• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကရင်နီ၌ စက်သုံးဆီပြတ်လာ

by ဧရာဝတီ
20 June 2025
in သတင်း
A A
ကရင်နီ၌ စက်သုံးဆီပြတ်လာ

ကရင်နီအတွင်း စက်သုံးဆီ သယ်ယူ ရောင်းချမှုမြင်ကွင်း/ Karenni People Voice

411
VIEWS
Share on FacebookShare on Twitter

ကရင်နီ(ကယားပြည်နယ်)အတွင်း စက်သုံးဆီရှားပါး ပြတ်လပ်မှုကို စတင်ကြုံနေရပြီး ဈေးကစားခြင်း ဈေးတင်ခြင်း မလုပ်ရန် တော်လှန်ရေးခေါင်းဆောင်များက သတိပေးထားသည်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဒုစစ်ဦးစီးချုပ် မာဝီက ခေတ်ပျက်ချိန် ကြီးပွားချင်၍ မရကြောင်း၊ ပြည်သူအတွက် အလွန်အကျွံထိခိုက်လာပါက လုပ်သင့်သည်ကိုလုပ်မည်ဖြစ်ကြောင်း ဆိုသလို စစ်ရေးချုပ် ခူးရီဒူး က လည်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က စက်သုံးဆီပြတ်လပ်မှု ဈေးအဆမတန်မြင့်တက်မှုအပေါ် ကိုင်တွယ်လုပ်ဆောင်မှုကို လိုက်နာဆောင်ရွက်မည်ဟု ၎င်းတို့၏ လူမှုကွန်ရက်မှတဆင့် ပြောဆိုခဲ့သည်။

RelatedPosts

ညောင်ဦးဒေသခံနှစ်သောင်းကျော် စစ်ကြောင်းမီးရှို့၍ ထွက်ပြေးရ

ညောင်ဦးဒေသခံနှစ်သောင်းကျော် စစ်ကြောင်းမီးရှို့၍ ထွက်ပြေးရ

17 July 2025
69
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

17 July 2025
460
ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

17 July 2025
284

ထိုသို့ ကရင်နီပြည်၌ စက်သုံးဆီပြတ်လပ်လာခြင်းမှာ တော်လှန် ရေးအင်အားစုများ၊ ဒေသခံများ၊ စစ်ဘေးရှောင်များ အဓိကသုံးသည့် လမ်းကြောင်းများ ပိတ်သွားခြင်းနှင့် စစ်ကောင်စီက ပိတ်ဆို့ဖြတ်တောက်ထားခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ ယခု ဆီ ၁လီတာလျှင် ငွေကျပ် ၁ သောင်းခန့်အထိ ဖြစ်နေပြီး တချို့နေရာများတွင် ဝယ်ယူ၍ မရကြောင်း ဒေသခံများနှင့် စစ်ရှောင်တို့အား ကူညီနေသူများက ပြောသည်။

ဒီးမော့ဆိုအနောက်ခြမ်းမှ ဒေသခံအမျိုးသမီးတဦးက “နှစ်ရက်လောက်ရှိပြီမရတာ၊ လမ်းကြောင်းတွေပိတ်လို့။ ဆီတွေဝယ် မရတာ၊ ဆီဆိုင်တွေလည်းအကုန်ပိတ် ရောင်းတဲ့သူတွေကလည်း ၁ လီတာကို ကျပ် ၁၀၀၀၀ လောက်ရှိပြီ” ဟု ပြောသည်။

ပုံမှန်ကရင်နီသို့ ဝင်ရာ ဖယ်ခုံ၊ မိုးဗြဲလမ်းကြောင်းကို စစ်တပ်မှ စစ်ကြောင်းထိုးနေ၍ လုံးဝပိတ် ထားသလို တချို့တောလမ်း များကလည်း မိုးရာသီ လမ်းပျက်၍ ဆီသယ်၍ မရကြောင်း၊ တောင်ငူ- ဆီဘူးလမ်းကြောင်းမှာလည်း ကရင်အမျိုးသား အစည်းအရုံး (KNU)တပ်မဟာ ၂ ဘက်၌ စစ်ရေးအခြေအနေကြောင့် ပိတ်ထားသဖြင့် ဆီအဝင်လုံးဝမရှိတော့သည့် အခြေအနေဖြစ်နေကြောင်း ဖယ်ခုံစစ်ရှောင်အရေး ကူညီနေသူတဦးက ပြောသည်။

