Crime

ကမ္ဘာပေါ်က ကိုယ့်ကိုယ်ကို သတ်သေမှု အများဆုံးနိုင်ငံ ၅ နိုင်ငံ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ မိနစ် ၄၀ တိုင်း လူတယောက် မိမိကိုယ်ကို သတ်သေမှု ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာတွေကလည်း မိမိကိုယ်ကို သေကြောင်း ကြံစည်မှုတွေဟာ တနှစ်ထက်တနှစ် မြင့်တက်လာနေတယ်လို့ ဖော်ပြထားပါတယ်။

ကိုယ့်ကိုယ်ကို သတ်သေမှု အများဆုံး ဖြစ်ပေါ်တဲ့ နိုင်ငံတွေထဲကမှ နှစ်စဉ်လိုလို သတ်သေမှု ရာခိုင်နှုန်း မြင့်တက်လာတဲ့ နိုင်ငံ ၅ နိုင်ငံကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(၁) ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သတ်သေမှု အများဆုံး နိုင်ငံတနိုင်ငံအဖြစ် လွန်ခဲ့တဲ့ နှစ်ကာလတွေကနေစလို့ အခုချိန် အထိ ပါဝင်နေဆဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေမှုရဲ့ ၇၀ ရာခိုင်နှုန်းဟာ ငွေရေးကြေးရေး လိုအပ်ချက်တွေနဲ့ စိတ်ကျရောဂါ ခံစားနေရသူတွေပဲ ဖြစ်ပါတယ်။

(၂) တောင်ကိုရီးယားနိုင်ငံဟာ ဆိုရင်လည်း သုတေသန စစ်တမ်းတွေအရ တောင်ကိုရီးယားနိုင်ငံသား ၁ သိန်းမှာ ၂၈ ရာခိုင်နှုန်းဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှု ပြုလုပ်ကြပြီး အသက် ၆၀ နဲ့အထက် လူကြီးတွေဟာ သေကြောင်း ကြံစည်မှု အများဆုံး ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။

(၃) ဆရီလန်ကာကျွန်းနိုင်ငံရဲ့ လူဦးရေ ၄၀၀၀ ခန့်ဟာ နှစ်စဉ်နှစ်တိုင်း ကိုယ့်ကိုယ်ကို သတ်သေမှုကြောင့် သေဆုံးကြရသူတွေပဲ ဖြစ်ပါတယ်။ သတ်သေမှု အများဆုံးပြုလုပ်တဲ့ အသက်အရွယ် အပိုင်းအခြားတွေကတော့ ၁၅ နှစ် ကနေ ၄၄ နှစ် ကြားတို့ဖြစ်ပြီး ဒါနဲ့ပက်သက်လို့လည်း ဆရီလန်ကာ အစိုးရဟာ နည်းလမ်းရှာဖွေနေဆဲ ဖြစ်ပါတယ်။

(၄) ဟန်ဂေရီနိုင်ငံက အသက် ၃၀ နဲ့ ၆၀ ကြား အမျိုးသားတွေဟာ အလုပ်လက်မဲ့ ပြဿနာနဲ့ မူးယစ်ဆေးဝါး စွဲလမ်းမှု ပြဿနာကြောင့် ကိုယ့်ကိုယ်ကို သတ်သေမှု အများဆုံး ပြုလုပ်ကြပါတယ်။

(၅) ဆလိုဗေးနီးယား နိုင်ငံတွင်း နေထိုင်သူလူဦးရေ ၂ သန်းကျော်မှာ ၄၀၀ ခန့်ဟာ နှစ်စဉ် ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်မှုပြုလုပ်ပြီး သေဆုံးကြတာပဲဖြစ်ပါတယ်။ အရက်သေစာ သောက်စားပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သူ များတာကြောင့် ၂၀၀၃ ခုနှစ်ကစပြီး အရက်သေစာ သောက်စားတာနဲ့ ပက်သက်လို့ တင်းကြပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ခဲ့ပါတယ်။

Ref : www.trendrr.net

Loading