• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

by ဧရာဝတီ
23 June 2025
in သတင်း
A A
TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

၂၀၁၅ ခုနှစ်က တွေ့ရသည် မိုးကုတ် ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်းခွင်တခု / ဧရာဝတီ

3k
VIEWS
Share on FacebookShare on Twitter

ပလောင်လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သည် မန္တလေးတိုင်းမြောက်ပိုင်း မိုးကုတ်မြို့မှ ကျောက်တူးဖော်သည့် လုပ်ငန်းများကို လက်ဝါးကြီးအုပ်ထားပြီး အလွန်အကျွံ တူးဖော်သောကြောင့် ဒေသသဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည်ဟု ဒေသခံများက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်နက်ကိုင်တပ်ဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ အကူအညီဖြင့် TNLA တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့သည် တလကြာ တိုက်ခိုက်ပြီးနောက် မိုးကုတ်ကို စစ်ကောင်စီထံမှ သိမ်းယူသည်။

RelatedPosts

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ပဋိပက္ခပြင်းထန်နေ (ရုပ်/သံ)

9 July 2025
56
ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

9 July 2025
162
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
169

ထိုမြို့ကို ထိန်းချုပ်ပြီးနောက် TNLA သည် ပတ္တမြားမြေကို အုပ်ချုပ်သည်။

၂၀၂၁ ခုနှစ် နှောင်းပိုင်းတွင် Global Witness က ထုတ်ပြန်သည့် အစီရင်ခံစာတစောင်အရ မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းသည် “တရားဝင်ထုတ်လုပ်မှုကို အခြေခံပြီး နှစ်စဉ် ဒေါ်လာ ၃၄၆ သန်းမှ ၄၁၅ သန်းအထိ” တန်ကြေးရှိသည်။ သို့သော် ထိုကဏ္ဍသည် အမှန်တကယ်တွင် ထိုပမာဏာ၏ ၅ ဆ အထိ များနိုင်ကြောင်း Global Witness က ခန့်မှန်းသည်။

TNLA နှင့် ထိပ်တန်းအရာရှိများသည် မိုးကုတ်မှ ကျောက်မျက်တူးဖော်သည့် လုပ်ငန်းများကို လက်ဝါးကြီးအုပ်ထားသည်ဟု မိုးကုတ်ဒေသခံများက ပြောသည်။

TNLA သည် ကျောက်အကြီးအကျယ် တူးဖော်ခြင်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် တရားဝင် စတင်ခွင့်ပြုသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ အစောပိုင်းက မိုးကုတ်မြို့ကို သိမ်းပိုက်ပြီးနောက် TNLA နှင့် မန္တလေး PDF အဖွဲ့ဝင်များ စစ်ဆေးနေစဉ် / Mai A Hein

စစ်အုပ်စုက ယခင်ခွင့်ပြုထားသည့် ကုမ္ပဏီများ ကျောက်တူးဖော်ခြင်းကို တားမြစ်သော်လည်း အကြီးအကျယ် ကျောက်မျက်တူးဖော်ခြင်းကို TNLA ခေါင်းဆောင်များနှင့် ပတ်သက်သူများနှင့် ပြည်ပ စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် တရုတ်နှင့် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ထားသည့် ဝပြည်မှ လုပ်ငန်းများကို ခွင့်ပြုထားပြီး ထိုလုပ်ငန်းများသည် ပတ်ဝန်းကျင်ထိခိုက်မှု အကြီးအကျယ် ဖြစ်စေသည်ဟု ဒေသခံများက ပြောသည်။

တချိန်တည်းတွင် TNLA သည် ဒေသခံစီးပွားရေးသမားများ ကျောက်တူးဖော်ခြင်းကို ကန့်သတ်ချက်များ ချမှတ်ထားသည်ဟု ဒေသခံများက ပြောသည်။

“အရည်အသွေးမြင့်ကျောက်တွေကို တွေ့ပြီးကတည်းက TNLA ကျောက်လုပ်ကွက်တွေကို ဒေသခံတွေဆီက ပြန်လည် သိမ်းယူတယ်။ ကျနော့်မိတ်ဆွေ စီးပွားရေးသမားတယောက်ကို TNLA က သူ့ကျောက်လုပ်ကွက်ကနေ မောင်းထုတ်လိုက်တယ်” ဟု မိုးကုတ်မှ စီးပွားရေးသမားတဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

