• English
Wednesday, July 9, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

ရွေးကောက်ပွဲအတွက် နယ်မြေရှင်းမည့် ကရင်နီထိုးစစ် ပိုပြင်းထန်လာ

by ဧရာဝတီ
11 June 2025
in Military, သတင်း
A A
ရွေးကောက်ပွဲအတွက် နယ်မြေရှင်းမည့်  ကရင်နီထိုးစစ် ပိုပြင်းထန်လာ

ရှေ့တန်းစစ်မျက်နှာတွင် တွေ့ရသော မိုးဗြဲ PDF တဦး/ Mobye PDF

2.7k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီက ရှမ်း-ကယားနယ်စပ်မှ ဖယ်ခုံ၊ မိုးဗြဲ အပါအဝင်ဒေသများကို အင်အား ၂၀၀၀ခန့်ဖြင့် စစ်ကြောင်းများခွဲ၍ ထိုးလာသဖြင့် ယခုလ ဒုတိယပတ်အတွင်း ထိုနယ်များတွင် တိုက်ပွဲများ ပြင်းထန်နေသည်။

ယနေ့ ရှမ်းတောင်အခြေစိုက် South Shan Tactical Operation Command ၏ ထုတ်ပြန်ချက်အရ စစ်တပ်နှင့် ပအို့ဝ်ပြည် သူ့စစ်(PNO/ PNA)တို့ ဖယ်ခုံအင်း အရှေ့ခြမ်း ညောင်ရွှေမြို့နယ် ရေပူရွာသို့ စစ်ကြောင်းထိုးနေသည်မှာ ဇွန် ၂ရက်ကတည်း ကဆိုလျှင် တပတ်ကျော်ပြီဖြစ်သလို ကယားနယ်စပ် ကုန်းသာရွာတွင် ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်နှင့်အတူ ဖယ်ခုံ PDF တပ်ရင်း ၁၀၀၆ ပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုများပြုနေသဖြင့် ဖယ်ခုံမြို့နယ်တွင်း စစ်ရေးတင်း မာနိုင်ကြောင်း သတိပေးထားသည်။

RelatedPosts

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

9 July 2025
6
ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

9 July 2025
69
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
73

အလားတူ မိုးဗြဲ- လွိုင်ကော်လမ်းကို ထိန်းရန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာကစ၍ မိုးဗြဲရှိ ခမရ ၄၂၂ တွင် လူစု၍ စစ်ဆင်ရာ ယခု မိုးဗြဲမြို့ပေါ်အထိ ရောက်လာပြီဖြစ်သလို ပင်လောင်းမြို့နယ်ဆောင်းပြောင်းရွာကို ထိန်းချုပ်နိုင်ခဲ့သည့် စစ်တပ်နှင့် ပအိုဝ်း ပြည်သူ့စစ် (PNO)ပူးပေါင်းစစ်ကြောင်းကလည်း ဖယ်ခုံအရှေ့ခြမ်းကျေးရွာများအထိ စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲများဖြစ်ပွားပြီး ကျေးရွာတချို့ ရွာလုံးကျွတ်စစ်ရှောင်နေကြရသည်။

လက်ရှိမိုးဗြဲမြို့ပေါ်၌ တိုက်ပွဲများ ပြင်းထန်နေသောကြောင့် ပြည်သူများ ဖြတ်သန်းသွားလာခြင်း မပြုရန် ပူးပေါင်းတပ် များက သတိပေးထုတ်ပြန်ထားပြီး မြို့ပေါ်သို့ လက်နက်ကြီးများ တောက်လျောက်ကျနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

“မိုးဗြဲမှာတိုက်ပွဲ တောက်လျောက်ပြင်းထန်နေတယ်။ ဖြတ်သန်းသွားလာခွင့်လည်းပိတ်ထားတယ်၊ တပ်ပေါင်းစုက အဲဒီမှာ အသည်းအသန်ချနေတာ။ အကြီးအကျယ်ဖြစ်နေတာ” ဟု ပြောသည်။

ထိုသို့ မိုးဗြဲနှင့် ဖယ်ခုံအရှေ့ခြမ်း စစ်မျက်နှာနှစ်ခုတွင် စစ်ကောင်စီက အင်အား ၂၀၀၀ ခန့်အသုံးပြု၍ အပြင်းအထန် ထိုးစစ် ဆင်နေပြီး အနီရောင်အဆင့်ရောက်နေပြီဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

မိုးဗြဲ၊ လွိုင်ကော်၊ ဖယ်ခုံဒေသ တိုက်ပွဲဖြစ်ပွားမှု မြေပုံ (ဧရာဝတီ)

မိုးဗြဲနှင့် ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်သည် လမ်းမကြီးအတိုင်း ၁၈ မိုင်ရှိပြီး ဆည်မြောင်းတာပေါင်လမ်းမှ ဆိုလျှင် ၁၀ မိုင်သာ ဝေးရာ ထိုလမ်းများကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသဖြင့် ရှင်းလင်းရန် စစ်ကောင်စီက သာလွန် အင်အားဖြင့် စစ်ဆင်နေခြင်းဖြစ်ကြောင်း ကရင်နီပြည်စစ်ရေးအခြေအနေကို လေ့လာနေသူ လွိုင်ကော်မြို့ခံတဦးက ပြောသည်။

“ပူးပေါင်းတပ်တွေအနေနဲ့ မိုးဗြဲကျသွားရင် စစ်မျက်နှာက ဝေးသွားပြီ၊ လွိုင်ကော်နားကပ်လို့ မရတော့ဘူး၊ နောက်ဆုတ်ရ တော့မယ်၊ နောက်ပြီး ရိက္ခာထောက်ပို့အတွက် မိုးဗြဲက အရေးကြီးဆုံးပဲ။ ရိက္ခာမရှိတဲ့ စစ်တလင်းမှာ ဘယ်သူမှ ရေရှည် မနေနိုင်ဘူး။ အဲဒါကြောင့် စစ်ကောင်စီက မိုးဗြဲကို ရအောင်သိမ်းလိမ့်မယ်၊ နောက် ဒီဇင်ဘာ ရွေးကောက်ပွဲအတွက် မိုးဗြဲ လမ်း မပိတ်နိုင်ရင် ကယားပြည်နယ် ရွေးကောက်ပွဲမလုပ်နိုင်ဘူး။ ၁၂၀ မမ နဲ့ပစ်မယ်ဆိုရင် လွိုင်ကော်မြို့ပေါ်က မဲရုံတွေ ထိနိုင်တယ်။ အရင်ကာချုပ်လာတုန်းက နန်းမယ်ခုံကနေလှမ်းပစ်တာ ဒကစ ရှေ့ရောက်တာကိုး။ ဒါကြောင့် ရွေးကောက်ပွဲ အတွက် လွိုင်ကော်မြို့နဲ့ မိုင် ၃၀ ပတ်လည် ၄၀ ပတ်လည်ကို အပြောင်ရှင်းမှာ” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီ အားကိုးအားထားပြုနေသော ပအို့ဝ် ပြည်သူ့စစ် PNO သည် ရုရှားနည်းပြများဖြင့် ၅ လကြာ အထူးကွန်မန်ဒို သင်တန်းဆင်းပွဲကို မေလက ပြုလုပ်ခဲ့ပြီးနောက် ဖယ်ခုံနှင့် ထိစပ်နေသော ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့၌ လှုပ်ရှားခဲ့ပြီး ဖယ်ခုံမြို့နယ်အရှေ့ခြမ်းထိ စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ စစ်ကြောင်းထိုးနေသည်။

စစ်ကောင်စီ နှင့် PNO ပူးပေါင်းတပ်က မြေပြင်စစ်ကြောင်း အင်အားထောင်ချီ အသုံးပြုမှုနှင့် အတူ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်း တိုက်ခိုက်မှုများမှာ ပစ်မှတ် ပိုမိုတိကျပြီး နည်းပညာ အဆင့်မြင့်လာကြောင်း ရှမ်း-ကယားနယ်စပ်ရှိ ပူးပေါင်းတပ်ဖွဲ့ တခုမှ တာဝန်ရှိသူက ပြောသည်။

၎င်းက “အဓိက ရှမ်း-ကယားနယ်စပ် မိုးဗြဲ၊ ဖယ်ခုံတကြောတလျှေက် လူ၊ လက်နက်ကြီး၊ ဒရုန်း အဆမတန်အင်အားနဲ့ ထိုးစစ်ဆင်နေတယ်။ လက်နက်ကြီးနဲ့ ဒရုန်းကြောင့် နေ့စဉ်နဲ့အမျှ ရဲဘော်တွေ တော်တော်လေး အထိအခိုက်ဖြစ်နေတယ်၊ အခုနောက်ပိုင်း စစ်ကောင်စီရဲ့ သုံးလာတဲ့ နည်းပညာက တော်တော်မြင့်လာတယ် ပြောလို့ရတယ်၊ တော်တော်ကြိုးစားပြီး ခုခံနေကြရတယ် ‘’ ဟု ပြောသည်။

ရှမ်း- ကယားနယ်စပ် စစ်ကောင်စီ ထိုးစစ် ကို ကရင်အမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် ရှမ်းတောင်စစ်ဒေသ တပ်ရင်းများ ၊ ဖယ်ခုံ၊ မိုးဗြဲ နှင့် ကရင်နီမြို့နယ်တချို့မှ ဒေသ ကာကွယ်ရေးတပ်များနှင့် ကယန်းအမျိုးသားတပ်မတော်ကဲ့သို့ အခြားသော မဟာမိတ်တပ်များက ပူးပေါင်းပါဝင်တိုက်ခိုက်နေကြသည်။

အဓိကကျသည့် မိုးဗြဲစစ်မျက်နှာ၌ တော်လှန်ရေးပူးပေါင်းတပ်များအနေဖြင့် နေရာကောင်းများကို၊ လူအင်အားအပြည့် အစုံဖြင့် ယူထားနိုင်သော်လည်း အချိန်ကြာလာသည့်နှင့်အမျှ ခဲယမ်းအခက်အခဲများကြောင့် နေရာတချို့ကို တဖြည်းဖြည်း ဆုတ်ပေးလာရကြောင်း ပူးပေါင်းတပ်များနှင့်နီးစပ်သည့် မိုးဗြဲဒေသခံတဦးက ပြောသည်။

၎င်းက “စစ်ရေးအရဆိုရင် မိုးဗြဲမှာ စစ်ကောင်စီက သတ်ကွင်းဖြစ်တယ်။ ပူးပေါင်းတပ်တွေက အပေါ်စီးယူထားတာ။ ဟိုဘက်တက်လာရင် သက်ကွင်း။ မြောက်ဘက်ကိုပြေးရင် အင်းပြင်ကြီး။ ဒါပေမယ့် ကိုယ့်ဘက်က ကြာလာတော့ ခဲယမ်းအခက်အခဲက အဓိက စိန်ခေါ်မှုဖြစ်နေတယ်” ဟု ပြောသည်။

လတ်တလော တိုက်ပွဲများကြောင့် ဖယ်ခုံအရှေ့ဘက်ခြမ်းရှိ ဆောင်နန်းခဲကျေးရွာတွင် ရွာလုံးကျွတ်စစ်ရှောင်နေကြ သည့်မြင်ကွင်းများ / မိုးတိမ်

စစ်ကောင်စီ စစ်ရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ ကရင်နီပြည်နယ်တွင်း အထူးစစ်ဆင်ရေးတရပ်ဖော်ဆောင်နေသလို အချိန်ကိုက်လှုပ်ရှားမှုများ တွေ့နေရကြောင်း ကယန်းအမျိုးသားတပ်မတော် (KNA) ပြောခွင့်ရ ခွန်ဆောင်ဒူက ပြောသည်။

၎င်းထိုးစစ်သည် အာဏာသိမ်းကာလတလျောက် တော်လှန်မှုအားကောင်းနေသော ကရင်နီတော်လှန်ရေးတပ်များကို ဦးချိုးချင်သလို ရွေးကောက်ပွဲ မတိုင်မီ နေပြည်တော်နှင့် အနီးဆုံးနေရာကို အကောင်းဆုံး ကာကွယ်ထားလိုသည့် ရည်ရွယ်ချက်များရှိနိုင်ကြောင်း ပူးပေါင်းတပ်ဖွဲ့ဝင်များက ဆိုသည်။

ကရင်နီတပ်ပေါင်းစု၏ ပြီးခဲ့သော ၂၀၂၃ နိုဝင်ဘာ ၁၁ ရက်၌ ဖော်ဆောင်ခဲ့သော ၁၁၁၁ စစ်ဆင်ရေးအတွင်း ဆုံးရှုံး နယ်မြေများကို စစ်ကောင်စီက အင်အားထောင်ချီအသုံးပြု၍ ပြန်လည်ထိုးစစ်ဆင်နေခဲ့ရာ ပြီးခဲ့သောနှစ် ဇွန်လပိုင်းတွင် ကရင်နီပြည် ၏ အဓိက ဝင်ပေါက်တခုဖြစ်သည့် ဆီဆိုင်- လွိုင်ကော်လမ်းကြောင်း နှင့် လွိုင်ကော်မြို့တို့ကို ပြန်လည်ထိန်း ချုပ်နိုင်ခဲ့သည်။

ထို့နောက် ကျန်ဝင်ပေါက်များဖြစ်သည့် ဖယ်ခုံ- မိုးဗြဲ-လွိုင်ကော် လမ်းကြောင်းကို ဆက်လက်ထိုးစစ်ဆင်နေခဲ့ရာ ပြီးခဲ့သော နိုဝင်ဘာလအတွင်း ဖယ်ခုံမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မိုးဗြဲမြို့စွန်အခြေစိုက် ခမရ ၄၂၂ တပ်တွင် အင်အားများ ထပ်မံစုဆောင်း၍ ဒီဇင်ဘာနှောင်းပိုင်းမှစ၍ မိုးဗြဲမြို့ကို အကြိမ်ကြိမ်ထိုးစစ်ဆင်နေရာ ယခုအခါ မိုးဗြဲမြို့ပေါ်ထိ ဝင်ရောက်လာနိုင်ပြီဖြစ်သည်။

You may also like these stories:

ဘောလခဲနှင့် လွိုင်ကော်တိုက်ပွဲ စစ်တပ် အကျအဆုံးများ

ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား

ကရင်နီမှာ အထိုင်ပြန်ချဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

ကရင်နီစစ်ဆင်ရေး ၁ နှစ်ပြည့်ချိန် စစ်တပ် အင်အားဖြည့် လှုပ်ရှားလာ

စစ်ကောင်စီ ရွေးကောက်ပွဲ၏ ခါးသီးသော အမှန်တရားများ

Your Thoughts …
Tags: PNOကရင်နီမိုးဗြဲရွေးကောက်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
32.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.1k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

Next Post
မရှင်းလင်းတဲ့မူဝါဒနဲ့ ကချင်သယံဇာတ (ရုပ်/သံ)

မရှင်းလင်းတဲ့မူဝါဒနဲ့ ကချင်သယံဇာတ (ရုပ်/သံ)

ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်များကို စစ်ကောင်စီပူးပေါင်းတပ် ဆက်တိုက် မီးရှို့

ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်များကို စစ်ကောင်စီပူးပေါင်းတပ် ဆက်တိုက် မီးရှို့

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

4 days ago
3.8k
စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

13 hours ago
3.2k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate