အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က အထက်တန်းကျောင်းသူတဦး အသတ်ခံထားရတဲ့ ပုံတွေဟာ ဂိမ်းကစားသူတွေ ဗီဒီယို၊ ဓာတ်ပုံ၊ စာပို့ဖို့ အသုံးပြုတဲ့ Discord Application မှာ ထွက်ပေါ်လာတာ တွေ့ရပါတယ်။ Utica ရဲဌာနမှ ရဲတွေကတော့ အဆိုပါပုံတွေဟာ သတ်တယ်လို့ သံသယရှိသူက တင်လိုက်တာ ဖြစ်နိုင်ကြောင်း အစောပိုင်းက မှတ်ချက်ပေးခဲ့ပါတယ်။
ဇူလိုင် ၁၄ ရက်နေ့၊ မနက် ၇ နာရီ၊ မိနစ် ၂၀ လောက်မှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တဲ့ အမျိုးသားတဦးက အမျိုးသမီးတဦးကို သတ်ခဲ့ကြောင်း အရေးပေါ်ဖုန်း လက်ခံ ရရှိခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။ ရဲတွေ ရောက်သွားချိန်မှာတော့ အမျိုးသားက သူ့လည်ပင်းကို သူ့ကိုယ်သူ ဓားနဲ့ထိုးပြီးနေပြီလို့ သိရပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ ကြမ်းပြင်ပေါ်မှာလဲနေတဲ့ အမျိုးသားကို တွေ့ခဲ့ရသလို၊ ဖုန်းလက်ခံ ရရှိတဲ့အတိုင်း အမျိုးသမီးကိုလည်း လည်ပင်းက ဒဏ်ရာတွေနဲ့ သေနေတာကို တွေ့ခဲ့ရတယ်လို့ ရဲဌာနက ဆိုပါတယ်။
သတ်ခံရတဲ့ အမျိုးသမီး နာမည်က Bianca Devins ဖြစ်ပြီး သတ်သေခဲ့တဲ့ အမျိုးသားရဲ့ ချစ်သူပါ။ သူတို့ နှစ်ဦးဟာ လွန်ခဲ့တဲ့ ၂ လလောက်က Instagram က တဆင့် ဆုံတွေ့ခဲ့ကြပြီး ချစ်ကျွမ်းဝင်ခဲ့ကြတာပါ။ အခင်း မဖြစ်ပွားခင် ညက သူတို့နှစ်ဦး ရှိုးပွဲကနေ ည ၁၀ နာရီလောက်မှာ ပြန်လာခဲ့ကြပြီး စကားများခဲ့တယ်လို့ သိရပါတယ်။
“အမျိုးသားက အမျိုးသမီးကို သတ်ပြီး Discord မှာ ပုံတွေတင်ပြီး ဖြန့်ခဲ့တာ ဖြစ်မယ်” ရဲတွေက ဆိုပါတယ်။ ဒီပုံတွေကို တခြား အသုံးပြုသူတွေ မြင်သွားပြီး ရဲကို အရေးပေါ် အကြောင်းကြားခဲ့ကြတာပါ။ သံသယတရားခံဖြစ်သူ အသက် ၂၁ နှစ်အရွယ် Brandon Clark ကို ဒဏ်ရာတွေနဲ့ အရေးပေါ်ခန်းထဲမှာ ကုသပေးနေပြီး အသက်ရှင်နိုင်ချေရှိတယ်လို့ ရဲဘက်က ခန့်မှန်းထားပါတယ်။
အသတ်ခံရတဲ့ အသက် ၁၇ နှစ်အရွယ် မိန်းကလေး Devins ကတော့ လာမယ့် ဆောင်းဦးရာသီမှာ Utica မှာ ရှိတဲ့ Mohawk Valley Community ကောလိပ်မှာ တက်ရောက်ဖို့ ပြင်ဆင်နေခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။
“ကျနော်တို့ ဒီအဖြစ်အပျက် ဆိုးကြီးကို တွေ့ပြီး လုံးဝ အံ့သြ တုန်လှုပ်သွားရပါတယ်။ ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး ကျနော်တို့ဘက်က တတ်နိုင်သလောက် ကူညီနိုင်အောင် လုပ်ဆောင်သွားမှာပါ။ Devins Bianca အတွက်လည်း မိသားစုနဲ့ ထပ်တူ ဝမ်းနည်း ကြေကွဲရပါတယ်” လို့ Discord မှ တာဝန်ရှိသူတဦးက ဆိုပါတယ်။
Ref. edition.cnn.com
You may also like these stories:
“မော်ဂလီ”လို့ နာမည်ကျော်နေတဲ့ ရုရှားနိုင်ငံ အမှိုက်ပုံ တိုက်ခန်းထဲက ကောင်မလေး