Crime

ဖူးခက်ကျွန်း သင်္ဘောနစ်မြုပ်မှု၊ အလောင်းများ ဆက်လက်ရှာနေ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်ကျွန်းအနီး တိမ်းမှောက်ခဲ့သည့် ဖီးနစ်ရေယာဉ်တွင် ပါရှိသူများကို ကင်း ထောက်ရှာဖွေခြင်းကို ယနေ့ ဆက်လက်ပြုလုပ်ခဲ့ရာ နစ်မြုပ်ရေယာဉ်ထဲရှိ သဲများကို ဖယ်ရှား၍ နောက်ထပ်အလောင်းများ ကျန်နေခြင်းရှိ/မရှိ ကြည့်ရှုခဲ့ကြသည်။

ရေငုပ်သမားများသည် အပေါ့စား လေမှုတ်ကိရိယာများဖြင့် သဲများကို ရှင်းလင်းရှာဖွေရာ ဖီးနစ် ရေယာဉ်အောက်မှ တရုတ် ခရီးသည်အလောင်းကို ဆယ်ယူနိုင်ခဲ့ကြောင်း ထိုင်းခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီး ဝီရာဆတ် ကိုးစူရတ်က ပြောသည်။ ယင်းရေယာဉ်သည် ကိုးဟီအနီး မုန်တိုင်း ကျနေသော ပင်လယ်ပေါ်တွင် ပြီးခဲ့သည့်ကြာသပတေးနေ့က တိမ်း မှောက်ခဲ့ခြင်းဖြစ်ပြီး အလောင်း ပေါင်း ၄၂ လောင်းကို ဆယ်ယူရဖွယ်ရှိသည်။

အကယ်၍ တာဝန်ရှိသူများက ယင်းရေယာဉ်ကို ပြန်လည်တည့်မတ်ပြီးလျှင် အလောင်းများ ဆယ်ယူရ နိုင်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

အဖွဲ့အစည်းများစွာမှ တာဝန်ရှိသူများသည် အဆိုပါရေယာဉ်ပေါ်လိုက်ပါခဲ့သည့် ပျောက်ဆုံးနေသူ များကို ပင်လယ်နှင့်ကုန်းမြေတို့တွင် ပိုက်စိတ်တိုက်ရှာဖွေလျက်ရှိပြီး လူ ၆ ဦးမှာ တနင်္လာနေ့နံနက် အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်က လူ ၁၀၅ ဦးပါဝင်သည့် ဖီးနစ်ရေယာဉ်တိမ်းမှောက်မှုတွင် အများစုမှာ တရုတ်နိုင်ငံသား ခရီးသည်များဖြစ်ကြပြီး၊ တနေ့တည်းမှာပင် ကမ္ဘာလှည့်ခရီးသွားများ လိုက်ပါ လာသည့် တခြားစက်လှေတစီးနှင့် ဂျက်စကီတစီးတို့လည်း ဖူးခက်၌ တိမ်းမှောက်ခဲ့သော်လည်း ၎င်းတို့ပေါ် လိုက်ပါလာသူ ၄၃ ဦးလုံးကို ကယ်တင်နိုင်ခဲ့သည်။

ဖီးနစ်ရေယာဉ် တိမ်းမှောက်မှုနှင့် ပတ်သက်၍ ရေယာဉ်ဝန်ထမ်းများကို ဒုဝန်ကြီးချုပ် ပရာဝစ် ဝေါင်ဆူဝမ်က ပြစ်တင် ဝေဖန်လိုက်ပြီး၊ ပင်လယ်ပြင် မုန်းတိုင်းရှိသည်ဆိုသော ဒေသဆိုင်ရာ အာဏာပိုင်၏ ထုတ်ပြန်ချက်ကို မလိုက်နာခဲ့ ကြောင်း ဆိုသည်။

ထိုင်းကိုယ်စားလှယ်များမှ တဆင့်ခံကာ တာဝန်ယူလုပ်ကိုင်နေသည့် ၎င်းတရုတ်ခရီးသွားကုမ္ပဏီကို ထိုင်းအာဏာ ပိုင်များက ဥပဒေကြောင်းအရ အရေးယူသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးပရာဝစ် က ပြောသည်။

အလားတူ တရုတ်အာဏာပိုင်များကလည်း တရုတ်ခရီးသွားများကို ရာသီဥတုကို လေ့လာပြီးမှ ပင်လယ်ခရီးသွားရန် သတိပေးချက်ထုတ်ပြန်ထားသည်

Did you find apk for android? You can find new Free Android Games and apps.
Loading