• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗိုလ်မှူးချုပ် စောချစ်သူ ကုမ္ပဏီ ပို့ကုန်ရငွေပြန်မသွင်း၍ စစ်ကောင်စီ အမည်ပျက်ကြေညာ

by အောင်သူရ
1 July 2025
in သတင်း
A A
ဗိုလ်မှူးချုပ် စောချစ်သူ ကုမ္ပဏီ ပို့ကုန်ရငွေပြန်မသွင်း၍ စစ်ကောင်စီ အမည်ပျက်ကြေညာ

BGF ၏ အတွင်းရေးမှူး ဗိုလ်မှူးချုပ် စောချစ်သူ မိသားစု

5.1k
VIEWS
Share on FacebookShare on Twitter

ကရင်နယ်ခြားစောင့်တပ် (BGF) ၏ အတွင်းရေးမှူး ဗိုလ်မှူးချုပ် စောချစ်သူကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၁၉၀ ကျော်အား ပို့ကုန်ရငွေ ပြန်မသွင်းမှုဖြင့် ဇူလိုင် ၁ ရက်တွင် စစ်ကောင်စီက အမည်ပျက်စာရင်း ကြေညာသည်။

အဆိုပါ စာရင်း၌ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ အတွင်း ပို့ကုန်ရငွေ ပြန်လည်မပေးသွင်းသည့် ကုမ္ပဏီ ၁၉၇ ခုကို ဖော်ပြထားပြီး ယင်းအထဲတွင် ဗိုလ်မှူးချုပ် စောချစ်သူပိုင်သော Chit Linn Myaing Toyota Company ပါဝင်ခြင်း ဖြစ်သည်။

RelatedPosts

တော်လှန်ရေးဗွက်ထခြင်း

တော်လှန်ရေးဗွက်ထခြင်း

20 July 2025
389
စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

စစ်ကြောရေးအတွင်း နှိပ်စက်ခံရမှုဒဏ်တွေနဲ့ မဝတ်ရည်အောင် သေဆုံး(ရုပ်/သံ)

20 July 2025
47
ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

ချင်းမိုင်ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့ သတ်မှတ်

20 July 2025
167

စစ်ကောင်စီက ထုတ်ပြန်သည့် Chit Linn Myaing Toyota Company ၏ ဒါရိုက်တာ စာရင်းတွင် U Htike Maung, Daw Nan Hnin Nandar Aye, U San Myit, U Saw Chit Chit, U Saw Htoo EH Moo နှင့် Saw Min Min Oo တို့ ဖြစ်သည်။

ယင်းကုမ္ပဏီ ဒါရိုက်တာအမည်များထဲတွင် ဦးစံမြင့်မှာ ဗိုလ်မှူးချုပ် စောချစ်သူ အမည်ဖြစ်ပြီး ဒေါ်နန်းနှင်းနန္ဒာအေး မှာ သူ၏ သမီးဖြစ်ကာ စောချစ်ချစ်နှင့် စောထူးအဲမူးတို့သည် စောချစ်သူ၏ သားများ ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် ဒေါ်လာ လိုအပ်ချက်ဖြည့်ဆည်းရန် ထိုသို့ ကြပ်မတ်ခဲ့ခြင်းဖြစ်ကာ ပို့ကုန်ရငွေ အား ပို့ကုန်တင်ပို့သည့် နေ့မှစ၍ရက်ပေါင်း ၆၀ အတွင်း တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြားငွေ ဘဏ်စာရင်းထဲသို့ မပျက်မကွက်ထည့်သွင်း ရန် အမိန့်ထုတ်ခဲ့သည်။

ထို့ပြင် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဘဏ်များသို့ ပို့ကုန်ရငွေ မဝင်ရောက် ရေး ကုမ္ပဏီများ ခြေရာဖျောက်ခြင်းများဆောင်ရွက်နေပြီး နာမည်သစ်ဖြင့် အသစ်ပြန်လည်ထူထောင်၍ နောက်တကြိမ်တင်ပို့ခြင်းများ လုပ်ဆောင်နေကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီး ဦးထွန်းအုံက ပြီးခဲ့သည့် မေလ ၃၀ ရက်က ပြုလုပ်သော ငလျင်ဘေးအလွန် မြန်မာ့ စီးပွား ရေး ပြန်လည်ကုစားခြင်းနှင့်ထူထောင်ခြင်း ဆွေးနွေးပွဲ၌ ပြောဆို သည်။

၎င်းက “ပို့ကုန်ရငွေ သက်ဆိုင်ရာဘဏ်ကို ဝင်ရောက်ခြင်းက နိုင်ငံတော်အတွက် သုံးစွဲတာ တခုမှ မရှိဘူး၊ ပြည်သူလူထု အတွက် ပြန်သုံးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ စားသုံးသူတွေအတွက် ဆောင်ရွက်ပေးနေပါ လားဆိုတဲ့အသိနဲ့ ကူညီဆောင်ရွက်ပေးဖို့ ကျနော်အနေနဲ့ မေတ္တာ ရပ်ခံလိုတယ်” ဟု ပြောသည်။

ဗိုလ်မှူးချုပ် စောချစ်သူသည် နယ်ခြားစောင့် တပ်တည်ထောင်ပြီးနောက် စစ်တပ်၏ လက်အောက်ခံ အဖွဲ့အစည်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်မှစ၍ စစ်ကောင်စီနှင့် စောချစ်သူ တို့ကြား ဆက်ဆံရေးမှာ ခပ်ခွာခွာ ဖြစ်လာခဲ့သည်။

ထို့နောက် ဗိုလ်မှူးချုပ် စောချစ်သူလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော နယ်ခြားစောင့်တပ် များအနေဖြင့် စစ်ကောင်စီထံမှ အထောက်အပံ့မယူဘဲ သီးခြားရပ်တည်လာသည်အထိ ဖြစ်လာခဲ့ သည်။ ထိုကဲ့သို့ ဆက်ဆံရေးဖြစ် လာပြီးနောက် စစ်ကောင်စီဘက်မှလည်း စောချစ်သူပိုင်သော ကုမ္ပဏီ တခုအား အမည်ပျက်စာရင်း ထည့်သွင်းလာခြင်း ဖြစ်သည်။

စောချစ်သူ မိသားစုသည် BGF တပ်၏ စီးပွားရေးလုပ်ငန်း ၆ ခုကို ထိန်းချုပ် ပိုင်ဆိုင်ထားကြကြောင်း ပြီးခဲ့သည့်နှစ် ၂၀၂၄ မေလအတွင်း Justic for Myanmar က ထုတ်ဖော်ခဲ့သည်။

စီးပွားရေးလုပ်ငန်းများတွင် စောချစ်သူအနေဖြင့် “စံမြင့်” အမည်လွှဲဖြင့်ပါဝင်ပြီး ၎င်းမိသားစုသည် နာမည်ဆိုးဖြင့် ကျော်ကြားသော ရွှေကုက္ကိုတရုတ်မြို့သစ်စီမံကိန်း အပါအဝင် BGF ၏ စီပွားရေး လုပ်ငန်း ၆ ခုကို ချုပ်ကိုင်ထားကာ မြဝတီမြို့နယ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများဖြစ်သည့် Apollo Park နှင့် Yulong Bay Park တို့၌လည်း ရှယ်ယာရှင်များ ဖြစ်ကြသည်။

၎င်းတို့ မိသားစု၏ စီးပွားရေးလုပ်ငန်းများတွင် ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီတွင် ရှယ်ယာ ၆၅ ရာခိုင်နှုန်းပါဝင်ပြီး ချစ်လင်း မြိုင်သတ္တုတွင်းနှင့်စက်မှုကုန်ထုတ်လုပ်ငန်းတွင် ရှယ်ယာ ၆၈ ရာခိုင်နှုန်း ကျန်သော လုပ်ငန်းများတွင်လည်း ရှယ်ယာ အများအပြား ပါဝင်ကြောင်း Justic for Myanmar က ဆိုထားသည်။

You may also like these stories:

သီရိပျံချီဘွဲ့ခံ စစ်ဘုရင်တဦးရဲ့ အလှူပွဲ

ရွှေကုက္ကိုလ်စီမံကိန်း တရုတ်လုပ်ငန်းရှင် ထိုင်းဖမ်းဆီး၊ စီမံကိန်းထိခိုက်မည်မဟုတ်ဟု BGF ပြော

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ဆိုက်ဘာငွေလိမ်ဂိုဏ်းများနဲ့ မင်းအောင်လှိုင်

တရုတ်မြေအောက်လောကနဲ့ သောင်ရင်းမြစ်ဘေးက နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ

Your Thoughts …
Tags: ချစ်လင်းမြိုင်စစ်ကောင်စီစောချစ်သူပို့ကုန်ရငွေအမည်ပျက်စာရင်း
အောင်သူရ

အောင်သူရ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.5k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
111k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.8k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.3k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.2k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရှီကျင့်ဖျင် ပြဿနာတက်နေသလား

ရှီကျင့်ဖျင် ပြဿနာတက်နေသလား

ရခိုင်တွင် ငှက်ဖျားကြောင့် သေဆုံးသူများလာ

ရခိုင်တွင် ငှက်ဖျားကြောင့် သေဆုံးသူများလာ

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.1k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
5k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate