မလေးရှားနိုင်ငံမှာ နေထိုင်တဲ့ အသက် ၁၆နှစ်အရွယ် မိန်းကလေး တဦးဟာ Instagram မှာ သူ့ကိုယ်သူ သေသင့်၊ မသေသင့် သူ့ရဲ့ Follower များအား မဲခွဲဆုံးဖြတ်ခိုင်းပြီးနောက် ကိုယ့်ကိုယ်ကို သတ်သေခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ Follower တွေက မဲပေးခဲ့တာ ဖြစ်ပြီး ၆၉ ရာခိုင်နှုန်းက သေသင့်တယ်လို့ မဲပေးခဲ့တာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံ အရှေ့ပိုင်း၊ ဆာရာဝက်ပြည်နယ်က ရဲတွေကတော့ သူ့ရဲ့ အမည်ကို ထုတ်ဖော်ပြောခြင်း မရှိပါဘူး။ သူဟာ Instagram စာမျက်နှာမှာ ဓာတ်ပုံ တပုံနဲ့အတူ တင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “အရမ်း အရေးကြီးနေလို့ မေးရတာပါ။ ကျမကို ကူညီပြီး ရွေးပေးကြပါဦး။ သေသင့်သလား။ ရှင်သင့်သလား ” ဆိုပြီး ရေးတင်ထားတာဖြစ်ပါတယ်။
“သတ်သေသင့်တယ်” ဆိုပြီး မဲပေးခဲ့တဲ့ လူတွေကိုလည်း လူသေမှုမှာ အားပေးအားမြှောက် ပြုလုပ်တယ်လို့ ရှေ့နေတွေက သတိပေးထားပါတယ်။
ပီနန်ပြည်နယ် အနောက်မြောက်ပိုင်းမှာ နေထိုင်တဲ့ ရှေ့နေ Ramkarpal Singh ကတော့ “တကယ်လို့သာ ဒီလို မဲမပေးခဲ့ဘူးဆိုရင် ဒီမိန်းကလေးက အသက်ဆက်ပြီး ရှင်နိုင်ပါသေးတယ်။ အင်တာနက်အသုံးပြုသူတွေက ကျွမ်းကျင်ပညာရှင်တွေ မဟုတ်ဘူးဆိုတာ သိဖို့ လိုအပ်တယ်”လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံ လူငယ်နှင့် အားကစားအဖွဲ့ရဲ့ ဝန်ကြီးဖြစ်သူ Syed Saddiq Syed Abdul Rahman ကတော့ “ဒီကိစ္စဟာ နိုင်ငံအတွက် အရမ်း အရေးကြီးနေပြီ။ နိုင်ငံတော်အဆင့် ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ လိုအပ်လာပြီ။ ကလေးတွေရဲ့ စိတ်ကျန်းမာရေး အခြေအနေကို ကျနော် စိုးရိမ်မိတယ်။ ဒါက ပေါ့ပေါ့တန်တန် ထားရမယ့် ကိစ္စမဟုတ်တော့ဘူး ” လို့ ပြောပါတယ်။
၂၀၁၇ ခုနှစ်ကလည်း အင်္ဂလန်နိုင်ငံသူ အသက် ၁၄နှစ်အရွယ် မိန်းကလေး တယောက်ဟာ Instagram စာမျက်နှာမှာ သူ့ကိုယ်သူ နာကျင်အောင် ပြုလုပ်တဲ့ ပုံတွေ တင်ပြီးနောက် ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါသေးတယ်။
Instagram ရဲ့ ဆက်သွယ်ရေးဆိုင်ရာ တာဝန်ရှိသူ Ching Yee Wong ကတော့ “Instagram ကို အသုံးပြုသူတွေ အနေနဲ့ စိတ်ချယုံကြည်မှုရှိအောင် သုံးစေချင်ပါတယ်။ အခုလို အန္တရာယ်များတဲ့ ကိစ္စတွေကို ကြုံတွေ့ရမယ်ဆိုရင် ဆက်သွယ်ဖို့အတွက် စီစဉ်မှုတွေ ပြုလုပ်နေပါတယ်။ အသုံးပြုသူတွေ အနေနဲ့လည်း ဒီလို စာရေးတင်တာမျိုးတွေကို တွေ့ခဲ့ရင် Report ပြုလုပ်ပြီး ဆက်သွယ်ပေးဖို့ တောင်းဆိုပါတယ်”လို့ ဆိုပါတယ်။
Ref. theguardian
You may also like these stories:
ဂီတလောကကနေ အနားယူတော့မယ့် BigBang အဖွဲ့ဝင် ဆွန်းလီ
မိန်းကလေးတွေ Night Out ထွက်ရင် လုပ်သင့်တဲ့ အရာများ
သင့်မိတ်ဆွေက ကိုယ့်ကိုယ်ကို သတ်သေမယ့်အကြောင်း ပြောလာရင် ကူညီရမယ့် အချက်များ
Prodigy အဖွဲ့ဝင် Keith Flint နေအိမ်တွင် ကိုယ့်ကိုယ်ကို အဆုံးစီရင်