၎င်းက “ဆီက ၁ ပေပါကို ၁၄ သိန်းကျော်နေပြီ။ ဒါတောင် ရောင်းမယ့်သူမရှိတော့ဘူး၊ အခုက ဒေသခံတွေနဲ့ စစ်ရှောင်တွေ အရေးပေါ်ပြောင်းရွှေ့နေကြရသလို လက်နက်ကြီး၊ ဒရုန်းတွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေမျိုးမှာ ဆီမရှိရင် အရေးပေါ် သွားရေးလာရေး အများကြီး ခက်ခဲသွားပြီ” ဟု ပြောသည်။

စစ်ကောင်စီထိန်းချုပ်ရာ လွိုင်ကော်တွင် ဆီဆိုင်လမ်းကြောင်းမှ လောင်စာဆီ ပုံမှန်ဝင်သဖြင့် ဆီဈေးက တလီတာ ကျပ် ၄၀၀၀ ဝန်းကျင်သာရှိသော်လည်း၊ ထိုမှ တော်လှန်ရေးတပ်များ ထိန်းချုပ်ရာ တခြားဒေသများသို့ ဆီရောက်မသွားစေရန် စစ်ကောင်စီက မြို့အထွက် ပတ်ပတ်လည်ကို ပိတ်ဆို့ ဖြတ်တောက်ထားသည်။

လွိုင်ကော်မြို့ခံတဦးက “လွိုင်ကော်က ဆီဆိုင်တွေနဲ့ ဆီဖြန့်ဖြူးတဲ့သူတွေကို စစ်ကောင်စီက ထိန်းချုပ်ထားတယ်။မြို့ထွက် ဂိတ်တွေမှာ စရဖတွေ သွားထိုင်ပြီး စောင့်ကြည့်နေတာ။ ဆီ ၁၀ ပေပါ လောက် တင်လာရင် ဘယ်သူလဲ၊ ဘယ်သွားမှာလဲ ဆိုပြီး တခါတည်း ဖမ်းထားတယ်” ဟု ပြောသည်။

စစ်ကောင်စီက ဒီးမော့ဆို ၊ ဖရူဆို ၊ ရှားတော ၊ဘောလခဲ ၊ ဖားဆောင်း တော်လှန်ရေးတပ်များ ထိန်းထားသည့် နေများသို့ ဆီမဝင်နိုင်အောင် ဖြတ်တောက်ထားသလို မယ်စဲ့မြို့နယ်အပါအဝင် နယ်စပ်ဒေသများတဆင့် ဆီများမဝင်နိုင်အောင်လည်း စစ်ကောင်စီက ထိုင်းနိုင်ငံကို အကူအညီ တောင်းထားသည်။

ကရင်နီအတွင်း စက်သုံးဆီ သယ်ယူ ရောင်းချမှုမြင်ကွင်း/ Karenni People Voice

စစ်ကောင်စီနှင့်နီးစပ်သည့် လွိုင်ကော်မြို့ခံတဦးက “ထိုင်းနယ်စပ်အကုန် ပိတ်ဆို့ထားတယ်။ ထိုင်းနယ်ခြားစောင့် တပ် တွေက ဆီပေးမသွင်းဘူး။ မော်ချီးက ခဲတွေကို တရုတ်က ထိုင်းမှာ ဂိုထောင်ကြီးဆောက်ပြီး ဝယ်နေတာလည်း အကုန် ဖမ်းထားခိုင်းတယ်ပြောတယ်။ ထိုင်းကတပ်နဲ့ မြန်မာတပ် စစ်သံမှူးချင်းစကား ပြောထား တယ်။ နိုင်ငံတော်က တရားဝင် မရဘဲနဲ့ ဝင်လာတဲ့ဟာတွေဖမ်းဖို့ ” ဟု ပြောသည်။

ယင်းသို့ ဆီပြတ်လပ်မှုနှင့် ပတ်သက်၍ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဒုစစ်ဦးစီးချုပ် မာဝီက ပစ္စည်းပြတ်လပ်မှုကို အခွင့်ကောင်းယူ၍ ဓာတ်ဆီ၊ ဒီဇယ်ဈေးကစားကြသူများအနေဖြင့် သတိထားကြရန် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ပြောကြားထားသည်။

ကရင်နီပြည်၌ စက်သုံးဆီများ ရှေ့ဆက်၍ ရှားပါးပြတ်လပ်သွားမည်ဆိုပါက လက်ရှိတိုက်ပွဲများ ပြင်းထန်နေသည့် အခြေ အနေကြောင့် ထိခိုက်ဒဏ်ရာရရဲဘော်များကို နာရီနှင့်ချီသွားရသော ဆေးရုံ ၊ ဆေးခန်းများသို့ကားဖြင့် ခေါ်ဆောင်ရန် အခက်ခဲဖြစ်နိုင်ပြီး မလိုအပ်ဘဲ အသက်ဆုံးရှုံးရနိုင်ကြောင်း တော်လှန်ရေးရဲဘော်များက ပြောသည်။

ထို့ပြင်တော်လှန်ရေးတပ်များ စိုးမိုးထားသော နေရာများ၌ လျှပ်စစ်မီးမရသောကြောင့် စက်သုံးဆီများမရရှိပါက ရဲဘော်များနှင့် ဒေသခံများအတွက် ဆေးဝါးကုသပေးနေသည့် ဆေးရုံ ၊ ဆေးခန်းများ၌ ကျန်းမာရေး ဝန်ဆောင်မှုများ ရပ်ဆိုင်းသွားသည်အထိ ဆုံးရှုံးမှုကြီးနိုင်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းကလည်း ထောက်ပြနေကြသည်။

လက်ရှိကြုံနေရသော စက်သုံးဆီပြဿနာသည် စစ်ရေး၊ နိုင်ငံရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေ အရပ် ရပ်ကြောင့် ဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)အတွင်းရေးမှူး ၂ ဦးဗညားခွန်အောင် ကပြောသည်။

၎င်းက “ဒါကဦးဆုံးအကြိမ် မြန်မာနိုင်ငံမှာ ဈေးနှုန်းကြီးတဲ့ဒဏ်ကို ခံရတာ မဟုတ်ပါဘူး၊ တိုင်းနဲ့ ပြည်နယ်တချို့ နေရာ မှာလည်း စစ်ရေးအရ လမ်းကြောင်းပိတ်ဆို့မှုအရ ဈေးနှုန်းတွေမြင့်ခဲ့ဖူးတာရှိတယ်၊ အခု ကရင်နီမှာလည်း အဲဒီလို မျိုးအခြေအနေကြောင့်ပါ” ဟု ပြောသည်။

လက်ရှိ ကရင်နီပြည်နယ်၌ စက်သုံးဆီရှားပါးသည့်ပြဿနာအား ဖြေရှင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ စွမ်းအင်လုံခြုံရေးဆိုင်ရာ အခြေအနေများကြောင့် ဖြေကြား၍မရနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

ကရင်နီပြည်တွင် မယ်စဲ့၊ ဒီးမော့ဆို၊ မော်ချီး၊ နန့်မယ်ခုံ၊ ရှားတော၊ ရွာသစ်စသော မြို့နယ်များကို တော်လှန်ရေးတပ်များက အလုံးစုံ စိုးမိုးထိန်းချုပ်ထားကာ ပြည်နယ်၏ ၇၀ ရာခိုင်နှုန်းနီးပါး ထိန်းချုပ်ထားကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ထားသည်။

You may also like these stories:

ရွေးကောက်ပွဲအတွက် နယ်မြေရှင်းမည့် ကရင်နီထိုးစစ် ပိုပြင်းထန်လာ

ကရင်နီမှာ အထိုင်ပြန်ချဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

ဘောလခဲနှင့် လွိုင်ကော်တိုက်ပွဲ စစ်တပ် အကျအဆုံးများ

ရှမ်းနယ်စပ်၌ စစ်တပ်နှင့် ကရင်နီတော်လှန်ရေးအဖွဲ့တို့ တိုက်ပွဲပြင်းထန်

Your Thoughts …
Tags: KNDFကရင်နီစက်သုံးဆီပြတ်လပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

by ယုဇန
18 December 2023
28.2k

သူ၏စကားများကြောင့် လူမှုကွန်ရက်တွင် ဝေဖန်မှတ်ချက်ပေးသူများ ဒေါသထွက်ကြပြီး လူသားချင်းစာနာမှု ကင်းမဲ့သူအဖြစ် ဝေဖန်ပြီး ဆဲဆိုကြသည်။

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
16 September 2023
22.4k

သေးဆူလဲတိုက်ပွဲနှင့် ပတ်သက်၍ KNDF ၏ ထုတ်ပြန်ချက်တွင် မီဒီယာနှင့်ပတ်သက်၍ အထူးအလေးထား ဖော်ပြထားသည်ကို တွေ့ရ၏။

စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

by Zachary Abuza
28 August 2024
16.2k

အတိုက်အခံတို့၏ စစ်ရေး အောင်မြင်မှုများသည် စစ်မြေပြင်ကို အခြေခံအားဖြင့် ပြောင်းလဲစေပြီး စစ်တပ် မည်သို့ နာလန်ထမည်ကို မှန်းဆရန် ခက်ခဲသည်။

ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

by စောရယ်
3 December 2023
14.6k

လွိုင်ကော်ကို ရသွားရင် ကျန်တဲ့မြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေကိုပါ ချေမှုန်းသွားနိုင်တော့မှာလို့ ယုံကြည်တာကြောင့် စစ်ပွဲကို ဆင်နွှဲနေတာလည်းဖြစ်ပါတယ်။

Next Post
ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate