ဂျာမန် သင်္ဘော ကပ္ပတိန်တယောက်ဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် Pia Klemp ဟာ ရေနစ်နေတဲ့ ခိုးဝင်ဒုက္ခသည်ကို ကူညီမိတဲ့အတွက် ထောင်ဒဏ် နှစ် ၂၀ ချခံရနိုင်ချေ ရှိနေပါတယ်။ သူ့ကို အီတလီအစိုးရက တရားစွဲဆိုထားတာဖြစ်ပြီး နိုင်ငံတွင်းတရားမဝင် ဝင်ရောက်မှုကို ကူညီမှုနဲ့ တရားစွဲထားတာလည်း ဖြစ်ပါတယ်။
Pia Klemp ဟာ “ပင်လယ်စောင့်ကြည့်ရေး”လို့ ခေါ်တဲ့ ပရဟိတအဖွဲ့တခုမှာ ဝင်ရောက်လုပ်ကိုင်နေသူဖြစ်ပြီး အဲဒီအဖွဲ့အစည်းဟာ မြေထဲပင်လယ်တဝိုက်က ဒုက္ခရောက်နေသူတွေကို ကူညီရတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ အဲဒီအဖွဲ့ရဲ့ ကူညီမှုတော်တော်များများကတော့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကက လာရောက်တဲ့ ခိုးဝင်ဒုက္ခသည်တွေကို ကူညီလေ့ရှိတယ်လို့ သိရပါတယ်။
ဒါပေမဲ့လည်း သူတို့အဖွဲ့မှာ ပါဝင်တဲ့ Pia Klemp ကို လူမှောင်ခိုသွင်းမှုနဲ့ တရားစွဲဆိုထားတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ Pia Klemp ကတော့ ဒီလို စွဲဆိုမှုကို အတတ်နိုင်ဆုံး ချေပရင်ဆိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ကျမတို့ အနေနဲ့ နိုင်ငံတကာရဲ့ စည်းမျဉ်းတွေ အတိုင်းပဲ ပြုလုပ်ခဲ့တာပါ။ ပင်လယ်ရေကြောင်း ဥပေဒေတွေနဲ့ အညီပေါ့။ ဒီလို ကယ်တင်နေတာက ပြစ်မှုမြောက်တယ် ဆိုတာကြောင့် လူတွေ မသေသင့်ဘဲ သေနေရတာဖြစ်တယ်”လို့ Pia Klemp ကဆိုပါတယ်။
နှစ်စဉ် ခိုးဝင်ဒုက္ခသည် ၁၅ရာခိုင်နှုန်းက မြေထဲပင်လယ်ထဲမှာ အသက်ဆုံးရှုံးနေပေမယ့် နိုင်ငံအသီးသီးကတော့ ခိုးဝင်ဒုက္ခသည်တွေကို တင်းကြပ်တဲ့ ဥပဒေတွေနဲ့ ဝင်ခွင့်ပိတ်ပင်ထားဆဲဖြစ်ပါတယ်။
Ref. Truththeory.com
You may also like these stories:
ပလတ်စတစ်အမှိုက်ကို အသုံးပြုပြီး ကလေးတွေအတွက် ခုံတွေ ပြုလုပ်ပေးတဲ့ အင်ဂျင်နီယာ
ဒုတိယကမ္ဘာစစ်က ချစ်ကျွမ်းဝင်ခဲ့တဲ့ အမျိုးသမီးကို ၇၅ နှစ်အကြာမှာ ပြန်ရှာတွေ့ခဲ့သူ
ရေထဲ ပြုတ်ကျသွားတဲ့ ဖုန်းကို ကောက်ယူပေးခဲ့တဲ့ ဝေလငါး