မုဒိမ်းမှုနဲ့ လိင်အကြမ်းဖက်မှုတွေဟာ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာပဲ ဖြစ်ပွားလေ့ရှိတယ်လို့ ထင်မှတ်ကြပေမယ့် အခုဖော်ပြပေးမယ့် စာရင်းထဲမှာတော့ သင်မထင်ထားတဲ့ ဖွံ့ဖြိုးပြီး အင်အားကြီးနိုင်ငံတွေပါ ပါဝင်တယ်ဆိုတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
(၁) အမေရိကန်
ကမ္ဘာ့ပါဝါအကြီးဆုံးနိုင်ငံတွေထဲက တခုဖြစ်တဲ့ အမေရိကန်နိုင်ငံဟာဆိုရင်တော့ မုဒိမ်းမှု အဖြစ်ပွားဆုံး နိုင်ငံတွေထဲမှာ ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။ မုဒိမ်းမှု ကျူးလွန်ခံခဲ့ရသူတွေရဲ့ ၉၁ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပြီး ၉ ရာခိုင်နှုန်းကတော့ အမျိုးသားတွေ ဖြစ်ပါတယ်။
အမေရိကန်မှာ မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုအများစုဟာ ပြင်ပမှာထက် အိမ်တွင်းမှာပဲ အများဆုံး ဖြစ်ပွားလေ့ရှိတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။
(၂) တောင်အာဖရိက
အမေရိကန်နိုင်ငံပြီးရင် မုဒိမ်းမှုအဖြစ်ပွားဆုံးနိုင်ငံတွေထဲမှာ ဒုတိယနေရာကနေ ရပ်တည် နေတာကတော့ တောင်အာဖရိက နိုင်ငံပဲ ဖြစ်ပါတယ်။ “မုဒိမ်းမှုတွေ စုဝေးရာမြို့တော်” လို့တောင် ခေါ်ဝေါ်ကြရတဲ့ တောင်အာဖရိကနိုင်ငံမှာတော့ မုဒိမ်းမှု အများစုဟာ သက်ငယ်မုဒိမ်းမှုတွေ ဖြစ်ကြပြီး မုဒိမ်းမှု ကျူးလွန်သူတွေဟာ ထောင်ဒဏ် ၂ နှစ်သာ ကျခံရပါတယ်။
(၃) ဆွီဒင်
ဥရောပ တခွင်မှာတော့ ဆွီဒင်နိုင်ငံဟာ မုဒိမ်းမှုအဖြစ်ပွားဆုံး နိုင်ငံတနိုင်ငံ ဖြစ်ပြီး ၂၀၁၀ ခုနှစ်အတွင်း စစ်တမ်း ကောက်ယူချက်တွေအရ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနဲ့ မုဒိမ်းမှုတွေဟာ ၇၀၀၀ ကျော်ခန့် ရှိတယ်လို့ သိရပါတယ်။
(၄) အိန္ဒိယ
အာရှမှာတော့ အိန္ဒိယနိုင်ငံဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ မုဒိမ်းမှုအဖြစ်ပွားဆုံးနိုင်ငံ တနိုင်ငံဖြစ်ပြီး မုဒိမ်းမှု အများစုဟာ ဆွေမျိုးတွေ၊ အိမ်နီးနားချင်းတွေနဲ့ မိသားစုဝင်တွေက အများဆုံး ကျူးလွန်တာ ဖြစ်တယ်လို့ သိရပါတယ်။
(၅) ပြင်သစ်
ပြင်သစ်နိုင်ငံရဲ့ ဥပဒေတွေဟာ အမျိုးသမီးတွေကို လုံခြုံအောင် ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် စစ်တမ်း ကောက်ယူ ချက်တွေအရ တနှစ်မှာ မုဒိမ်းမှုနဲ့ လိင်အကြမ်းဖက်မှုပေါင်း ၇၅၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။
(၆) ကနေဒါ
ကနေဒါနိုင်ငံရဲ့ ရာဇဝတ်မှုတွေထဲမှာ မုဒိမ်းမှုဟာ ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ကနေဒါနိုင်ငံရဲ့ အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်ဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ မုဒိမ်းမှုတွေ ကျူးလွန်ခံနေရတယ်လို့ သိရပါတယ်။
(၇) အီသီယိုပီးယား
ကမ္ဘာ့ကုလသမဂ္ဂရဲ့ စစ်တမ်းထုတ်ပြန်ချက်တွေအရ အီသီယိုပီးယားနိုင်ငံမှာ အမျိုးသမီး ၆၀ ရာခိုင်နှုန်းခန့်ဟာ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်ခံနေရတယ်လို့ သိရပါတယ်။ အီသီယိုပီးယားနို င်ငံမှာတော့ မုဒိမ်းမှုဟာ အဖြစ်များဆုံး ရာဇဝတ်မှု တခုပဲဖြစ်ပြီး သက်ငယ်မုဒိမ်းမှုတွေဟာ အများဆုံးလည်း ဖြစ်ပါတယ်။
Ref ; www.wonderslist.com