TNLA နှင့် ၎င်းက ခွင့်ပြုထားသည့် ကုမ္ပဏီများသည် အလွန်အကျွံ ကျောက်တူးဖော်ပြီး ဒေသခံများ ဆယ်စုနှစ်များစွာ ထိန်းသိမ်းထားသည့် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝအလှကို ပျက်စီးစေသည်ဟု ဒေသခံများက ပြောသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ အစောပိုင်းက မိုးကုတ်မြို့နေရာအများစုကို သိမ်းပိုက်ပြီးနောက် တွေ့ရသည့် TNLA အဖွဲ့ဝင်များ / Mai A Hein

ကျောက်တူးဖော်ခြင်းကို မိုးကုတ် ဂေါက်ကွင်းတွင်လည်း ပြုလုပ်နေကြောင်း မိုးကုတ်ဒေသခံများက ပြောသည်။ ထိုပြောဆိုချက်ကို ဂြိုဟ်တုမှ ရိုက်ကူးထားသည့် ဓာတ်ပုံများက မှန်ကန်ကြောင်းပြသပြီး ဂေါက်ကွင်းကို ကျောက်တူးဖော်သည့် လုပ်ငန်းများက ဖျက်ဆီးနေကြောင်း ဖော်ပြသည်။

မိုးကုတ်မှ Facebook အသုံးပြုသူတဦးကလည်း မိုးကုတ်မှ အလွန်အကျွံ ကျောက်တူးဖော်ခြင်းကို မှတ်ချက်ပေးသည်။ “ဂေါက်ကွင်းကိုတွေ့ရင် အသည်းကွဲတယ်။ ဘယ်သူပဲ အုပ်ချုပ်အုပ်ချုပ် လောဘထက် ကျနော်တို့မြို့ကို တန်ဖိုးထားပါစေလို့ ဆုတောင်းတယ်။ အဲဒီဆုတောင်း ဘယ်တော့မှ ပြည့်မှာမဟုတ်ဘူးဆိုတာ သိနေတယ်” ဟု ရေးသားသည်။

စည်းကမ်းမဲ့ အလွန်အကျွံ ကျောက်တူးဖော်ခြင်းကြောင့် ၎င်းတို့၏ သဘာဝပတ်ဝန်းကျင်နှင့် မြို့တည်ရှိမှုအတွက် စိုးရိမ်ကြောင်း မိုးကုတ်ဒေသခံများက ပြောသည်။

ကျောက်တူးဖော်သည့် လုပ်ငန်းများသည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပြီး မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို ထောက်ကူရန် မူဝါဒ ရှိ၊ မရှိ ဇွန်လ ၅ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် TNLA နှင့် ၎င်းက ခွင့်ပြုထားသည့် ကျောက်တူးဖော်သူများ အလွန်အကျွံ ကျောက်တူးဖော်ခြင်း သတင်းများနှင့် ပတ်သက်ပြီး ဧရာဝတီက မေးသောအခါ TNLA ပြောခွင့်ရသူ လွေးယေဦးက တိုက်ရိုက် ဖြေဆိုခြင်း မရှိပေ။

မိုးကုတ်ဂေါက်ကွင်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် TNLA သိမ်းပိုက်ပြီးသည့် ၂၀၂၅ ခုနှစ်၊ မတ်လ ကျောက်မျက်တူးဖော်မှု နှိုင်းယှဉ် မြေပုံ / Google Earth

တိုက်ရိုက်မဖြေဘဲ သူက TNLA သည် TNLA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) မှ ကိုယ်စားလှယ်များ၊ ကျောက်မျက်တူးဖော်သည့် နည်းပညာ ကျွမ်းကျင်သူများနှင့် ကျောက်တူးဖော်သည့် လုပ်ငန်းလုပ်သည့် ဒေသခံလူမှုအသိုက်အဝန်းမှ ကိုယ်စားလှယ်များ ပါဝင်သော ကျောက်မျက်ကော်မတီကို ဖွဲ့စည်းထားကြောင်းနှင့် ဒေသခံများသည် မြေနှင့် သစ်တော ထိန်းသိမ်းရေးအတွက် စိုးရိမ်ကြောင်း ပြောသည်။

မိုးကုတ်မှ ကျောက်တူးဖော်သည့် လုပ်ငန်းများသည် ထိုကျောက်မျက်ကော်မတီ၏ ညွှန်ကြားချက်များအတိုင်း လုပ်ကိုင်နေကြောင်း လွေးယေဦးက ပြောသည်။

