• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

“ကျနော့်ဘက်က အသရေဖျက်မှုနဲ့ တရားပြန်စွဲမှာပါ”

by ချစ်ပိုး
24 August 2018
in Crime
A A
ရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့ သီဟတင်စိုး   / မျိုးမင်းစိုး / ဧရာဝတီ

ရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့ သီဟတင်စိုး / မျိုးမင်းစိုး / ဧရာဝတီ

11.7k
VIEWS
Share on FacebookShare on Twitter

မုဒိမ်းမှုနဲ့ စွပ်စွဲခံရပြီးနောက် တိမ်းရှောင်နေတဲ့ သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုးဟာ ဒီနေ့ သြဂုတ်လ ၂၄ရက်နေ့၊ ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ မီဒီယာများနဲ့တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာ သီဟတင်စိုးဟာ သူ့ဘက်မှာ ရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်များနဲ့ ပရိသတ်များ သူငယ်ချင်း များအားလုံး ကျေးဇူးတင်ကြောင်း၊ဒေါ်ခင်မာမြင့်ကိုလည်း တရားစွဲထားကြောင်း၊ အနုပညာလှုပ်ရှားမှုများ ပြန်လည် လှုပ်ရှားမယ့် အကြောင်းတွေကိုလည်း ပြောပါတယ်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
30
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
65
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
271

“ကျနော် ဥပဒေကြောင်းရ ခဏလေးနေပါဦး။ တားမြစ်ထားတဲ့ တားမြစ်ချက်တွေကြောင့် ထွက်မတွေ့တာလည်း ပါပါတယ်။ Pissaya မီဒီယာကိုပဲဖြေတာက Pissaya က ကျနေ်ာ့ ညီဆိုလည်း ဟုတ်တယ်။ ကျနေ်ာ့ကို ကူညီ ပေးထားတယ်။ အဲဒါကြောင့် အပြင်ကနေတင်ဖြစ်တာလည်း ပါတယ်”

“ကျနော့်ဘက်ကနေ ဝိုင်းဝန်းပြီး ရပ်တည်ပေးခဲ့ကြတဲ့ သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော့်အနေနဲ့ ဒီအမှုနဲ့ ပတ်သက်ပြီး ဥပဒေအကြောင်းအရာတွေကို ပိုလေ့လာဖို့အတွက် သင်ခန်းစာလည်း ရခဲ့ပါတယ်။ နောက်ပြီး ၅ နှစ်နီးပါး အနုပညာ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အနုပညာ အလုပ်တွေကိုလည်း ပြန်လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်”

“ဒေါ်ခင်မာညိုအမှုက သူကဖွင့်ထားတာပြီးသွားပြီ။ ကျနော်က သူ့ကို ပြန်အမှုဖွင့်ဖို့ ရှိပါတယ်။ အဲဒါကိုတော့ တရားရေး ဘက်ဆိုင်ရာ ကျနော့်ရဲ့ အကြံပေးနဲ့ ဆွေးနွေးမှာပါ။ ဒေါ်ခင်မာမြင့်ကို တရားထပ်စွဲမယ်ဆိုတာ ကျနော့်ကို အသရေဖျက်မှုနဲ့ တရားပြန်စွဲမှာပါ။ ကျနော့်ကို ဂုဏ်သိက္ခာကျဆင်းအောင်၊ ပရိသတ်က တမျိုးထင်အောင် ကျနော့်ကို ပြည်သူနဲ့ မျိုးစုံ ပြဿနာတွေ ဖြစ်အောင်လုပ်တဲ့အတွက် ကျနော် တရားစွဲရမှာပါ” လို့ သီဟတင်စိုးက ဆိုပါတယ်။

ဆက်လက်ပြီး “ပရိသတ်ပေးတဲ့ ဒဏ်နဲ့တင် သူအတွက် တော်တေ်ာပြင်းထန်နေပါပြီ။ ဒါပေမယ့် ကျနော့်ဘက်က ခွင့်လွှတ်ပေးချင်ပါတယ်။ ခွင့်လွှတ်ပေးလို့ မရလို့ပါ။ ခွင့်လွှတ်ပေးလိုက်ရင် ကျနော်က အဖျားရှုးတဲ့လူဖြစ်သွားမယ်။ အဲ့အတွက် ခွင့်မလွှတ်ဘူး။ ဒါမှလည်း နောက်လူ တွေဆင်ခြင်မှာပါ” ဆိုပြီး ပြောပါတယ်။

သီဟတင်စိုးဟာ အိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်ကို သားမယားအဖြစ် ပြုကျင့်ကြောင်း ရဲစခန်းမှာ တိုင်ချက်ဖွင့်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဇနီးဖြစ်သူ ဇင်မာဦးရဲ့ မိခင်ကို ပြုစုဖို့အတွက် အိမ်အကူ မခင်မာမြင့်ကို ခေါ်ယူခဲ့တာ ဖြစ်ပြီး သူကို သီဟတင်စိုးက အဓမ္မပြုကျင့်တယ်ဆိုပြီး အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပေမယ့် အမှုမှန်ပေါ်ပေါက်တဲ့အခါမှာ သီဟတင်စိုးက အပြစ်မရှိကြောင်း ထင်ရှားခဲ့တာဖြစ်ပါတယ်။

ဒေါ်ခင်မာမြင့်နဲ့ ပွဲစားဒေါ်ညိုကိုတော့ သီဟတင်စိုးရဲ့ ဇနီးဖြစ်တဲ့ ဇင်မာဦးက တရားစွဲဆိုထားတာဖြစ်ပြီးတော့ သင်္ကန်းကျွန်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးနေတာဖြစ်ပါတယ်။ လာမယ့် ရုံးချိန်းဖြစ်တဲ့ သြဂုတ်လ ၂၉ ရက်နေ့မှာလည်း သရုပ်ဆောင် သီဟတင်စိုးကို တရားရုံးကို လာရောက်ဖို့ ခေါ်ထားတယ်လို့လည်း သိရပါတယ်။

Your Thoughts …
Tags: ဒေါ်ခင်မာမြင့်သီဟတင်စိုး
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

အကယ်ဒမီ မင်းသမီး ဇင်မာဦး / Thiha Tin Soe's Facebook

အကယ်ဒမီ မင်းသမီး ဇင်မာဦးရဲ့ နောက်ဆုံးခရီး

by ဧရာဝတီ
12 March 2021
56.2k

တချိန်က လျှမ်းလျှမ်းတောက်ခဲ့တဲ့ အကယ်ဒမီ ဆုတွေနဲ့ ဝေဆာခဲ့တဲ့ အကယ်ဒမီ မိသားစုကြီးလည်း လောကဓံကို ရင်ဆိုင်ရတာပါပဲ။

ဒေါ်ခင်မာမြင့်  / ထက်ဝေ /  ဧရာဝတီ

သီဟတင်စိုး အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေါ်ခင်မာမြင့် ထွက်ဆို

by လဲ့လဲ့
5 September 2018
86.8k

ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် သီဟတင်စိုးသည် ၎င်းအား အမှန်တကယ် အဓမ္မပြုကျင့်ခဲ့သည်ဟု အိမ်အကူ ဒေါ်ခင်မာမြင့်က ယနေ့ တရားခွင်တွင် ထွက်ဆိုခဲ့သည်။

သရုပ်ဆောင် လူမင်း / ဧရာဝတီ

“အစ်ကို ဖြစ်သူအတွက် ကျနော့် ဇနီးကလည်း မအိပ်နိုင်၊ မစားနိုင်တွေ ဖြစ်ခဲ့ရတယ်”

by ချစ်ပိုး
18 July 2018
87.3k

“ယောကျာ်းဖြစ်တဲ့ သူက အချုပ်ထဲကို တန်းဝင်ပြိး အချုပ်ထဲကနေမှ ရုံးချိန်း ထွက်ရှင်းရတယ် ဆိုတဲ့ ဥပဒေကြီးကလည်း အငြင်းပွားဖွယ်ရာ ဥပဒေကြီးပဲ။

သရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုး  / Thiha Tin Soe's Facebook

အိမ်အကူကို အဓမ္မပြုကျင့်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရတဲ့ သရုပ်ဆောင် သီဟတင်စိုး

by ချစ်ပိုး
16 July 2018
54.5k

"အမှုဖွင့်ခံထားရတဲ့သူက သရုပ်ဆောင် သီဟတင်စိုးပါ။ ညက သူ့ကို အဓမ္မပြုကျင့်မှုနဲ့ အမှုလာဖွင့်ထားပါတယ်။ (ပ) ၃၈၆/၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ လက်ရှိမှာတော့ စုံစမ်းဆဲ၊ စိစစ်ဆဲ မလို့ သူ့ကိုဖမ်းထားတာမျိုး မရှိပါဘူး"

သရုပ်ဆောင် သီဟတင်စိုးတို့ မိသားစု  / Thiha Tin Soe's Facebook

“သူတို့ကို တရားပြန်စွဲမယ်လို့ ပြောတယ်၊ အတိအကျတော့ မသိသေးပါဘူး”

by ချစ်ပိုး
19 July 2018
33.7k

"သူတို့ တရားစွဲတော စိ့တ်မကောင်းတော့ ဖြစ်မိတယ်။ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော့် အဖေကို ဝန်းရံပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”

ယနေ့ရုံးထုတ်တွင် ဒေါ်ညိုနှင့် ဒေါ်ခင်မာမြင့်ကို ရဲများက ထီးများဖြင့် ကွယ်၍ ခေါ်ထုတ်လာခဲ့သည်။  / ထက်ဝေ / ဧရာဝတီ

အိမ်အကူပွဲစား ဒေါ်ညို၏ အာမခံလျှောက်ထားမှု ပယ်ချခံရ

by ဇူးဇူး
15 August 2018
12.2k

ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် သီဟတင်စိုးအား ခြိမ်းခြောက်ငွေတောင်းယူမှုဖြင့် တရားစွဲဆိုခံထားရသော အိမ်အကူပွဲစားဒေါ်ညို၏ အာမခံ လျှောက်ထားမှုကို သဃန်းကျွန်းမြို့နယ် တရားရုံးက သြဂုတ်လ ၁၅ ရက်နေ့ ရုံးချိန်းတွင် ပယ်ချလိုက်ကြောင်း သိရသည်။

Next Post
တပတ်အတွင်းသတင်းဓာတ်ပုံ

တပတ်အတွင်းသတင်းဓာတ်ပုံ

သြဂုတ် ၂၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ဒုတိယ ၁ နှစ်တာ ဆောင်ရွက်ချက် များ သတင်းစာ ရှင်းလင်းပွဲ၌ တွေ့ရသော ဦးဖြိုးမင်းသိန်း / မျိုးမင်းစိုး / ဧရာဝတီ

မြို့သစ်များ မဖော်ဆောင်ပါက ကျူးကျော် အတွက် မြေမရှိဟု ဦးဖြိုးမင်းသိန်း ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate