Crime

နှင်းအိရွှေရည်ကို စိုးနန္ဒာကျော်က ပုသိမ်ရဲစခန်းမှာ ၆၆ ဃနဲ့ ပြန်လည်အမှုဖွင့်

Want create site? Find Free WordPress Themes and plugins.

ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားတဲ့ သရုပ်ဆောင် မင်းထက်နဲ့ လက်ရှိမှာ တရားဝင် လက်ထပ်ထားတယ် ဆိုတဲ့ သရုပ်ဆောင် စိုးနန္ဒာကျော်က နှင်းအိရွှေရည်ကို ၆၆ ဃနဲ့ ပြန်လည်အမှုဖွင့် တိုင်ကြားထားတယ်လို့ သိရပါတယ်။ အမှုကို ပုသိမ်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။

“၆၆ဃနဲ့ စိုးနန္ဒာကျော်က စွဲထားတာလို့ ပြောတယ်။ ဒါပေမယ့် ကျမက မီဒီယာပိုင်းမှာရော Facebook မှာရော အပြင်ပုဂ္ဂိုလ်ရေးပိုင်းမှာရော ထိခိုက်စေမယ့် စကားမျိုးတခွန်းမှ ပြောထားခြင် းမရှိပါဘူး။ အဲဒီအတွက်လည်း ရင်ဆိုင်ရဲပါတယ်” လို့ နှင်းအိရွှေရည်က ပြောပါတယ်။

ယနေ့ ဒဂုံအရှေ့ပိုင်း မြို့နယ်တရားရုံးမှာ ချိန်းဆိုခဲ့တဲ့ ဒုတိယမြောက် တရားရုံးချိန်းမှာတော့ စွပ်စွဲခံရသူဘက်မှ အဆိုပါ မြို့နယ်တရားရုံးမှာ စီရင်ပိုင်ခွင့် အာဏာ မရှိဘူးလို့ဆိုကာ ကန့်ကွက်ခဲ့တာကြောင့် မစစ်ဆေးဖြစ်ဘဲ အောက်တိုဘာ ၂၂ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပြီး တရားလိုဖြစ်သူ နှင်းအိရွှေရည်ကို ဆက်လက် စစ်ဆေးသွားမယ်လို့ သိရပါတယ်။

သရုပ်ဆောင် စိုးနန္ဒာကျော်အနေနဲ့ နှင်းအိရွှေရည်ကို ပုသိမ်ရဲစခန်းမှာ ၆၆ဃ နဲ့ အမှုဖွင့် တိုင်ကြားထားခြင်းနဲ့ ပတ်သက်ပြီး နှင်းအိရွှေရည်က “ပုသိမ်မှာ စွဲတာတဲ့။ သူတို့နေတာ ရန်ကုန်မှာနေတယ်။ ကျမ နေတာလည်း ရန်ကုန်မှာ ဘာလို့ ပုသိမ်မှာ စွဲတာလဲလို့မေးတော့ သူတို့ အွန်လိုင်းကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ ပုသိမ်ရောက်နေလို့တဲ့။ ကျမလည်း ဘာပြောရမှန်း မသိဘူး”

“တခြားနေရာရောက်နေရင်ရော တခြားနေရာ လိုက်ဖြေရှင်းရမှာလား။ ဒါကတော့ ဥပဒေလမ်းကြောင်းအရ တာဝန်ရှိတဲ့သူတွေက လုပ်တဲ့အတွက် ဥပဒေကိုလည်း နားလည်တဲ့အတွက် ကျမကိုယ်တိုင်လည်း ဥပဒေကိုနားလည်တဲ့အတွက် ပုသိမ်မှာ သွားဖြေရှင်းပေးပါမယ်” လို့ ပြောပါတယ်။

တရားရုံးချိန်းမှာ တွေ့ရတဲ့ နှင်းအိရွှေရည်

ယနေ့ ဒုတိမြောက်ရုံးချိန်းဖြစ်တဲ့ အောက်တိုဘာလ ၁၁ရက်နေ့ကတော့ နှင်းအိရွှေရည်ရဲ့ သမီးဖြစ်သူရဲ့ ၉ လပြည့်မွေးနေ့ဖြစ်ပြီး တရားရုံးချိန်းအပြီးမှာတော့ မွေးနေ့ပွဲ လုပ်ဖို့အတွက် စီစဉ်ထားပေမယ့်လည်း အဆိုပါအမှုကိစ္စ ထပ်မံပေါ်ပေါက်လာတဲ့အတွက် အစီအစဉ်များလည်း အကုန်ပျက်ကုန်တယ်လို့ ဆိုပါတယ်။

“နောက်ပြီးတော့ ပိုဆိုးတာက ဒီနေ့က တရားရုံးမှာက ဒုတိယမြောက်ရုံးချိန်း ပြီးတော့ သမီးလေးရဲ့ ၉လပြည့်မွေးနေ့ ၊ တရားရုံးကနေ ပြန်ပြန်ချင်း အိမ်မှာ မွေးနေ့ပွဲလုပ်မလို့စီစဉ်ထားတာ။ အခုတော့ မွေးနေ့ပွဲပျက်သွားတယ်။ ဒါပေမယ့် မွေးနေ့ကိတ်လေးတော့ ခွဲပေးဖို့ရှိပါတယ်” လို့နှင်းအိရွှေရည်က ပြောပါတယ်။

နှင်းအိရွှေရည်အနေနဲ့ သရုပ်ဆောင်မင်းထက်ကို စက်တင်ဘာလ ၂၇ရက်နေ့က ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ် တရားရုံးမှာ ကာမလိမ်လည်မှုရာဇသတ်ကြီး ပုဒ်မ (၄၁၇) ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး ယနေ့အောက်တိုဘာလ ၁၁ ရက်နေ့မှာတော့ ဒုတိယအကြိမ် ရုံးချိန်းကိုလာရောက်ရတာဖြစ်ပါတယ်။

နှင်းအိရွှေရည်နဲ့ မင်းထက်တို့ဟာ လွန်ခဲ့တဲ့ ၅ နှစ်ကျော်အတွင်းမှာ ချစ်ကြိုက်ခဲ့ကြပြီး သမီးလေးတဦး မွေးဖွားခဲ့တာဖြစ်ကာ တရားဝင် လက်ထပ်ထားခြင်းမျိုး မရှိဘူးလို့ သိရပါတယ်။ ယခုလက်ရှိမှာတော့ သရုပ်ဆောင် မင်းထက်နဲ့ စိုးနန္ဒာကျော်တို့က တရားဝင် လက်ထပ်ထားတယ်လို့လည်း သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ်
“နောက်ထပ် အိမ်ထောင်ရေးဆိုတာ ကျမအတွက် ဘယ်တော့မှ မရှိလာမယ့် ခေါင်းစဉ်တခုပါ”
ကာမလိမ်လည်မှုနဲ့တရားစွဲခံနေရတဲ့ သရုပ်ဆောင်မင်းထက်ကို အမှုစတင်စစ်ဆေး

Did you find apk for android? You can find new Free Android Games and apps.
Loading