• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

by စွယ်တော်
17 June 2025
in သတင်း
A A
၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

၂၀၂၅ ခု ဇန်နဝါရီ ၃၁ရက်က နေပြည်တော်တွင် လုပ်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၅)အစည်းအဝေးတွင် တွေ့ရသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်

15.4k
VIEWS
Share on FacebookShare on Twitter

ယခုရက်ပိုင်းတွင် စစ်ကောင်စီတပ်တွင်းက တပ်မမှူး နှစ်ဦး၏ ဖြုတ်ထုတ်ရှင်း ဇာတ်လမ်းကို လူအများ စိတ်ဝင်စားလျက်ရှိကြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့အိတ်ကပ်အတွင်းက စိုက်ပေးစရာမလိုသည့် ရာထူးရော ဘွဲ့ထူးပါ အပေးကြမ်းနေသည်။

RelatedPosts

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

16 July 2025
1
မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

16 July 2025
2
နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

16 July 2025
604

ထို့အတူ ယခုကဲ့သို့ အရေးယူ အပြစ်ပေးမှုကလည်း နှစ်ဆလောက်တိုး၍ ကြမ်းသည်ဟု ဆိုရပေမည်။ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့လို လူကြီးသားက လူကြီးဖြစ်ခဲ့သူနှင့် လက်ရင်းတပည့် ငယ်မွေးခြံပေါက်များကိုပင် အရေးယူပြခဲ့သည်မဟုတ်ပါလော။

တိုင်းမှူးများဆိုလျှင်လည်း နေ့မြင်ညပျောက်ပင်။ မင်းအောင်လှိုင်လက်အောက် သဘောကျသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်လို လူမျိုးလည်း သက်ညှာမှုမရဘဲ ထောင် ၁၀ နှစ်ကျခဲ့သည်။

အလားတူ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်ကို ပစ်ခတ်မှုတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်၊ သူ့နောက်က လပခတိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းလည်း စဉ့်ကူးကို လက်လွှတ်ရသဖြင့် ပြုတ်ရပြန်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ “ငါကလွဲရင် အကုန်အပြစ်ရှိသည်” ဆိုသည့်သဘော အရေးယူခံရသည့် သာဓကများ ဖြစ်သည်။ တပ်မမှူး/စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခမှူး) များဆိုလျှင် လက်အောက်တပ်များက နာမည်ပင် မမှတ်မိသေးခင် ပြုတ်သွားသည့်ဖြစ်စဉ် အများအပြား အာဏာသိမ်း ကာလတလျှောက်တွင် ရှိခဲ့သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ “ငါကလွဲရင် အကုန်အပြစ်ရှိသည်” ဆိုသည့်သဘော အရေးယူခံရသည့် သာဓကများ ဖြစ်သည်။ တပ်မမှူး/စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခမှူး) များဆိုလျှင် လက်အောက်တပ်များက နာမည်ပင် မမှတ်မိသေးခင် ပြုတ်သွားသည့်ဖြစ်စဉ် အများအပြား အာဏာသိမ်း ကာလတလျှောက်တွင် ရှိခဲ့သည်။

ထို့ကြောင့် ယခု လတ်တလော တပ်မမှူး နှစ်ဦး အရေးယူခံရသည့်ဖြစ်စဉ်သည် ထူးဆန်းသောဖြစ်စဉ် မဟုတ်တော့ဟုပင် ဆိုရမည်။ အာဏာသိမ်းကာလအတွင်း လက်အောက်က အသက်များ၊ ဘဝများကို စတေးချင်တိုင်း စတေးနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် တပ်မမှူး နှစ်ဦးကို အရေးယူခြင်းသည် ခက်ခဲသောကိစ္စလည်း မဟုတ်ပေ။

ဖြုတ်ထုတ်ရှင်းခံရသည့် တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်

သို့သော် နောက်ကွယ်က အရေးယူရခြင်းအကြောင်းများကမူ အနည်းငယ် စိတ်ဝင်စားဖွယ်ကောင်းနေသည်ဟု ထင်မြင်မိပါသည်။ တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည့်အချက်အလက်များနှင့် မီဒီယာများတွင် ဖော်ပြနေကြသည့် အချက်များကို ပေါင်းစပ်ပြီး စိစစ်ကြည့်မိပါသည်။

တကယ်တမ်းဆိုရလျှင် “ဂဏန်းတပ်မ” ဟု လွယ်လွယ်ခေါ်ကြသည့် အမှတ် (၁၁) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၁၁) မှသည် တပ်မ ၁၀၁ အထိသည် “မာသောတပ်မများ” ဟု စစ်တပ်အတွင်း သတ်မှတ်ထားလေ့ရှိသည်။ ထိုတပ်မများကို အရေးကြီးစစ်ဆင်ရေးများတွင် တာဝန်ပေးအပ်လေ့ရှိသကဲ့သို့ ထိုတပ်မများကို ကွပ်ကဲရသည့် တပ်မမှူးအများစုသည်လည်း တဆင့်မြင့်ရာထူး ဆက်၍ ရနိုင်သူများသာဖြစ်လေ့ရှိသည်။ (ယခင်ဆောင်းပါးအချို့တွင်လည်း ရေးခဲ့ပြီးဖြစ်သည်။)

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များကို ကွပ်ကဲရသည့် စကခမှူးများထက် ခြေမြန်တပ်မဌာနချုပ်များကို ကွပ်ကဲရသည့် တပ်မမှူးများက ပို၍ အလားအလာရှိသူများဟုလည်း သတ်မှတ်လေ့ရှိသည်။ စစ်အာဏာသိမ်းကာလအတွင်း တပ်မများရော၊ စကခများပါ စစ်ဆင်ရေး အနားမရဘဲ နေရာစုံတွင် တိုက်ပွဲများ ဖြစ်ပေါ်လာသဖြင့် စစ်ဆင်ရေး ဆောင်ရွက်လျက်ရှိကြသည်။

ယခုတပ်မမှူးများ အရေးယူခံရသည့် တပ်မနှစ်ခုအနက် တပ်မ ၃၃ သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းမြောက် (စစ်ကူ) တို့တွင် အာဏာသိမ်းကာလအတွင်း စစ်ဆင်ရေး ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။

ယခု ဖြုတ်ထုတ်ရှင်းခံရသည့် တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်သည် ၂၀၂၃ ခုနှစ်တွင် ပခုက္ကူမြို့တွင် အခြေစိုက် တပ်မဖြစ်သည့် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် (တမခ ၁၀၁) ၏ ယာယီ တပ်မမှူးဖြစ်သည်။ ထိုစဉ်က တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကိုကိုလွင် အရေးယူခံရပြီးနောက် ၎င်းနေရာကို အစားထိုးရန်အတွက် သူ့ကို တပ်မပြောင်းကာ တပ်မ ၃၃ ယာယီ တပ်မမှူးတာဝန် ပေးခဲ့ခြင်းဖြစ်သည်။ တနည်းအားဖြင့် တပ်မ ၃၃ ယာယီ တပ်မမှူးအဖြစ် တပ်မပြောင်းလဲ၍ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့် ဦးစီးသည့် ရှေ့တန်း တပ်မဌာနချုပ်သည် လာဘ်လာဘ ပေါကြွယ်ဝသည့် ဖားကန့်ဒေသတွင် အထိုင်ချ၍ စစ်ဆင်ရေးကွပ်ကဲခဲ့သည်ကို တွေ့ရသည်။

တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့် ဦးစီးသည့် ရှေ့တန်း တပ်မဌာနချုပ်သည် လာဘ်လာဘ ပေါကြွယ်ဝသည့် ဖားကန့်ဒေသတွင် အထိုင်ချ၍ စစ်ဆင်ရေးကွပ်ကဲခဲ့သည်ကို တွေ့ရသည်။

သူ့ရှေ့က ဗိုလ်မှူးချုပ် ကိုကိုလွင် လက်ထက်ကလည်း ပြည်သူများကို ဖမ်းဆီးပြီး ပြန်ပေးဆွဲသလို ငွေတောင်းခြင်း၊ ကချင်ပြည်သူ့ ကာကွယ်ရေးတပ် (KPDF) များကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းနှင့် ကျောက်စိမ်းလုပ်ကွက်များမှ လာဘ်လာဘများစွာ ရယူခြင်းဖြင့် တပ်မ ၃၃ ရှေ့တန်းဌာနချုပ်မှာ နာမည်ကြီးခဲ့သည်။

တဖက်က တပ်မ ၉၉ ကိုကြည့်လျှင်လည်း စစ်အာဏာသိမ်းကာလအတွင်း ရခိုင်ပြည်နယ်၊ ရှမ်းမြောက်၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းနယ်မြေများတွင် စစ်ဆင်ရေးတာဝန် ထမ်းဆောင်ခဲ့သည်။ လားရှိုးကို လက်လွှတ်ရချိန်တွင် တပ်မမှူး ဗိုလ်မှူးချုပ် စိုးလှိုင် ဦးစီးပြီး တပ်မ ၉၉ ရှေ့တန်း တပ်မဌာနချုပ် မူဆယ်တွင် အထိုင်ချ ကွပ်ကဲနေခြင်းဖြစ်သည်။

လားရှိုးကို လက်လွှတ်ရခါနီးတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်က ကစထမှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးကို ပြန်ဆဲသဖြင့် အဝေးရှိ ဗိုလ်မှူးချုပ် စိုးလှိုင်ကို နယ်လှည့် ရမခ တိုင်းမှူးအဖြစ် ခန့်ခဲ့သည်။ လားရှိုးကို လက်လွှတ်ရပြီးနောက် အရေးမယူဘဲ စစ်ခေါင်းဆောင်၏ တပည့်ရင်းဖြစ်သည့် ဗိုလ်မှူးချုပ် စိုးလှိုင်ကို ရှမ်းအ‌ရှေ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ) တိုင်းမှူးအဖြစ် ခန့်အပ်သည်။

ထို့နောက် တပ်မ ၉၉ ယာယီ တပ်မမှူးအဖြစ် ဗိုလ်မှူးကြီး မိုးမြင့်ထွန်းကို ယာယီ တပ်မမှူးအဖြစ် ခန့်ထားပြန်သည်။ သို့သော် သူသည် ကျားဖြန့်ကိစ္စများတွင် ပါဝင်ပတ်သတ်မှုရှိကြောင်း တရုတ်ဘက်က သတင်းပေး တိုင်ကြားခံရသဖြင့် ယာယီ တပ်မမှူးဘဝနှင့် အရေးယူခံခဲ့ရသည်။

ထို့နောက် စစ်ဗျူဟာအဖွဲ့ (အခြေချ) ကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး တင်မောင်ကျော်ကို တပ်မ ၉၉ ၏ ယာယီ တပ်မမှူးအဖြစ် ခန့်အပ်ခဲ့သည်။ (စစ်ဗျူဟာအဖွဲ့ (အခြေချ) ကော့သောင်းနှင့် စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်တို့သည် စစ်တပ်တွင်း၌ နေရာကောင်းအဖြစ် နာမည်ကြီးသည့် အခြေချဗျုဟာများ ဖြစ်ကြသည်။)

လတ်တလော အာရက္ခတပ်တော် (AA) ၏ မကွေးထိုးစစ်ကို ပိတ်ဆို့ ခံစစ်ဆင်ရန် တပ်မမှူးဦးစီးသည့် ရှေ့တန်း တပ်မ ၉၉ ဌာနချုပ်သည် ပဒါန်းတွင် အခြေပြုနေသည်။ ယခုနှစ် ဇန်နဝါရီလ ၁၃ ရက်တွင် တပ်မမှူးသည် ပဒါန်းအခြေစိုက် အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ) ၉၀၅ နေရာကို ရောက်ရှိလာကာ ထိုတပ်တွင် အခြေပြုပြီး စစ်ဆင်ရေး ကွပ်ကဲနေခြင်း ဖြစ်သည်။

ယခုကဲ့သို့ တပ်မ ၃၃ နှင့် တပ်မ ၉၉ တို့မှ တပ်မမှူးများကို အရေးယူသည့် အခြေအနေများအား လက်လှမ်းမီသလောက် လေ့လာကြည့်မိသည်။

ဖားကန့်ဒေသတွင် စစ်ဆင်ရေးဆောင်ရွက်နေသည့် တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်သည် ကျောက်စိမ်းလုပ်ကွက်များကို ရာထူးတာဝန်နှင့်အာဏာ အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာ စီးပွားရေး လုပ်ဆောင်ခဲ့ခြင်း၊ ဖားကန့်သို့ စစ်ကောင်စီအင်အား ၆၀၀ သုံး၍ ချီတက်လာမှုတွင် အင်အား ၁၀၀ ခန့်သာ ဖားကန့်သို့ ရောက်ရှိလာခြင်းတို့ကြောင့် ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

ဖားကန့်သည် စစ်ဗိုလ်ချုပ်များအတွက် စားကျက်ကောင်းဖြစ်ပြီး မစားတတ်ပါက စစ်သင်္ချိုင်းဖြစ်လေ့ရှိသည့် နေရာလည်း ဖြစ်သည်။ (၂၀၁၈ ခုနှစ်က ဗိုလ်ချုပ် ညီညီဆွေနှင့် တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် မောင်မောင်ဇံတို့ အရေးယူခံရသည့်အမှုသည် ဖားကန့်ကိစ္စ အဓိကပင်ဖြစ်သည်။)

တပ်တွင်းသတင်းများအရ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်သည် ဖားကန့်တွင် စစ်ရေးအရ ရှုပ်ထွေးနေစဉ်မှာပင် KTV က ကြယ်စင်တို့၊ လမင်းတို့ထံ မပျက်မကွက် သတင်းပို့ရန် သွားရောက်ခဲ့ကြောင်း သိရသည်။ ထိုသတင်းက နေပြည်တော်စစ်ရုံးအထိ ရောက်ပြီး မကြာမီ ယခုကဲ့သို့ အရေးယူခံလိုက်ရခြင်း ဖြစ်သည်။

တပ်တွင်းသတင်းများအရ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်သည် ဖားကန့်တွင် စစ်ရေးအရ ရှုပ်ထွေးနေစဉ်မှာပင် KTV က ကြယ်စင်တို့၊ လမင်းတို့ထံ မပျက်မကွက် သတင်းပို့ရန် သွားရောက်ခဲ့ကြောင်း သိရသည်။ ထိုသတင်းက နေပြည်တော်စစ်ရုံးအထိ ရောက်ပြီး မကြာမီ ယခုကဲ့သို့ အရေးယူခံလိုက်ရခြင်း ဖြစ်သည်။

ခန့်မှန်းကြည့်ရပါက ဖားကန့်ကဲ့သို့သောနေရာတွင် ထားပေးထားသော်လည်း သူ့အတွက် စစ်ကိုနိုင်အောင် မတိုက်နိုင်သည့်အပြင် ဇိမ်ခံနေသဖြင့် စစ်ခေါင်းဆောင် မင်း‌အောင်လှိုင်က အမျက်တော်ရှကာ ပုံစံကောင်းကောင်းပေးလိုက်ခြင်းဟု ဆိုရမည်။ ထို့ကြောင့် မိသားစုကိုပါ အကျယ်ချုပ်နှင့် ထိန်းသိမ်းပြီး သူ့ကို မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ၏ နန်းတွင်းစစ်ကြောရေးကို အရောက်တန်းပြီးပို့ခြင်း ဖြစ်သည်။

တဖန် AA ၏ မကွေးထိုးစစ်ကို ခုခံနေရသည့် တပ်မ ၉၉ တပ်မမှူးကို အရန်အင်အားသွင်းသည့်ကိစ္စကို ကြည့်ပါက စစ်ရေးအထိနာမှုအတွက် တာဝန်ရှိသူအဖြစ် ခေါင်းစဉ်တပ်ပြီး တပ်မမှူးရာထူးမှ ဖယ်ရှားခြင်းဟု ယူဆရသည်။

AA ဘက်က အမ်း-ပဒါန်းလမ်းကို ထိန်းချုပ်ပြီး မကွေးတိုင်းထိုးစစ်ကို ပုံဖော်လျက်ရှိသည်။ ထိုကာလအတွင်း AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်အတွင်း တပ်မ ၉၉ လက်အောက်ခံ နည်းဗျုဟာများနှင့် ခြေလျင်/ခြေမြန် တပ်ရင်းများ အထိနာခဲ့ကြသည်။

၂၀၂၄ ခုနှစ် မေလ ၆ ရက်နေ့တွင် AA က ထုတ်ပြန်သော လက်နက်ချ မြန်မာစစ်သားများ ဓာတ်ပုံ/ AA Info Desk

တပ်မ ၉၉ လက်အောက်ခံ နည်းဗျုဟာ ၉၉၂ ၏ ယာယီ နည်းဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး ကျော်ကျော်သက်ကို ဂုတ်စည်းရိုးရွာအနီးတွင် ဖမ်းဆီးရမိပြီးနောက် သူကိုယ်တိုင် ဖြေဆိုထားသည့် ရုပ်သံအင်တာဗျူး ထွက်ပေါ်ခဲ့သေးသည်။ အင်တာဗျူးအရ တပ်မ ၉၉ နှင့် လက်အောက်ခံတပ်များအတွင်း အင်အားနှင့်စိတ်ဓာတ် အဆမတန် ကျဆင်းနေကြောင်း ပေါက်ကြားခဲ့သည်။ ထိုဖြစ်စဉ်ကတည်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အငြိုးထားမှုကို တပ်မမှူး ဗိုလ်မှူးချုပ် တင်မောင်ကျော် ခံခဲ့ရပြီးဖြစ်သည်။

ထိုအခြေအနေမှ ပြီးခဲ့သည့် ဇွန်လ ၄ ရက် နံနက်ပိုင်းတွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းရှိ စစ်ကောင်စီ၏ နတ်ရေကန် MPT တာဝါတိုင်စခန်းကို AA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။ စစ်ကောင်စီဘက်က နတ်ရေကန်ဗျုဟာ၏ ကာကင်းဖြစ်သဖြင့် MPT တာဝါတိုင်စခန်းတွင် အင်အားရာချီပြီး ခုခံခဲ့သော်လည်း AA ထိုးစစ်အောက်တွင် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးခဲ့ရသည်။ ထိုစခန်းနှင့် နတ်ရေကန်ဗျူဟာစခန်းသည် ၂ ကီလိုမီတာနီးပါးခန့်သာ ဝေးသည့်အနေအထား ဖြစ်သည်။

နတ်ရေကန်စခန်းသာ လက်လွှတ်ရလျှင် AA ၏ ထိုးစစ်သည် မကွေးတိုင်းအတွင်းက ငဖဲမြို့ကို အေးအေးဆေးဆေး ဝင်ရောက်နိုင်သည့်သဘောကို တွေ့ရသည်။ ထို့ကြောင့် ဂုတ်စည်းရိုးကတည်းက အငြိုးထားခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယခုအချိန်တွင် တခါတည်း ဖြုတ်ထုတ်ရှင်းခဲ့ခြင်းဖြစ်သည်။

နတ်ရေကန်စခန်းသာ လက်လွှတ်ရလျှင် AA ၏ ထိုးစစ်သည် မကွေးတိုင်းအတွင်းက ငဖဲမြို့ကို အေးအေးဆေးဆေး ဝင်ရောက်နိုင်သည့်သဘောကို တွေ့ရသည်။ ထို့ကြောင့် ဂုတ်စည်းရိုးကတည်းက အငြိုးထားခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယခုအချိန်တွင် တခါတည်း ဖြုတ်ထုတ်ရှင်းခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ် တင်မောင်ကျော်က တပ်တွင်းပုန်ကန်ဖို့လုပ်သည်ဆိုသည့် သတင်းများက မဖြစ်နိုင်ပေ။ ဒုစစ်ခေါင်းဆောင် စိုးဝင်းပင် လှုပ်မရအောင် လုပ်ထားသည့် စစ်တပ်တွင် စစ်ရှုံးတပ်မမှူးသည် ပုန်ကန်ရန်ထက် ထောင်မကျစေရန်သာ ဆုတောင်းနေရမည်ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ သူ့အာဏာတည်မြဲရေးအတွက် စစ်ရှုံးနေသည့် တပ်မှူးအဆင့်ဆင့်ကို အပြစ်ရှာပြီး စတေးနေဦးမည်သာ ဖြစ်သည်။

ဗိုလ်မှူးချုပ် တင်မောင်ကျော်ကို ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်ကဲ့သို့ အရေးယူဖို့ထက် အရန်အင်အားအဖြစ်သာ သွင်းပြီး အနားပေးဖွယ်ရှိသည်။ စစ်ရှုံးတပ်မမှူးများကို စစ်အာဏာသိမ်းကာလအတွင်း အရန်အင်အားသွင်းခြင်းမှာလည်း မဆန်းပေ။ ကရင်နီဒေသတွင် တပ်မမှူးအချို့ စစ်ရှုံးသဖြင့် အရန်အင်အား အသွင်းခံခဲ့ရပြီး အချို့မှာ နယ်ဘက်အစိုးရဌာနများသို့ပင် ပြောင်းခွင့်ရခဲ့ကြသေးသည်။

ယခုလည်း တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်နေရာတွင် ယာယီ တပ်မမှူးအသစ်အဖြစ် ကလောရှိ စစ်ဦးစီးတက္ကသိုလ် (ဥစတ) မှ ဗိုလ်မှူးကြီး ကောင်းမင်းထွဋ်ကို အစားထိုး ခန့်အပ်လိုက်သည်။ တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် တင်မောင်ကျော်နေရာတွင် ယာယီ တပ်မမှူးအသစ်အဖြစ် စစ်ဗျူဟာအဖွဲ့ (အခြေချ) ဟားခါးမှ အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်းကို အစားထိုး ခန့်အပ်လိုက်သည်။

သူတို့သည်လည်း ရှေ့က စီနီယာတပ်မမှူးများကဲ့သို့ စစ်ခုံရုံးအတင်ခံရမည်လား၊ အရန်အင်အား အသွင်းခံရမည်လား မည်သို့ အဆုံးသတ်မည်ကို ကြို၍မသိနိုင်ပေ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ သူ့အာဏာတည်မြဲရေးအတွက် စစ်ရှုံးနေသည့် တပ်မှူးအဆင့်ဆင့်ကို အပြစ်ရှာပြီး စတေးနေဦးမည်သာ ဖြစ်သည်။ တနည်းအားဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် အာဏာသိမ်းမိသည့်အမှားကို ဖုံးကွယ်ရန် လက်အောက်က မည်သူ့ကိုမဆို အပြစ်ရှာ အရေးယူနေဦးမည်မှာ မလွဲပေ။

(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)

You may also like these stories:

ယာယီ နည်းဗျူဟာမှူး ကျော်ကျော်သက် အဖမ်းခံရခြင်း နောက်ကွယ်

တပ်မ ၇၇ တပ်မမှူး လက်နက်ချ အဖမ်းခံရခြင်း

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

ထောင်မှ ထွက်ပြီး စစ်မှုထမ်းသော စစ်သားဟောင်းများ ပြန်ထွက်မရ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ (ရုပ်/သံ)

စစ်ကောင်စီရဲ့ တပ်တွင်းစည်းရုံးရေး ပြိုကွဲနေ

လက်နက်ချ ဗိုလ်မှူးချုပ်များကို အရေးယူမှုက အာဏာဖီဆန်မှုများ ဖြစ်လာနိုင်ဟုဆို

Your Thoughts …
Tags: AAကျားဖြန့်ကျော်ဆက်မြင့်စစ်ကောင်စီစစ်အာဏာသိမ်းမှုတင်မောင်ကျော်ဖြုတ်ထုတ်သတ်လာဘ်ပေးလာဘ်ယူမှုအရန်အင်အား
စွယ်တော်

စွယ်တော်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့ – အပိုင်း ၂ (ရုပ်/သံ)

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့ - အပိုင်း ၂ (ရုပ်/သံ)

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

1 week ago
8.8k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.5k

Most Read

  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate