အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် San Jose အရပ်မှာနေထိုင်တဲ့ Robert Farmer ဆိုသော အသက်၂၆ နှစ်အရွယ် လယ်သမားတယောက်ဟာ Santa Clara Superior Court တရားခွင်မှာ ကြောင် ၁၈ ကောင်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုနဲ့ ပြစ်ဒဏ်စီရင်ချက် ကျခံခဲ့ရတာပါ။
တရားခံဟာ အဆိုပါ သတ်ဖြတ်ခဲ့မှုကို ဝန်ခံခဲ့ပြီးနောက် ထောင်ဒဏ် ၁၆ နှစ်ကျခံစေဖို့ စီရင်ချက် ချမှတ်ခြင်း ခံခဲ့ရပါတယ်။
ကျွမ်းကျင်သူများရဲ့ပြောကြားချက်အရ သေဆုံးသွားခဲ့တဲ့ ကြောင် ၁၈ ကောင်အနက် ၁ ကောင်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု လက္ခဏာကိုပါ တွေ့ရှိရကြောင်းဆိုပါတယ်။
သူဟာ ၂၀၁၅ ခုနှစ်မှ စတင်ပြီး သတ်ဖြတ်မှုများ ကျုးလွန်ခဲ့ကြောင်းလည်း ထွက်ဆိုထားပါသေးတယ်။
၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ သူဟာ သေဆုံးနေတဲ့ ကြောင်တကောင်နဲ့အတူ ကားအတွင်းပိုင်းမှာ အိပ်ပျော်နေခဲ့တာပါ။ သူ့ကိုတွေ့ရှိချိန်မှာ ကားအတွင်းခန်းတခုလုံး ကြောင်အမွှေးများ နေရာအနှံ့ ပြန့်ကျဲနေကြောင်း သတင်းကဖော်ပြထားပါတယ်။
ကြောင်တွေအားလုံးဟာလည်း San Jose အရပ်ရဲ့ Cambrain Park အနီးမှဖြစ်ပြီး သေဆုံးခဲ့ရတဲ့ ကြောင်တွေရဲ့မြောက်များစွာသော ရုပ်အလောင်းကိုလည်း ပြန်လည်တွေ့ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
တရားခံရဲ့ရှေ့နေဖြစ်သူက တရားခံကိုယ်တိုင်ရေးခဲ့တဲ့ အသနားခံစာကို အများသိအောင် ဖတ်ပြ ခဲ့ပါသေးတယ်။
“တခြားတယောက် ကျူးလွန်ခဲ့သလို ခံစားနေရပေမယ့် တကယ်တမ်းကတော့ ကျနော် ကိုယ်တိုင် ကျူး လွန်ခဲ့တာပါ။ ကျနော်ကျူးလွန်ခဲ့တယ်ဆိုတာကိုလည်း နားလည်ရ ခက်ခဲနေပါတယ်။ ကျနော်ဟာ အိမ်မွေး တိရစ္ဆာန်လေးတွေဖြစ်တဲ့ “ကြောင်” ဆိုတဲ့ မိသားစုဝင်လေးတွေကို ခိုးခဲ့မိပါတယ်။ ကျနော်ကို ကျနော် စိတ်မထိန်းနိုင်အောင်ဖြစ်ခဲ့လို့ပါ” ဆိုပြီး ဖတ်ကြားခဲ့တာပါ။
သို့သော်လည်း တရားသူကြီးဖြစ်သူက အဆိုပါ အသနားခံစာကို ပယ်ချခဲ့ပြီး ပြစ်ဒဏ်စီရင်ချက်ချမှတ်ခဲ့တာပါ။
ဆက်လက်ပြီး အဆိုပါတရားခံကို အိမ်မွေးတိရစ္ဆာန်မွေးမြူခွင့်၊ ပိုင်ဆိုင်ခွင့်တို့ကို ၁၀ နှစ်တိတိ ပိတ်သိမ်းခဲ့ပါသေး တယ်။
Ref:bbc.com/newsweek.com
ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်