• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

ကမ္ဘာပေါ်မှာ ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှု အများဆုံး နိုင်ငံများ

by ညီညီသူ
29 May 2019
in Crime
A A
ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှု အများဆုံး နိုင်ငံစာရင်းမှာ အိန္ဒိယနိုင်ငံဟာ ထိပ်ဆုံးက ရပ်တည်နေပါတယ်

ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှု အများဆုံး နိုင်ငံစာရင်းမှာ အိန္ဒိယနိုင်ငံဟာ ထိပ်ဆုံးက ရပ်တည်နေပါတယ်

7.3k
VIEWS
Share on FacebookShare on Twitter

အိန္ဒိယနိုင်ငံရဲ့ ကုန်းလမ်း ပို့ဆောင်မှုဖြစ်တဲ့ ကား၊ ရထား ခရီးလမ်းတွေကို ဘေးကင်းလုံခြုံမှု ရှိလာအောင် လုပ်ဆောင်နေပေမယ့်လည်း ကမ္ဘာပေါ်မှာ ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှု အများဆုံး နိုင်ငံစာရင်းမှာ အိန္ဒိယနိုင်ငံဟာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ တရုတ်နိုင်ငံကတော့ ကမ္ဘာပေါ်မှာ ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှုနှုန်း မြင့်တက်နေတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံဟာ ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှု အများဆုံး နိုင်ငံတွေရဲ့ စာရင်းမှာ ဒုတိယနေရာက ရှိနေပါတယ်။

ယာဉ်မတော်တဆဖြစ်မှုကြောင့် လူသေဆုံးရတဲ့ ဖြစ်စဉ်တွေထဲမှာ အမေရိကန်ပြည်ထောင်စုကတော့ လေယာဉ်ပျံ ပျက်ကျမှုကြောင့် ပိုမိုသေဆုံးနေရတာကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က စာရင်းတွေအရဆို အမေရိကန်ပြည်ထောင်စုက လေယာဉ်ပျံ ပျက်ကျမှုကြောင့် လူသေဆုံးမှုနှုန်း အများဆုံးနိုင်ငံ ဖြစ်နေတာကို တွေ့ရပါတယ်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
486
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
215
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
756

ခရီးသွားသူတွေ အများစုကတော့ လေကြောင်းခရီးက အခြား ကုန်းကြောင်း၊ ရေကြောင်း ခရီးလမ်းတွေထက် ပိုမိုဘေးကင်းလေ့ရှိတယ်လို့ ယူဆထားတတ်ကြပါတယ်။ ဒါပေမဲ့ တခါတရံမှာတော့ လေကြောင်းလိုင်းခရီးစဉ်တွေက ကြီးမားတဲ့ မတော်တဆမှုတွေကို ဖြစ်ပွားစေတတ်ပြီး လူသေဆုံးမှုနှုန်းကို အမြင့်ဆုံးရောက်စေတတ်ပါတယ်။

လေကြောင်း လုံခြုံမှုကွန်ရက်ကနေ ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရဆိုရင်တော့ ၂၀၁၈ ခုနှစ်အတွင်းမှာ လူပေါင်း ၅၅၆ ယောက်ဟာ လေယာဉ်ပျံ မတော်တဆမှုကြောင့် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ဆိုရင်လည်း နှစ်စဉ် လူပေါင်း ၁ ဒဿမ ၃၅ သန်းလောက်ဟာ ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးနေရတယ်လို့ ဆိုပါတယ်။

လေယာဉ်ခရီးစဉ်တွေကတော့ ခန့်မှန်းရခက်တဲ့ ခရီးစဉ်တွေပါ။ လေကြောင်းလိုင်းတွေက သူတို့ လေကြောင်းလိုင်းတွေဟာ စိတ်ချယုံကြည်ရပါတယ်လို့ ကြေညာနေစေကာမူ လွန်ခဲ့တဲ့ နှစ်တွေကစပြီး လေယာဉ်ပျံပျက်ကျမှုတွေကြောင့် လူသေဆုံးမှုနှုန်း တိုးလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ဆိုရင်လည်း ဆိုးဝါးတဲ့လေယာဉ်ပျက်ကျမှု ဖြစ်စဉ်တွေက ၁၅ ခုလောက်အထိ ရှိလာခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွင်းမှာတော့ လေကြောင်းလိုင်းတွေကနေ ခရီးသွားလာခဲ့သူပေါင်း ၃၈ သန်းလောက်အထိ ရှိခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်ကနေ တွက်ချက်ထားတဲ့ စာရင်းတွေအရ ဆိုရင်တော့ လေယာဉ်ပျံ ပျက်ကျမှုကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံ ၅ နိုင်ငံရဲ့ စာရင်းကိုလည်း ဖော်ပြပေးချင်ပါသေးတယ်။

အမေရိကန်ပြည်ထောင်စုဟာ လေယာဉ်ပျံပျက်ကျမှု ၁၀ ခု အထိရှိခဲ့ပြီး လူပေါင်း ၄၂၀၀ ယောက် သေဆုံးခဲ့ ရပါတယ်။ စပိန်နိုင်ငံကတော့ လေယာဉ်ပျံပျက်ကျမှု ၇ ခုအထိရှိခဲ့ပြီး လူပေါင်း ၁၃၆၇ ယောက်သေဆုံးခဲ့ရသလို ဂျပန်နိုင်ငံရဲ့ လေယာဉ်ပျံပျက်ကျမှုက ၃ ခုရှိခဲ့ပြီး လူပေါင်း ၉၄၇ ယောက် သေဆုံး ခဲ့ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံကလည်း လေယာဉ်ပျံပျက်ကျမှု ၅ ခုအထိ ရှိခဲ့ပြီး လူပေါင်း ၈၇၃ ယောက် သေဆုံးခဲ့ရသလို နိုင်ဂျီးရီးယားနိုင်ငံကတော့ လေယာဉ်ပျံပျက်ကျမှု ၅ ခုမှာ လူပေါင်း ၇၈၇ ယောက် သေဆုံးခဲ့ရပါတယ်။ လေယာဉ်ပျံပျက်ကျမှုကြောင့် လူသေဆုံးရတဲ့ လေကြောင်းလိုင်း ၅ လိုင်းရဲ့ စာရင်းမှာလည်း အမေရိကန်ပြည်ထောင်စုရဲ့ လေကြောင်းလိုင်းတွေက ထိပ်ဆုံးက ရပ်တည်နေပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ လေကြောင်းလိုင်းဖြစ်တဲ့ American Airline ဆိုရင် လေယာဉ်ပျံပျက်ကျမှု ၅ ခါ ဖြစ်ခဲ့ပြီး လူပေါင်း ၂၅၇၈ ယောက် သေဆုံးခဲ့ရပါတယ်။ Pan American လေကြောင်းလိုင်းကလည်း လေယာဉ်ပျံပျက်ကျမှု ၃ ခါဖြစ်ခဲ့ပြီး လူပေါင်း ၇၅၈ ယောက် သေဆုံးခဲ့ရပါတယ်။ ရုရှားလေကြောင်းလိုင်းဖြစ်တဲ့ Aeroflot လေကြောင်းလိုင်းကတော့ လေယာဉ်ပျံပျက်ကျမှု ၄ ခါ အထိ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၇၁၈ ယောက် သေဆုံးခဲ့ရပါတယ်။

စတုတ္တမြောက် လူအသေအပျောက် အများဆုံးလေကြောင်းလိုင်းကတော့ တရုတ်လေကြောင်း လိုင်းဖြစ်တဲ့ China Airlines ဖြစ်ပြီး လေယာဉ်ပျံပျက်ကျမှုဖြစ်စဉ် ၃ ခုမှာ လူပေါင်း ၆၉၂ ယောက် သေဆုံးခဲ့ရပါတယ်။ Malaysia Airlines ကတော့ လေယာဉ်ပျံပျက်ကျမှု ၂ ခါ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၅၃၇ ယောက်သေဆုံးခဲ့ရပါတယ်။

လေယာဉ်ပျံပျက်ကျမှုတွေကြောင့် လူသေဆုံးရတဲ့ ကိန်းဂဏန်းတွေကို ဖော်ပြပြီးတဲ့နောက်မှာတော့ ရထား မတော်တဆမှုတွေကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံ ၅ နိုင်ငံရဲ့ စာရင်းကို ဖော်ပြပေးပါမယ်။

၂၀၁၈ ခုနှစ်အတွင်း ရထားမတော်တဆမှုကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံတွေရဲ့စာရင်းမှာ အိန္ဒိ ယနိုင်ငံက ထိပ်ဆုံးမှာရှိနေပါတယ်။

အိန္ဒိယနိုင်ငံဟာ ၂၀၁၈ ခုနှစ်အတွင်း ရထား မတော်တဆမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၅၉ ယောက်သေဆုံးခဲ့ရပါတယ်။ တူရကီနိုင်ငံကလည်း ရထား မတော်ဆမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၃၃ ယောက်သေဆုံးခဲ့ရသလို တောင်အာဖရိကနိုင်ငံကလည်း ရထား မတော်တဆမှု ၃ ကြိမ် မှာ လူပေါင်း ၂၀ ယောက်သေဆုံးခဲ့ရပါတယ်။ ထိုင်ဝမ်က ရထား မတော်တဆမှု ၁ ကြိမ်သာ ဖြစ်ပွားခဲ့ပေမယ့် လူပေါင်း ၁၈ ယောက်သေဆုံးခဲ့ရပြီး အီဂျစ်နိုင်ငံကတော့ ရထား မတော်တဆမှု ၁ ကြိမ်မှာ လူပေါင်း ၁၅ ယောက် သေဆုံးခဲ့ပါတယ်။

အခုနောက်ဆုံး ဖော်ပြပေးမယ့်စာရင်းကတော့ ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ကား မတော်တဆမှုတွေကြောင့် လူသေဆုံးမှု ပမာဏပါ။

၂၀၁၈ ခုနှစ်အတွင်း ကားမတော်တဆမှုကြောင့် ဖြစ်ပွားခဲ့ရတဲ့ လူသေဆုံးမှုစာရင်းမှာ ပထမနေရာက ရှိနေတာကတော့ အိန္ဒိယနိုင်ငံပါ။ အိန္ဒိယနိုင်ငံကတော့ ၂၀၁၈ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ ကား မတော်တဆမှုတွေကြောင့် လူပေါင်း ၁၅၀,၇၈၅ ယောက် သေဆုံးခဲ့ရပြီး တရုတ်နိုင်ငံက လူပေါင်း ၅၈,၀၂၂ ယောက် သေဆုံးခဲ့ရပါတယ်။ ဘရာဇီးနိုင်ငံမှာတော့ လူပေါင်း ၃,၈၆၅၁ ယောက် သေဆုံးခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာတော့ ၃၅,၀၉၁ ယောက်နဲ့ အင်ဒိုနီးရှားနိုင်ငံမှာတော့ ၃၁,၂၈၂ ယောက် သေဆုံးခဲ့ရပါတယ်။

Ref: scmp.com

You may also like these stories:

၂၀၁၉ မှာ ခရီးသွား သန်း၂၀ လာရောက်ဖို့ အင်ဒိုနီးရှား အစိုးရ မျှော်လင့်

၂၀၁၈ ခုနှစ်အတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှုမြင့်တက်ခဲ့တဲ့ စင်ကာပူနိုင်ငံ

င်္ဂလိပ်အက္ခရာ G စာလုံးပေါင်းနဲ့ စသောနိုင်ငံများ

သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့ ဗီယက်နမ်နိုင်ငံ

Your Thoughts …
Tags: ယာဉ်မတော်တဆမှု၊ အများဆုံးနိုင်ငံများ
ညီညီသူ

ညီညီသူ

Similar Picks:

No Content Available
Next Post
စစ်တွေမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းတခု  / ဧရာဝတီ

ရခိုင်အရေး မြန်မာအပေါ် နိုင်ငံတကာ၏ ဖိအားပေးမှုများ ဂျပန်လက်မခံ

နော်ဝေနိုင်ငံက Rjukan မြို့

နေရောင် မရတာကြောင့် ဆိုလာမှန်ချပ်တွေ သုံးပြီး နေအလင်းရောင် ယူရတဲ့ နော်ဝေနိုင်ငံက Rjukan မြို့

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate