓမ္မတာလာရက် ခွင့်ပေးဖို့ ထိုင်းအစိုးရထုတ်ပြန်ချက် အလုပ်ရှင်တွေက လိုက်နာမှာလား (ရုပ်/သံ)

ဓမ္မတာလာရက် ခွင့်ပေးဖို့ ထိုင်းအစိုးရထုတ်ပြန်ချက် အလုပ်ရှင်တွေက လိုက်နာမှာလား (ရုပ်/သံ)

23 May 2025
16

ဂျမက်က ပါတီချင်း အစည်းအဝေးဟု ဖေါ်ပြသည့် ထိုအစည်းအဝေးအပြီး တရုတ်နိုင်ငံရေးပါတီ ကိုယ်စားလှယ်အဖွဲ့ထံမှ မည်သည့်မှတ်ချက်မျှ မရပေ။

အဖွဲ့ဝင် ၃ ဦးပါ ထိုကိုယ်စားလှယ်အဖွဲ့ကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဌာန (IDCPC) မှ အရှေ့တောင်နှင့် တောင်အာရှရေးရာ ဗျူရိုညွန်ကြားရေးမှုးချုပ် ပန်လျှိုဘင်က ဦးဆောင်သည်။

ထိုကိုယ်စားလှယ်အဖွဲ့သည် အခြား အဓိက နိုင်ငံရေးပါတီများ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိများနှင့်လည်း တွေ့ဆုံခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ကို နာရက်-အီ-အေမာ ဆိုင်ယက် အဗ္ဗဒူလာ မိုဟာမက် တဟာ ဦးဆောင်သည်။

ဘင်္ဂလားဒေ့ရှ်တွင် လက်ရှိနေထိုင်နေသည့် ရိုဟင်ဂျာ ဒုက္ခသည် ၁.၁ သန်းမှ ၁.၂ သန်းခန့်သည် လူမဆန်သော အခြေအနေများကို ရင်ဆိုင်နေရပြီး လူသားချင်းစာနာမှုအကူအညီ ပေးခြင်းသက်သက်က ရေရှည်အတွက် အဖြေမဟုတ်ကြောင်း အစည်းအဝေးအပြီးတွင် တဟာက သတင်းထောက်များကို ပြောသည်။

“သူတို့တွေကို ပြန်ပို့ဖို့နဲ့ ပြန်လည်ထူထောင်ဖို့ ရိုဟင်ဂျာ အများစုဒေသမှာ လွတ်လပ်သော အာရက္ခပြည် ထူထောင်ဖို့ ကျနော်တို့အဆိုပြုတယ်” ဟု တဟာပြောသည်။

ဘေ့ဂျင်းသည် မြန်မာစစ်ကောင်စီနှင့် ရင်းနှီးသောကြောင့် တရုတ်၏ ထောက်ခံမှုကို ဂျမက်ပါတီက တောင်းဆိုခြင်းဖြစ်ကြောင်း သူပြောသည်။ CPC ကိုယ်စားလှယ်များ ထိုအဆိုပြုချက်ကို တရုတ် အာဏာပိုင်များထံတင်ပြပေးမည်ဖြစ်ကြောင်း အာမခံသည်ဟု တဟာ ပြောသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး မြန်မာစစ်ကောင်စီသည် ရခိုင်ပြည်နယ်အများစုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အာရက္ခတပ်တော် AA ထံသို့ ဆုံးရှုံးခဲ့သည်။ AA သည် ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခုအနက် ၁၄ ခုနှင့် အိမ်နီးချင်း ချင်း ပြည်နယ်မှ ပလက်ဝကို သိမ်းပိုက်ထားသည်။

“ဒီအဆိုပြုချက်ဟာ မြန်မာရဲ့နက်ရှိုင်းစွာ ရှုပ်ထွေးတဲ့ နိုင်ငံရေးနဲ့ တိုင်းရင်းသား ပကတိအခြေအနေကို နားလည်မှု လွှဲမှားနေကြောင်း ထင်ဟပ်ရုံသာမက ရေရှည်တည်တံ့တဲ့ နိုင်ငံရေးအဖြေတွေကို ဘယ်လိုတည်ဆောက်မယ်ဆိုတဲ့အပေါ် အန္တရာယ်များတဲ့ ရိုးအတဲ့အမြင်ကိုလည်း ဖေါ်ပြတယ်” ဟု ဗြိတိန်အခြေစိုက် သုတေသီနှင့် ဒေသတွင်း ပဋိပက္ခသုတေသီ အက်ရှ်ဖက် ရော်နီ က ဧရာဝတီသို့ ပြောသည်။

“ရိုဟင်ဂျာနဲ့ ရခိုင်လူမှုအသိုက်အဝန်းတွေ ၂ ဘက်လုံးက ရခိုင်ပြည်နယ်နေတာ ရာစုနှစ်ချီကြာနေပြီး အများအားဖြင့် ရှုပ်ထွေးပြီး အပြန်အလှန် ဆက်စပ်တဲ့ နည်းလမ်းနဲ့နေကြတာ။ ရေရှည်တည်တံ့ပြီး တရားမျှတတဲ့ မည်သည့်ဖြေရှင်းမှုမဆိုဟာ အဲဒီဒေသတွင်းက လူမှုအသိုက်အဝန်းအားလုံးရဲ့ အခွင်အရေးတွေ၊ အမျိုးသားလက္ခဏာတွေနဲ့ ရည်မှန်းချက်တွေကို အသိအမှတ်ပြုရမယ်” ဟု သူပြောပြီး “တဖွဲ့နဲ့ တဖွဲ့ ဖယ်ထုတ်ချန်လှပ်တဲ့ အနာဂတ်တခုကို တည်ဆောက်ဖို့ကြိုးစားမှုဟာ ဒီသမိုင်း ပကတိအခြေအနေတွေကို ဂရုမစိုက်ဘဲ မတည်ငြိမ်မှုကိုဖြစ်စေမယ့် ချိုးနှိမ်ဆက်ဆံမှုတွေ ထပ်မံဖြစ်စေမယ့် အန္တရာယ်ရှိတယ်” ဟု သူပြောသည်။

“လူမျိုးစုအရ သီးခြားဖြစ်တဲ့ ပြည်နယ်အဆိုပြုခြင်းဟာ မြန်မာရဲ့ရှုပ်ထွေးတဲ့ နိုင်ငံရေးရှုခင်းရဲ့ ကျယ်ပြန့်တဲ့အခြေအနေကို လျစ်လျူရှုရာရောက်တယ်။ မြန်မာ့နိုင်ငံရေးရှုခင်းမှာ လူမျိုးစု ကွဲပြားစုံလင်မှုဟာ ပိုင်နက်နဲ့ အုပ်ချုပ်ရေးစနစ်တွေနဲ့ နက်ရှိုင်းစွာ ယက်လုပ်ထားတယ်” ဟုလည်း သူပြောသည်။

ထိုသို့ ပေါ့ပျက်စွာ စဉ်းစားခြင်းသည် ရိုဟင်ဂျာအရေးကို ထိခိုက်စေပြီး နိုင်ငံရေးအရ အကျုံးဝင်မှုအတွက် လေးနက်သော အားထုတ်မှုများကို လမ်းလွဲစေသလို အသိရှိရှိ အလေးအနက်
ထိတွေ့ဆက်ဆံမှု အလိုအပ်ဆုံးအချိန်တွင် အများပြည်သူထင်မြင်ချက်ကို မှားယွင်းစေသည်ဟု သူပြောသည်။

“တရုတ်အပါအဝင် နိုင်ငံတကာရဲ့အခန်းကဏ္ဍက ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအဖြေ အဆင်ပြေ ချောမွေ့အောင် လုပ်ပေးရာမှာ အရေးပါပေမယ့် ရေရှည်တည်တံ့တဲ့ ရလဒ်တွေက ဒေသ ပကတိအခြေအနေမှာ အခြေခံရမှာဖြစ်ပြီး မြေပြင်အခြေအနေနဲ့ ကင်းကွာတဲ့ ပြင်ပပြဋ္ဌာန်းချက်တွေ မဟုတ်ရဘူး” ဟုလည်း သူပြောသည်။

၂၀၁၇ ခုနှစ် သြဂုတ်လတွင် ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော်သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးကြပြီး ယခင်က ထွက်ပြေးသွားသူ သိန်းပေါင်းများစွာနှင့် ပူးပေါင်းကြသည်။

ထိုသို့ အလုံးအရင်း ထွက်ပြေးသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားတွင် ကမ္ဘာ့အကြီးမားဆုံး ဒုက္ခသည်စခန်း ပေါ်ပေါက်စေသည်။

(ဒါကာရှိ ဧရာဝတီသတင်းထောက် Muktadir Rashid ၏ Bangladeshi Islamist Party Proposes Independent Rohingya State in Myanmar’s Rakhine ကို ဘာသာပြန်သည်။)

You may also like these stories:

ARSA အဖွဲ့ခေါင်းဆောင်အပါ ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

ရိုဟင်ဂျာအရေးမှာ မြန်မာစစ်တပ်က ပြဿနာအရင်းအမြစ် ဖြစ်တယ် (ရုပ်/သံ)

ရှင်သန်ရေးအတွက် ရိုဟင်ဂျာ ဒုက္ခသည်များ မြန်မာစစ်တပ်ထဲ ဝင်တိုက်နေ

AA ၏ “အားလုံးအကျုံးဝင် အုပ်ချုပ်ရေး” အစီအစဉ် ရိုဟင်ဂျာများအကြား သဘောထား ကွဲလွဲနေ

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်း အကြမ်းဖက်မှုများကို မေ့မထားရန် လိုအပ်နေ

ရိုဟင်ဂျာအရေး ရေရှည်အကျိုး မျှော်ကိုး၍ ဆောင်ရွက်သင့်ပြီ

Your Thoughts …
Tags: တရုတ်ကွန်မြူနစ်ပါတီဘင်္ဂလားဒေ့ရှ်ရခိုင်လွတ်လပ်သော ရိုဟင်ဂျာပြည်နယ်အစ္စလမ်မစ်ပါတီ
Muktadir Rashid

Muktadir Rashid

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.6k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

ခေတ်တိုင်း ခေတ်တိုင်း မှာတော့ ကျနော်တို့က ခံရစမြဲပါ

by ဧရာဝတီ
10 March 2025
22.1k

အနည်းဆုံးတော့ ဒေါ်လာ ၅ သန်း၊ ၆ သန်းဖိုးလောက်ရှိမှာပေါ့။ ကျနော့် စက်ယန္တရားတွေရော၊ စက်လှေ တွေရော စက်လှေဆိုရင် ၈ စီး ရှိပါတယ်။ နောက် အိမ်တွေ၊ မြေတွေ၊ “ထာဝရအောင်မြေ” ဆိုတဲ့ အိမ်ရာစီမံကိန်းရော။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
17.9k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.4k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

Next Post
သဘာဝဘေး အာမခံရောင်းချမှု ယာယီရပ်

သဘာဝဘေး အာမခံရောင်းချမှု ယာယီရပ်

စစ်တပ်ပြန်အုပ်ချုပ်နေတဲ့ လားရှိုးမှာ ဘာတွေဖြစ်နေလဲ (ရုပ်/သံ)

စစ်တပ်ပြန်အုပ်ချုပ်နေတဲ့ လားရှိုးမှာ ဘာတွေဖြစ်နေလဲ (ရုပ်/သံ)

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
3.4k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate