• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငလျင်ပြန်လည်ထူထောင်ရေး ဘိလပ်မြေရှားပါးမှုကြောင့် အခက်တွေ့

by ဧရာဝတီ
28 May 2025
in သတင်း
A A
ငလျင်ပြန်လည်ထူထောင်ရေး ဘိလပ်မြေရှားပါးမှုကြောင့် အခက်တွေ့

၂၀၂၅ ဧပြီလအတွင်းက နေပြည်တော် ၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းမြို့ကြီးများမှ ဆောက်လုပ်ရေးပစ္စည်းဆိုင် ၃၀၀ ကျော်ကို စစ်ကောင်စီက စစ်ဆေးနေစဉ်

761
VIEWS
Share on FacebookShare on Twitter

ငလျင်ဒဏ်ခံရသည့် အိုးအိမ်တိုက်တာများ ပြန်လည်တည်ဆောက်ရမည့်အချိန် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း တို့တွင် ဘိလပ်မြေ လိုသလောက်မရဘဲ အကန့်အသတ်ဖြင့် ဝယ်နေရပြီး ရရှိရန် တန်းစီစောင့်ဆိုင်းရကြောင်း၊ ဈေးနှုန်းများမှာ လည်း တအိတ်လျှင် ၂၆၀၀၀ မှ ၄၀၀၀၀ ကျပ်အထိ ရှိကြောင်းသိရသည်။

စစ်ကောင်စီက ငလျင်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် သံ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအား ဈေးသက်သာစွာဖြင့် ရောင်းပေးမည်ဖြစ်ကြောင်းဆိုသော်လည်း နေပြည်တော်တွင်သာရကြောင်း၊ ကျန်နေရာများတွင်မရကြောင်း ထို့အပြင် ဘိလပ်မြေတအိတ် ၁၇,၀၀၀ ကျပ်ဖြင့် ရောင်းရမည် သတ်မှတ်သော် လည်း တအိတ် ၃၀၀၀၀ ကျပ် ပြင်ပမှ ဝယ်ရကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြော သည်။

RelatedPosts

တော်လှန်ရေးဗွက်ထခြင်း

တော်လှန်ရေးဗွက်ထခြင်း

20 July 2025
544
စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

20 July 2025
66
ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

20 July 2025
186

နေပြည်တော်ဒေသခံ တဦးက “ဈေးကတော့ တနေရာနဲ့ တနေရာမတူဘူး။ လူနည်းတဲ့နေရာတွေ၊ ပါးတဲ့ နေရာမှာဆို ဘိလပ်မြေ တအိတ် ၃၀၀၀၀ ကျပ်နဲ့ရတယ်။ ဒါပေမယ့် ၁၀ အိတ်ပဲ၊ ပိုတော့ မရဘူး။ ဒါတောင် အပြင်ဆိုင်မှာ ဝယ်တာ။ စစ်ကောင်စီပေးတဲ့ နေရာမှာဆို တိုးလို့တောင် မရဘူး”ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကိုင်းမြို့တွင်လည်း ငလျင်ကြောင့် အိမ်ဆောက်ပစ္စည်းဆိုင်များ ပျက်စီးမှုရှိခဲ့ပြီး ဆိုင်အများစုမှာ ပိတ်ထားဆဲ ဖြစ်ကာ ဖွင့်သည့်ဆိုင်များတွင် တန်းစီဝယ်ယူနေရပြီး ဒေသခံများထံက သိရသည်။

“ကျနော်တို့ လုပ်ငန်းကိုလည်း မရပ်ချင်ဘူး။ ရတဲ့နည်းနဲ့ ဝယ်ရတာပေါ့ ဒီတော့ တအိတ် ၃၀၀၀၀ ကျပ်ဆိုလည်း ဝယ်၊ ၄၀၀၀၀ ကျပ်ဆိုလည်း ဝယ်လိုက်ရတာပဲ။ ပစ္စည်းရဖို့ အရေးကြီးတယ်ဆိုပြီး ရအောင် လည်ပတ်နေရတဲ့ အခြေအနေ ”ဟု လုပ်ငန်းရှင်တဦးကဆိုသည်။

ထို့အတူ ငလျင်သင့် အဆောက်အဦတချို့ ဖြိုဖျက်ရန် ကျန်နေသေးကြောင်း သူကဆက်ပြောသည်။

မန္တလေးဒေသခံ အမျိုးသမီး တဦးကလည်း “ဘိလပ်မြေကတော့ အပြင်ဆိုင်အသေးတွေမှာတော့ နည်းနည်းပါးပါး ဝယ်လို့ ရတယ်။ အရင်လိုတော့မရသေးဘူး။ တချို့ ကုမ္ပဏီတွေလည်း မရောင်းပေးသေးဘူး။ ဈေးကတော့ တမြို့နယ်နဲ့ တမြို့နယ် လည်းမတူဘူး။ ကျမအိမ် လှေခါးလုပ်ဖို့ ဘိလပ်မြေ သွားဝယ်တော့ တအိတ် ၃၀၀၀၀ ကျပ်ကျော် ပေးခဲ့ရတယ်”ဟု ပြောသည်။

မန္တလေးတွင် ငလျင်ကြောင့် အဆောက်အဦများ ပျက်စီးခဲ့စဉ်/ ဧရာဝတီ

ဘိလပ်မြေနှင့်အတူ အုတ်ဈေးများမှာလည်း ယခင်က စက်အုတ်တလုံးလျှင် ယခင်က ၂၅၀ ကျပ်ဝန်းကျင် ရှိရာမှ ယခု ၄၈၀ ကျပ်အထိ ရှိနေကြောင်း၊ ဘိလပ်မြေအုတ် တလုံးလျှင် ၃၀၀ ကျပ်ရှိကြောင်း အဆိုပါ မန္တလေးဒေသခံ အမျိုးသမီးက ဆိုသည်။

လတ်တလော အိန္ဒိယနိုင်ငံက ဘိလပ်မြေ ၂၂၅ တန်(အိတ် ၄၅၀၀)လှူဒါန်းထားသော်လည်း ငလျင်ဒဏ်ခံ ပြည်သူများ အတွက်လား နေပြည်တော်ပြန်လည် တည်ဆောက်ရေးအတွက်လား ဆိုသည်ကိုမူ ရှင်းလင်းစွာ မသိရပေ။

ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင် တဦးက “ဆောက်လုပ်ရေးဈေးကွက်မှာ အထူးသဖြင့်တော့ ဘိလပ်မြေပေါ့။ ဝယ်ရ ခက်တယ်၊ ဈေးကြီးတယ်။ ပြီးတော့ လုပ်သားရှားပါးမှု၊ ငလျင်ဖြစ်တဲ့အခါကျတော့ ဆောက်တာတင် မဟုတ်ဘူး၊ ဖျက်သိမ်း တဲ့ကိစ္စတွေ၊ ပြန်ပြုပြင်တဲ့ကိစ္စတွေရောဆိုတော့ လက်ရှိအခက်အခဲ နှစ်ခုနဲ့ ကြုံနေရတယ်။ ဘိလပ်မြေကတော့ ကျနော်တို့ နီးစပ်ရာတွေဆီမှာ ဝယ်ပေါ့။ ဆင်တံဆိပ်ရတယ်ဆို ဆင်တံဆိပ်ပေါ့။ ပြည်တွင်းထုတ်ပဲ ရတယ်ဆို ပြည်တွင်းထုတ်ပဲ ဝယ်ပေါ့။ အခုက ကုမ္ပဏီအကြီးကြီးတွေက ပြန်ဝယ်ရင်တောင် အိတ် ၁၀၀ တို့၊ အိတ် ၅၀ တို့ကိုတောင် မနည်းဝယ် နေရတာ”ဟု ဧရာဝတီသို့ ပြောသည်။

ငလျင်မလှုပ်မီကတည်းက ပြည်တွင်း ဘိလပ်မြေ ထုတ်လုပ်မှုကျဆင်းနေပြီး ရှားပါးပြတ်လပ်မှုကြောင့် ပြည်ပမှ တင်သွင်း ခွင့်ပြုခဲ့ရာ ဝယ်လိုအားနှင့် ရောင်းလိုအား မမျှဘဲ ၂၀၂၁ အာဏာ မသိမ်းခင်က တအိတ်လျှင် ၅၀၀၀ ကျပ်ရှိရာမှယခုအခါ တအိတ်လျှင် ၃၀၀၀၀ ကျပ်ကျော်အထိ မြင့်တက်နေခြင်းဖြစ်သည်။

မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြီးကြောင့် မြန်မာနိုင်ငံရှိ ဘိလပ်မြေစက်ရုံများ ထိခိုက်ခဲ့ရပြီး ဘိလပ်မြေ စက်ရုံ ၉ ရုံအနက် ၆ ရုံသာလည်ပတ်နိုင်ကာ တရက်လျှင် အိတ်ရေ သုံးသိန်းလေးသောင်းကျော်သာ ထုတ်လုပ်နိုင်ကြောင်း စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီလအတွင်း ထုတ်ပြန်ထားသည်။

ဘိလပ်မြေ ရောင်းချမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဧပြီလအတွင်းက နေပြည်တော် ၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်း အစရှိသည့် မြို့ကြီးများမှ ဆောက်လုပ်ရေးပစ္စည်းဆိုင် ၃၀၀ ကျော်ကို စစ်ဆေးကာ ဘိလပ်မြေကို ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း ပိုတင်ရောင်းသည့် ဆိုင်ပေါင်း ၆၂ ဆိုင်နှင့် ဘိလပ်မြေအား မသမာသည့် နည်းလမ်းဖြင့် ပြုလုပ် ရောင်းချသည့် တောင်ကြီးမြို့ ၊ ပြည့်စုံအောင် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင် စိုးတင့်အောင် အပါအဝင် ၈ ဦးတို့ကို ဖမ်းဆီးအမှုဖွင့်ထားကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန်ထားသည်။

You may also like these stories:

ဘိလပ်မြေ ပြည်ပမှ ပြန်သွင်းခွင့်ပြု

ဘိလပ်မြေစက်ရုံ အများစု ရပ်တန့်သဖြင့် ဈေး အဆမတန် တက်လာ

မန္တလေးစည်ပင်ကြောင့် ငလျင်သင့်အိမ်များပြင်ရန် အခက်ကြုံ

Your Thoughts …
Tags: ငလျင်ဘိလပ်မြေအိပ်ဆောက်ပစ္စည်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

by Hannah Beech
1 April 2025
22.3k

ယခု နောက်ဆုံးကပ်ဆိုးသည် အစိုးရ အပြောင်းအလဲဖြစ်မည့် နိမိတ် ဟုတ်၊ မဟုတ် မေးခွန်းထုတ်နေကြသည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.1k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.1k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

နေပြည်တော်ကို (ဖြစ်သလို) ဆောက်ခဲ့ကြသူများ

နေပြည်တော်ကို (ဖြစ်သလို) ဆောက်ခဲ့ကြသူများ

by အောင်သူရ
12 April 2025
14.6k

ငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများ၊ ရုံးအဆောက်အဦများ၊ လမ်းများ၊ ဆေးရုံများ စစ်တပ်အဆောက်အဦ များစွာ ပျက်စီးသွားခဲ့သည်။

တပ်မ ၇၇ တပ်မမှူး လက်နက်ချ အဖမ်းခံရခြင်း

တပ်မ ၇၇ တပ်မမှူး လက်နက်ချ အဖမ်းခံရခြင်း

by စွယ်တော်
12 April 2025
11.4k

ထိုကဲ့သို့ ပြည်သူ့အမုန်းခံ တပ်မ ၇၇ ၏ အကြီးအကဲ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးသည် တော်လှန်ရေးအင်အားစုများ၏ ဖမ်းဆီးမှုကို ခံလိုက်ရပြီဖြစ်သည်။

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

by ဇုန်းရိန်
14 May 2025
9.6k

ဤအကူအညီများသည် နေ့စဉ်နှင့်အမျှ သတ်ဖြတ်နေသည့် စစ်ကောင်စီကို ဆက်လက် ထောက်ခံ ကူညီနေသော တရုတ်နိုင်ငံကို အကောင်းမြင်လာအောင် မစွမ်းဆောင်နိုင်ပါ။

Next Post
ငလျင်လှုပ်ပြီး ၂ လအကြာ မန္တလေးရှိ ယာယီစခန်းများ မေလကုန်အပြီး ပိတ်ခိုင်း

ငလျင်လှုပ်ပြီး ၂ လအကြာ မန္တလေးရှိ ယာယီစခန်းများ မေလကုန်အပြီး ပိတ်ခိုင်း

ကျောက်ခေတ်အခြေခံ လစာနဲ့ မိုးပျံနေတဲ့ ကုန်စျေးနှုန်း (ရုပ်/သံ)

ကျောက်ခေတ်အခြေခံ လစာနဲ့ မိုးပျံနေတဲ့ ကုန်စျေးနှုန်း (ရုပ်/သံ)

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.2k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
5k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate