တရုတ်အစိုးရသည် အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲတွင် အပေးအယူအဖြစ် ချုပ်ကိုင်ထားသည့် တွင်းထွက်များကို ထိန်းချုပ်ရန် လုပ်ဆောင်နေစဉ် တရုတ်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့အစည်း တခုသည် မြန်မာနိုင်ငံအရှေ့ပိုင်းမှ မြေရှားသတ္တုမိုင်းသစ်များကို အကာအကွယ်ပေးနေကြောင်း ထိုကိစ္စကိုသိသည့် လူ လေးဦး၏ ပြောကြားချက်အရ သိရသည်။
တရုတ်နိုင်ငံသည် လေအားလျှပ်စစ်တာဘိုင်များ၊ ဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် လျှပ်စစ်မော်တော်ယာဉ်များကို ဓာတ်အားပေးရာတွင် အရေးပါသည့် ကုန်စည်များဖြစ်သည့် သိပ်သည်းဆများသော မြေရှားသတ္တုများအား သံလိုက်အဖြစ် သန့်စင်ခြင်းကို လုံးဝနီးပါး လက်ဝါးကြီးအုပ်ထားသည်။
သို့သော် တရုတ်သည် ထိုပစ္စည်းများ ထုတ်လုပ်ရန် လိုအပ်သည့် မြေရှားသတ္တုများနှင့် အောက်ဆိုဒ်များအတွက် မြန်မာကို အကြီးအကျယ်မှီခိုရပြီး စစ်ဖြစ်နေသော မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ လေးလအတွင်း ထိုသတ္တုများတင်သွင်းမှု ထက်ဝက်နီးပါး၏ ရင်းမြစ်ဖြစ်ကြောင်း တရုတ် အကောက်ခွန် အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံမြောက်ပိုင်းမှ အဓိကကျသည့် သတ္တုတူးဖော်ရေး ဒေသတခုကို ကချင်လက်နက်ကိုင်အဖွဲ့ က တိုက်ခိုက် သိမ်းယူလိုက်ပြီးနောက် တရုတ်၏ ဒစ်ပရိုစီယမ်နှင့် တာဘီယမ်ကဲ့သို့ တွင်းထွက် သိုလှောင်မှုအသစ်များ ရရှိရေးသည် မကြာသေးမီက အကျပ်အတည်း ဖြစ်လာသည်။
မြန်မာနိုင်ငံမြောက်ပိုင်းမှ အဓိကကျသည့် သတ္တုတူးဖော်ရေး ဒေသတခုကို ကချင်လက်နက်ကိုင်အဖွဲ့ က တိုက်ခိုက် သိမ်းယူလိုက်ပြီးနောက် တရုတ်၏ ဒစ်ပရိုစီယမ်နှင့် တာဘီယမ်ကဲ့သို့ တွင်းထွက် သိုလှောင်မှုအသစ်များ ရရှိရေးသည် မကြာသေးမီက အကျပ်အတည်း ဖြစ်လာသည်။
ယခုအခါ မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ် တောင်စောင်းများတွင် တရုတ်သတ္တုတူးဖော်ရေး လုပ်ငန်းများသည် သတ္တုသိုက်သစ်များမှ ထုတ်ယူရန် လုပ်နေကြသည်ဟု အထက်ပါ သတင်းရင်းမြစ်များအနက် နှစ်ခုက ပြောသည်။ အနည်းဆုံး လူ ၁၀၀ ခန့်သည် နေ့ဆိုင်းညဆိုင်း လုပ်ကိုင်နေပြီး တောင်စောင်းကို တူးယူကာ ဓာတုပစ္စည်းများ အသုံးပြုပြီး တွင်းထွက်များ ထုတ်ယူနေသည်ဟု ထိုသတင်းရင်းမြစ်များက ပြောသည်။
မိုင်းဆတ်နှင့် မိုင်းယွန်းအကြားတွင် ထိုသတ္တုမိုင်းများမှ ပစ္စည်းများကို တင်ဆောင်လာပြီး ကီလိုမီတာ ၂၀၀ (၁၂၄ မိုင်ကျော်) ခန့်အဝေးရှိ တရုတ်နယ်စပ်သို့ ပို့ဆောင်သည့် ထရပ်ကားများကို တွေ့ခဲ့ကြောင်း ထိုဒေသမှ အခြားဒေသခံ နှစ်ဦးက ပြောသည်။
Reuters သတင်းဌာနသည် စီးပွားရေး ဂြိုဟ်တုဝန်ဆောင်မှုပေးသည့် Planet Labs and Maxar Technologies မှ ပုံများကို အသုံးပြုပြီး ထိုသတ္တုတူးဖော်သည့် နေရာအချို့ကို ဖော်ထုတ်နိုင်ခဲ့သည်။
မြန်မာနိုင်ငံတဝန်းတွင် စီးပွားရေးမှတ်တမ်း ထိန်းသိမ်းမှုညံ့ဖျင်းပြီး သိရှိရန်ခက်ခဲကာ Reuters အနေဖြင့် ထိုသတ္တုမိုင်းများ၏ ပိုင်ဆိုင်မှုကို သီးခြားလွတ်လပ်စွာ ဖော်ထုတ်နိုင်ခြင်း မရှိပေ။
ထိုသတ္တုမိုင်းများသည် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ အကာအကွယ်ဖြင့် လည်ပတ်နေကြောင်း အထက်ပါ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရပြီး ၎င်းတို့အနက် နှစ်ဦးသည် ထိုလက်နက်ကိုင်အဖွဲ့၏ စစ်ဝတ်စုံများကို ခွဲခြားသိသူများဖြစ်သည်။
ထိုသတ္တုမိုင်းများသည် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ အကာအကွယ်ဖြင့် လည်ပတ်နေကြောင်း အထက်ပါ သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရပြီး ၎င်းတို့အနက် နှစ်ဦးသည် ထိုလက်နက်ကိုင်အဖွဲ့၏ စစ်ဝတ်စုံများကို ခွဲခြားသိသူများဖြစ်သည်။
ရှမ်းပြည်နယ်မှ အကြီးဆုံးလက်နက်ကိုင်အဖွဲ့များတွင် ပါဝင်သည့် UWSA သည် ကမ္ဘာ့အကြီးမားဆုံး သံဖြူတွင်းများအနက် တခုကိုလည်း ပိုင်ဆိုင်သည်။ ထိုအဖွဲ့သည် တရုတ်နိုင်ငံနှင့် ရှည်ကြာသော စီးပွားရေးနှင့် စစ်ရေးဆက်စပ်မှုရှိသည်ဟု ပဋိပက္ခဖြေရှင်းရေး အကျိုးအမြတ်မယူသည့် အဖွဲ့အစည်း အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) ၏ အဆိုအရသိရသည်။

“အလယ်အလတ်အဆင့် ကြီးမားကျယ်ပြန့်တဲ့ နေရာတွေဟာ မြန်မာနိုင်ငံမြောက်ပိုင်းက ကချင်ပြည်နယ် ပြင်ပမှာ ပထမဆုံးအရေးပါတဲ့နေရာတွေ ဖြစ်ပုံရတယ်” ဟု မြန်မာ့မြေရှားသတ္တုလုပ်ငန်းကို အနီးကပ်လေ့လာနေပြီး ရှမ်းပြည်နယ်မှ သတ္တုမိုင်းများ၏ ဂြိုဟ်တုပုံများကို ကြည့်ရှုခဲ့သည့် မန်ချက်စတာတက္ကသိုလ်မှ ကထိက ပက်ထရစ် မီဟန်က ပြောသည်။
“ကချင်ပြည်၊ ရှမ်းပြည်နယ်ကနေ လာအိုနိုင်ငံအစိတ်အပိုင်းတွေအထိ ဆင်းလာတဲ့ မြေရှားသတ္တု ဒေသကြီးတခုရှိတယ်” ဟု ၎င်းကပြောသည်။
တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ UWSA နှင့် စစ်ကောင်စီတို့က Reuters ၏ မေးခွန်းများကို အကြောင်းပြန်ခြင်း မရှိပေ။
မြေရှားသတ္တုရရှိရေးသည် တရုတ်အတွက် ပိုမိုအရေးပါလာနေပြီး အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ၂၀၂၅ ခုနှစ်တွင် တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲ ပြန်လည်စတင်ပြီးနောက် တရုတ်သည် သတ္တုနှင့် သံလိုက်တင်ပို့မှု ကန့်သတ်ချက်များကို တင်းကျပ်ခဲ့သည်။
တရုတ်သည် မကြာသေးမီက ပိုမိုများပြားသော တင်ပို့မှုများကို ခွင့်ပြုခဲ့ပြီး မစ္စတာ ထရမ့်နှင့် အငြင်းပွားမှု တိုးတက်မှုများကို ဖော်ပြသော်လည်း ထိုလုပ်ရပ်သည် ကားထုတ်လုပ်သူများ၊ လေကြောင်း အာကာသဆိုင်ရာ ထုတ်လုပ်သူများနှင့် တပိုင်းလျှပ်ကူး ဆီမီးကွန်ဒတ်တာကုမ္ပဏီများ၏ ကုန်စည်ထုတ်လုပ်ရောင်းချရေး ကွင်းဆက်များကို မှောက်လှန်လိုက်သည်။
လွန်ခဲ့သော ၆ လအတွင်း တာဘီယမ် အောက်ဆိုဒ် ဈေးနှုန်း ၂၇ ရာခိုင်နှုန်းကျော်တက်ကြောင်း ရှန်ဟိုင်း သတ္တုဈေးကွက်က ဖော်ပြသည်။ ထိုကာလအတွင်း ဒစ်ပရိုစီယမ် အောက်ဆိုဒ် ဈေးနှုန်း အတက်အကျ အကြီးအကျယ်ရှိပြီး ၁ ရာခိုင်နှုန်းရှိသည်။
တရုတ်သြဇာ
ထိုင်းနယ်စပ်မှ ကီလိုမီတာ ၃၀ အကွာ ရှမ်းပြည်မှ သစ်တောထူသည့် တောင်များတွင် ထင်ရှားသော စက်ဝိုင်းပုံမြေကွက်လပ်တခု ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် စတင်ဖြစ်ပေါ်လာသည်ဟု Reuters က ကြည့်ရှုခဲ့သော ဂြိုဟ်တုပုံများအရ သိရသည်။
ကချင်ပြည်နယ်မှ သတ္တုမိုင်းများ ရပ်ဆိုင်းသွားပြီး မကြာမီ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထိုနေရာ၌ သန့်စင်ကန်ကြီးများ တဒါဇင်ကျော် ပေါ်လာပြီး ထိုရေကန်ကြီးများသည် ထုံးစံအားဖြင့် သိပ်သည်းဆများသော မြေရှားသတ္တု ထုတ်ယူရာတွင်သုံးသည့် ကန်ကြီးများဖြစ်ကြောင်း ဓာတ်ပုံများက ပြသသည်။
ကချင်ပြည်နယ်မှ သတ္တုမိုင်းများ ရပ်ဆိုင်းသွားပြီး မကြာမီ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထိုနေရာ၌ သန့်စင်ကန်ကြီးများ တဒါဇင်ကျော် ပေါ်လာပြီး ထိုရေကန်ကြီးများသည် ထုံးစံအားဖြင့် သိပ်သည်းဆများသော မြေရှားသတ္တု ထုတ်ယူရာတွင်သုံးသည့် ကန်ကြီးများဖြစ်ကြောင်း ဓာတ်ပုံများက ပြသသည်။
၆ ကီလိုမီတာဝေးသည့် ကော့မြစ်တဖက်ကမ်းတွင် သစ်တောရှင်းထားသည့် နောက်ထပ်နေရတခုကို ဂြိုဟ်တုဓာတ်ပုံများက ၂၀၂၄ ခုနှစ်၊ မေလတွင် ရိုက်ကူးထားသည်။ တနှစ်အတွင်း ထိုနေရာသည် သန့်စင်ကန် ၂၀ ရှိသည့် နေရာအဖြစ် ပြောင်းလဲသွားသည်။
ထိုရှမ်းပြည်နယ်မိုင်းများမှ အခြေခံအဆောက်အအုံများနှင့် မြေမျက်နှာသွင်ပြင် သိသိသာသာ တိုက်စားမှုက ထိုအဆောက်အအုံများသည် ထုတ်လုပ်မှု စတင်နေပြီးဖြစ်ကြောင်း Maxar ၏ ပုံများကို Reuters အတွက် ကြည့်ရှုသုံးသပ်ပေးသည့် တွင်းထွက်သုတေသီ ဒေးဗစ် မာရီယမ်က ပြောသည်။
ထိုမိုင်းများအနက်တခုကို တရုတ်စကားပြောသော မန်နေဂျာများ ခန့်ထားသည့် တရုတ်ကုမ္ပဏီတခုက စီမံခန့်ခွဲသည်ဟု သတ္တုမိုင်းလုပ်သား နှစ်ဦးနှင့် ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်း (SHRF) အဖွဲ့ဝင် နှစ်ဦးက ပြောသည်။ ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်းသည် ဂြိုဟ်တုပုံများကို သုံးပြီး ထိုလုပ်ငန်းများတည်ရှိမှုကို မေလက အစီရင်ခံစာတစောင်တွင် ဖော်ထုတ်သည့် လူ့အခွင့်အရေးအဖွဲ့ ဖြစ်သည်။
ထိုနေရာ နှစ်ခုအနက် တနေရာမှ ရုံးခန်းတခုတွင် တရုတ်စာဖြင့် ရေးသားထားသည့် ကုမ္ပဏီအမှတ်တံဆိပ် ရှိသည်ဟု အထက်ပါ အလုပ်သမားများအနက် တဦးက ပြောသည်။ အရေးကြီးသည့် ကိစ္စများကို ပြောဆိုဆွေးနွေးရသောကြောင့် ထိုအလုပ်သမားက အမည်ထုတ်ပြောခြင်း မရှိပေ။

တရုတ် လုပ်ငန်းလည်ပတ်သူများ ရှမ်းပြည်သတ္တုမိုင်းများတွင် အသုံးပြုခြင်းနှင့် ထုတ်ကုန်ကို တရုတ်သို့ ပို့ဆောင်ခြင်းသည် ကချင်ပြည်နယ်တွင် ပြုလုပ်သည့်စနစ်ကို ထင်ဟပ်နေသည်။ ကချင်ပြည်နယ်တွင် တောင်စောင်းကြီးများသည် သန့်စင်ကန်များကြောင့် ပျက်စီးနေသည်။
တရုတ် သတ္တုတူးဖော်ရေး လုပ်ငန်းများသည် သိပ်သည်းဆများသော မြေရှားသတ္တုအောက်ဆိုဒ်များကို အကုန်အကျနည်းနည်းဖြင့် ထုတ်ယူနိုင်ပြီး စည်းကမ်းထိန်းကြောင်းမှု လျော့ရဲသော မြန်မာတွင် အလားတူ သတ္တုသိုက်ရှိသော နေရာများထက် ၇ ဆ ပိုမို အကုန်အကျသက်သာသည်ဟု လန်ဒန်အခြေစိုက် Benchmark Mineral Intelligence မှ မစ္စ နေဟာ မူကာဂျီက ပြောသည်။ “အမြတ်အစွန်း အရမ်းများတယ်” ဟု ၎င်းကပြောသည်။
သိပ်သည်းဆများသော မြေရှားသတ္တုများ ထိထိရောက်ရောက် ထုတ်လုပ်သည့် နည်းပညာကို တရုတ်က တင်းကျပ်စွာ ချုပ်ကိုင်ထားပြီး တရုတ်အကူအညီမပါဘဲ မြန်မာတွင် ထိုလုပ်ငန်းလည်ပတ်ရန် ခက်ခဲသည်။
သိပ်သည်းဆများသော မြေရှားသတ္တုများ ထိထိရောက်ရောက် ထုတ်လုပ်သည့် နည်းပညာကို တရုတ်က တင်းကျပ်စွာ ချုပ်ကိုင်ထားပြီး တရုတ်အကူအညီမပါဘဲ မြန်မာတွင် ထိုလုပ်ငန်းလည်ပတ်ရန် ခက်ခဲကြောင်းလည်း ၎င်းကပြောသည်။
ရှမ်းပြည်နယ်မှ မိုင်းများသည် ကချင်ပြည်နယ်မှ မိုင်းများထက် ပိုမိုသေးငယ်ကြောင်း ဂြိုဟ်တု ဓာတ်ပုံများက ပြသသော်လည်း အလားတူ ဒြပ်စင်များကိုပင် ထုတ်လုပ်ပုံရသည်ဟု Project Blue အတိုင်ပင်ခံလုပ်ငန်းတွင် သုတေသန ဒါရိုက်တာဖြစ်သည့် မစ္စတာ မာရီမန်က ပြောသည်။
“ရှမ်းပြည်နယ်က သတ္တုသိုက်တွေမှာ တာဘီယမ်နဲ့ ဒစ်စပရိုစီယမ် ရှိလိမ့်မယ်။ သတ္တုတူးဖော်ရေးသမားတွေက အဲဒီဒြပ်စင်တွေကို ပစ်မှတ်ထားရှာကြတာ ဖြစ်မယ်” ဟု ၎င်းကပြောသည်။
သေနင်္ဂဗျူဟာကျ
UWSA သည် ဘယ်လ်ဂျီယံနိုင်ငံ အရွယ်အစားခန့်ရှိသော ပြည်နယ်ငယ်ကို ထိန်းချုပ်ထားပြီး အမေရိကန် တရားစွဲရှေ့နေများ၏ အဆိုအရ မူးယစ်ဆေးကုန်သွယ်မှုဖြင့် ချမ်းသာနေသည်မှာ ကာလကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။
ထိုအဖွဲ့သည် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲထားသည်မှ ကာလကြာမြင့်ပြီဖြစ်သော်လည်း တပ်အင်အား ၃၀,၀၀၀ မှ ၅၀,၀၀၀ အထိ ရှိကာ အဓိကအားဖြင့် တရုတ်မှဝယ်ယူသည့် ခေတ်မီလက်နက်များ တပ်ဆင်ထားကြောင်း အရှေ့တောင်အာရှ ငြိမ်းချမ်းရေး အင်စတီကျုမှ ဝါရင့်သုတေသီ ကိုရဲမျိုးဟိန်း၏ အဆိုအရ သိရသည်။
“မြန်မာ-တရုတ်နယ်စပ်မှာ သေနင်္ဂဗျူဟာကျတဲ့ သြဇာကို ထိန်းသိမ်းထားဖို့နဲ့ အခြားတိုင်းရင်းသား လက်နက်ကိုင်တွေကို သြဇာလွှမ်းမိုးဖို့ UWSA က တရုတ်ရဲ့ အဓိက ကြားခံအဖြစ် လုပ်ကိုင်တယ်”
“မြန်မာ-တရုတ်နယ်စပ်မှာ သေနင်္ဂဗျူဟာကျတဲ့ သြဇာကို ထိန်းသိမ်းထားဖို့နဲ့ အခြားတိုင်းရင်းသား လက်နက်ကိုင်တွေကို သြဇာလွှမ်းမိုးဖို့ UWSA က တရုတ်ရဲ့ အဓိက ကြားခံအဖြစ် လုပ်ကိုင်တယ်” ဟု ၎င်းကပြောသည်။
ထိုတိုက်ခိုက်ရေးသမားများအနက် အချို့သည် သတ္တုတူးဖော်သည့်ဒေသကို အနီးကပ်စောင့်ကြည့်သည်ဟု ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်းအဖွဲ့ဝင် လန်ဟန်က ပြောသည်။ “UWSA က ထုတ်ပေးတဲ့ မှတ်ပုံတင်မရှိရင် အဲဒီဒေသကို ဝင်ထွက်လို့မရဘူး” ဟု ၎င်းကပြောသည်။
အများအားဖြင့် ရှမ်းပြည်နယ်သည် လက်နက်ကိုင်အုပ်စု အမျိုးမျိုးက စစ်ကောင်စီကို တိုက်ခိုက်နေသည့် ရှည်ကြာသော ပြည်တွင်းစစ် ပြင်ပတွင် ရှိနေသည်။ တိုက်ပွဲများသည် ကချင်ပြည်နယ်မှ သတ္တုမိုင်းဒေသကိုလည်း ပျက်စီးစေပြီး တရုတ်များ လုပ်ငန်းရပ်ဆိုင်းထားရသည်။

တရုတ်က ၎င်း၏ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများရှိသည့် မြန်မာတွင် တည်ငြိမ်စေရေး ကြိုးစားသည်ဟု အကြိမ်ကြိမ်ပြောသည်။ တရုတ်အစိုးရသည် ၎င်း၏ နယ်စပ်အနီး ဒေသအချို့မှ တိုက်ပွဲများ ရပ်ဆိုင်စေရန် ကြားဝင်ဆောင်ရွက်သည်။
“ဝတွေက မြန်မာစစ်တပ်နဲ့ ပဋိပက္ခမဖြစ်တာ အခုဆိုရင် ၃၅ နှစ်လောက်ရှိပြီ။ တရုတ်ကုမ္ပဏီတွေနဲ့ တရုတ်အစိုးရက ဝဒေသတွေဟာ မြန်မာနိုင်ငံမြောက်ပိုင်းက အခြားဒေသတွေထက် ပိုမို တည်ငြိမ်တယ်လို့ မြင်တယ်” ဟု USIP မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဂျေဆင်တာဝါက ပြောသည်။
ရှမ်းပြည်နယ်မှ မြေရှားသတ္တုသိုက်များကို အားကိုးခြင်းသည် အရေးပါသော ထိုသတ္တုအတွက် ကမ္ဘာတွင် အလုအယက်ဖြစ်နေချိန်၌ တရုတ်ကို ပိုမိုသြဇာရှိစေကြောင်း Benchmark မှ မစ္စ မူကာဂျီက ပြောသည်။
“ကချင်ပြည်နယ်မှာ အဟန့်အတားများနေရင် အခြားရင်းမြစ်ကို သူတို့ရှာမှာပဲ။ သူတို့ သိပ်သည်းဆများတဲ့ မြေရှားသတ္တုတွေကို သူတို့လက်ထဲမှာ ထားချင်တယ်။ အဲဒါဟာ သေနင်္ဂဗျူဟာကျတဲ့ လက်နက်ဖြစ်တယ်”
“ကချင်ပြည်နယ်မှာ အဟန့်အတားများနေရင် အခြားရင်းမြစ်ကို သူတို့ရှာမှာပဲ။ သူတို့ သိပ်သည်းဆများတဲ့ မြေရှားသတ္တုတွေကို သူတို့လက်ထဲမှာ ထားချင်တယ်။ အဲဒါဟာ သေနင်္ဂဗျူဟာကျတဲ့ လက်နက်ဖြစ်တယ်” ဟု ၎င်းကပြောသည်။
(Reuters ပါ China-backed militia secures control of new rare earth mines in Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
မြေရှားသတ္တုရဲ့ အရေးပါမှုနဲ့ အန္တရာယ် (ရုပ်/သံ)
“ဒီမြေရှားသတ္တုကပဲ ကျနော်တို့ ကြမ္မာဆိုးတွေ ပိုပြီးတော့ ဖန်တီးစေတယ်”
မြန်မာ့မြေရှားသတ္တုက ရတနာသိုက်လား ကျိန်စာလား (ရုပ်/သံ)
မြေရှားသတ္တုအရေးပါမှု၊ ပထဝီနိုင်ငံရေး အပြောင်းအလဲနှင့် မြန်မာ့တော်လှန်ရေး
ဒေါ်နယ်ထရမ့်နဲ့ တရုတ်တို့ ဆက်ဆံရေးကြားက မြန်မာ့မြေရှားသတ္တု (ရုပ်/သံ)
မြန်မာ့မြေရှားသတ္တု တူးဖော်မှုက အနာဂတ်ကိုဖျက်ပြီး ပစ္စုပ္ပန်ကိုလည်း အဆိပ်ခတ်နေ
မြေရှားသတ္တုတူးနေကြသော တရုတ်-မြန်မာ နယ်စပ်က “စတေးခံဇုန်များ”
နယ်စပ်ကို ပိတ်ထားသော်လည်း မြေရှားသတ္တုကို တရုတ်က တံခါးဖွင့်ပေးထား