ကျောက်တူးဖော်လိုသူ မည်သူမဆိုသည် ထိုကော်မတီမှတဆင့် လုပ်ကိုင်ရသည်ဟု ၎င်းကပြောသည်။

မိုးကုတ်မှ ကျောက်တူးဖော်သည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး အခြားမီဒီယာများမေးသည့် နောက်ဆက်တွဲ မေးခွန်းများကို ဖြေကြားရာတွင် TNLA ပြောခွင့်ရသူ လွေးယေဦးက ထိုကျောက်မျက်ရတနာ ကော်မတီသည် ကျောက်မျက်မူဝါဒ ရေးဆွဲနေကြောင်း ပြောသည်။

မြို့နှင့် သဘဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် TNLA သို့မဟုတ် အခြားသူများ ကျောက်တူးဖော်ခြင်းကို တွေ့ရှိပါက တရားဝင်တိုင်ကြားလိုသူ မည်သူမဆိုသည် TNLA ဥပဒေဌာန သို့မဟုတ် အနီးဆုံး TNLA ရဲစခန်းသို့ တိုင်ကြားနိုင်ကြောင်း ၎င်းကပြောသည်။

၂၀၁၉ ခုနှစ် မိုးကုတ် ကျောက်မျက်ဈေးကွက်

Global Witness အစီရင်ခံစာအရ ၁၉၉၀ ပြည့်နှစ်များမှ စတင်ပြီး မြန်မာစစ်တပ်သည် ကျောက်မျက် တူးဖော်သည့်လုပ်ငန်းကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက် (MEHL) တို့မှတဆင့် ထိန်းချုပ်မှု ခိုင်မာအောင်လုပ်ထားသည်ဟု သိရသည်။ ထိုကုမ္ပဏီ နှစ်ခုလုံးကို ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိန်းချုပ်ထားသည်။

စစ်တပ်သည် အကျိုးအမြတ်များသော ကျောက်မျက်တူးဖော်သည့် လုပ်ငန်းများကို အင်အားကြီးမားသည့် UWSA, ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSA-N) နှင့် ရှမ်းပြည်နယ်မှ အခြားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း လိုင်စင်ချထားပေးသည်။ ထိုအဖွဲ့များသည် ကျောက်မျက်တူးဖော်ခြင်းမှ အကျိုးအမြတ်များရပြီး စစ်တပ်နှင့် စီးပွားရေး ဆက်ဆံရေးဖြင့် အပေးအယူလုပ်ခဲ့ကြောင်း Global Witness က ပြောသည်။

သို့သော် စစ်ကောင်စီသည် မိုးကုတ်ကို TNLA နှင့် ၎င်း၏မဟာမိတ် PDF အဖွဲ့များလက်သို့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် လက်လွှတ်လိုက်ရသောအခါ စစ်ကောင်စီသည် နိုင်ငံ၏ ကျောက်မျက်တူးဖော်သည့် လုပ်ငန်းအများစုကို ထိန်းချုပ်မှု ဆုံးရှုံးသွားသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Residents of Myanmar Ruby Hub Speak Out as TNLA Mining Takes Toll ကို ဘာသာပြန်သည်။)

You may also like these stories:

ဒေသအကျိုးပြု မူများချပြီးမှသာ မိုးကုတ်ကျောက်တွင်း အကြီးစားတူး ခွင့်ပေးမည်

မိုးကုတ် ရတနာမြေကို ခရိုနီတွေ လက်ဝါးကြီးအုပ် မရတော့ပြီ

TNLA ရဲ့တပ်သားစုဆောင်းရေး မိုးကုတ်ဒေသခံတွေ လက်မခံ (ရုပ်/သံ)

မိုးကုတ်မှာ TNLA အတင်းအကျပ် စစ်သားစုဆောင်းနေဟု ဒေသခံများပြော

ငြိမ်းချမ်းရေးပြောနေသည့် စစ်တပ်က ဗုံးကြဲ၍ မိုးကုတ်၌ လူအစုလိုက် သေဆုံး

မိုးကုတ်ကို TNLA ပူးပေါင်းတပ် သိမ်းပိုက်

Your Thoughts …
Tags: MECMEHLNUGPDFPSLFTNLAUWSAစစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးစီးပွားရေး ဦးပိုင် လီမိတက်တရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းမိုးကုတ်သဘာဝပတ်ဝန်းကျင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

“ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

"ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.3k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate