အမေရိကန်ပြည်ထောင်စု၊ Louisiana ပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသားတဦးဟာ မကြာသေးခင်က လူမှုကွန်ရက်မှာ ရေပန်းစားခဲ့တဲ့ ရေခဲမုန့်ကို လျှာနဲ့ လျက်ပြီး ရေခဲသေတ္တာထဲ ပြန်ထည့်ခဲ့တဲ့ အမျိုးသမီးအတိုင်း ဗီဒီယို ရိုက်ခဲ့တာကြောင့် ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။
အသက် ၃၆ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ Lenise Martin III ဆိုသူဟာ ရေခဲမုန့် ဝယ်ဖို့ ရည်ရွယ်ပြီး အခုလို ရိုက်ကူးခဲ့တာ ဆိုပေမယ့် အဖမ်းဆီးခံခဲ့ရပါတယ်။ Blue Bell ကုမ္ပဏီထုတ် ရေခဲမုန့်ကိုပဲ မဝယ်ခင် လျှာနဲ့ လျက်ခဲ့တာဖြစ်ပြီး စတိုးဆိုင်မှာ ရှိတဲ့ လုံခြုံရေး ကင်မရာမှာ သူ့ရဲ့ ပုံရိပ်ကို ဖမ်းယူနိုင်ခဲ့တယ်လို့ ဒေသခံ ရဲဌာနက ပြောပါတယ်။
Watch the latest video at foxnews.com
စတိုးဆိုင်က မထွက်ခွာခင်မှာပဲ ရဲတွေ ရောက်ရှိလာပြီး သူ့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ထူးခြားတာ တခုကတော့ သူဟာ အရင်ဗီဒီယိုက အမျိုးသမီးလို မဟုတ်ဘဲ သူလျှာနဲ့ လျက်ခဲ့တဲ့ ရေခဲမုန့်ဘူးကို ပြန်လည် ထုတ်ယူခဲ့တာကို တွေ့ရပါတယ်။ ဒါပေမဲ့ ရဲဌာနကတော့ နောက်ပိုင်းမှာ လူတွေ အားလုံး စားစရာကို အပျော်အပျက်ပြုလုပ်မှာ စိုးရိမ်တာကြောင့် အခုလိုမျိုး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
Lenise Martin III ဟာ တရားမဝင်ဘူးလို့ သတ်မှတ်ထားတဲ့ အပြုအမူကို လူမြင်ကွင်းမှာ ပြုလုပ်ခဲ့ပြီး လူမှုကွန်ရက် စာမျက်နှာမှာ လူသိရှင်ကြား တင်ခဲ့တာကြောင့် တရားခွင်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာရှိတဲ့ လူတွေဟာ လူမှုကွန်ရက်မှာ ရေပန်းစားတဲ့ ဗီဒီယိုတွေကို အတုယူပြီး လိုက်လံ ပြုလုပ်လေ့ ရှိတာကြောင့် အခုလို အရေးယူရတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရေခဲမုန့် ကုမ္ပဏီအနေနဲ့လည်း ထိရောက်တဲ့ အရေးယူမှုတွေကို ပြုလုပ်စေချင်ပြီး နောက်နောင် စားစရာကို ရွံရှာဖွယ် အပြုအမူတွေ မလုပ်ဖို့နဲ့ အဲ့လို ပြုလုပ်လာပါက ပြင်းပြင်းထန်ထန် အရေးယူမှာ ဖြစ်တဲ့အကြောင်း ရဲဌာနရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပြီး Walmart ဈေးဝယ်စင်တာတွေမှာ ရှိတဲ့ ရေခဲမုန့်ထားတဲ့ ကောင်တာတွေမှာ ရဲတွေကို အစောင့်ချထားတယ်လို့ သိရပါတယ်။
Ref. Today.com
You may also like these stories:
ရေခဲမုန့်ကို လျှာနဲ့ လျက်ခဲ့တာကြောင့် အမျိုးသမီးတဦး ထောင်ဒဏ် နှစ် ၂၀ ကျနိုင်ဖွယ်ရှိ