Crime

အုပ်စုဖွဲ့ ရန်ပြုတိုက်ခိုက်သည့် လူငယ်တစုကို မန္တလေးရဲဖမ်းဆီး

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁၊ ၇၃ လမ်း၊ ငုရွှေဝါလမ်းနှင့် သဇင်လမ်းကြားရှိ မင်္ဂလာမန္တလေး ကားပါကင်၌ စီးပွား၊ စီမံ ပထမနှစ် ကျောင်းသား ဦးနှင့် ကားပါကင်ဝန်ထမ်းတို့ကို အကြောင်းမဲ့ အုပ်စုဖွဲ့ ရန်ပြု တိုက်ခိုက်ခဲ့သော လူငယ်တစုကို ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ 

အဆိုပါလူငယ်များမှာ အောင်မြေသာစံမြို့နယ်အတွင်း နေထိုင်ကြသူများဖြစ်ပြီး သံပန်း၊ တွင်ခုံ၊ ကျပန်း လုပ်ကိုင်ကြသူများဖြစ်ကာ အသက် ၁၅ နှစ်မှ ၂၀ နှစ်အရွယ်များဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

အမှတ် ၁၁ နယ်မြေရဲစခန်း စခန်းမှူး ဒုတိယရဲမှုး ဇော်နိုင်ကအဲဒီနေ့ကတည်းက ၁၁ ယောက်လုံးကို ဖမ်းဆီးထားပါတယ်၊ လက်ရှိမှာတော့ သူတို့ကို ချုပ်ရီမန်ယူထားပြီး စစ်ဆေးနေတယ်၊ ရန်ငြိုးရန်စမရှိဘဲ အကြောင်းမဲ့ တိုက်ခိုက်ခဲ့ကြတာပါ၊ သူတို့ကို စစ်ဆေးချက်အရတော့ မူးယစ်ဆေးသုံးစွဲထားတာမျိုးတော့ မတွေ့ရပါဘူးဟု ပြောသည်။

အုပ်စုဖွဲ့ အကြောင်းမဲ့ ရန်ပြုတိုက်ခိုက်သည့် လူငယ်များမှာ ရဲနောင် ()ဗေကြီး (၂၀နှစ်) အောင်ဖြိုးကျော် () ဖားကြီး (၁၅နှစ်) စည်သူနိုင် (၁၈နှစ်) ထွန်းရန်နိုင် (၁၈နှစ်) ကျော်မင်းထက် ()ကျော်ကြီး (၁၇နှစ်) မြတ်ဘုန်းနိုင () တုတ်ပေါ (၁၇နှစ်) အောင်ပြည့်မျိုးထက်()ဒိတ္တိ (၁၅နှစ်) နေဇော်ဝင်း()ကုလား (၂၀နှစ်) ရန်ပိုင်မျိုး (၁၈နှစ်) ကောင်းကောင်း() ဖွတ်ကြီး (၁၇နှစ်) အောင်ကျော်ဖြိုး() ငပေါ (၁၈နှစ်) တို့ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ရက်နေ့ ညနေပိုင်းက  မင်္ဂလာမန္တလေးကားပါကင် ပထမထပ်တွင် ကားပါကင်စောင့်အား လူငယ် ၁၁ ဦးက အကြောင်းမဲ့ ရန်ပြုတိုက်ခိုက်ခဲ့ကြပြီး တဦးက အသင့်ပါလာသည့် ဓားမြှောင်ဖြင့်ထိုးရာ ရှောင်လိုက်သဖြင့် ယာဘက်လက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲမှတ်တမ်းဖော်ပြချက်များအရ သိရသည်။

အဆိုပါလူငယ်များသည် ကားပါကင်အစောင့်အား အကြောင်းမဲ့တိုက်ခိုက်ခဲ့ကြသည့်အပြင် ကားပါကင်ရှိ CCTV အား ဖျက်ဆီး၍ မင်္ဂလာမန္တလေး Block 4 ,Unit 8 ရှိ Strategy First Universty ပုဂ္ဂလိကကျောင်းမှ ပထမနှစ်(စီးပွား/စီမံ) တက်ရောက်နေကြသည့် ကျောင်းသား ဦးအား ၎င်းတို့ ပါလာသည့် သံတုတ်၊ ဓားမြှောင်တို့ဖြင့် ချိန်ရွယ်ပြီး မကြားဝံ့မနာသာ ဆဲဆိုရိုက်နှက်ထိုးကြိတ်ခဲ့ကြသည်။

ထိုကဲ့သို့ ရိုက်နှက် ထိုးကြိတ်ခြင်းများကြောင့်  ကျောင်းသား ဦးမှာ အောက်ဆုံးထပ်သို့ ဆင်းပြေးသွားခဲ့ကြောင်း၊ လူငယ် ၁၁ ဦးမှာ နောက်မှ ပြေးလိုက်သွားပြီး ရိုက်နှက်ထိုးကြိတ်ကြကြောင်း ရဲမှတ်တမ်းဖော်ပြချက်များအရ သိရသည်။

ထိုကဲ့သို့ အုပ်စုဖွဲ့ ရန်ပြုတိုက်ခိုက်နေခြင်းကို တွေ့ရှိခဲ့သည့် မင်္ဂလာမန္တလေး လုံခြုံရေးအရာရှိ တဦးက ရဲစခန်းသို့ အကြောင်းကြားခဲ့ရာ အမှတ် ၁၁ နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်မင်းထိုက်နှင့် အဖွဲ့က၎င်းတို့အား မန္တလာသီရိဘောလုံးကွင်း အနီးတွင်း ဖမ်းဆီးရမိခဲ့ခြင်းဟု သိရသည်။

အဆိုပါလူငယ် ၁၁ ဦးက ကားပါကင်ရှိ CCTV အား ဖျက်ဆီးပြီး ကားပါကင်ဝန်ထမ်းနှင့် ကျောင်းသား ဦးအား နာကျဉ်ဒဏ်ရာ ရရှိအောင်ပြုလုပ်ခဲ့ခြင်းကြောင့် မင်္ဂလာမန္တလေး လုံခြုံရေးအရာရှိက တရားလိုပြုလုပ်၍ အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ယခုအခါ အဆိုပါလူငယ်များကို အမှတ် ၁၁ နယ်မြေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး () ၄၇၃/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၄၀ (သေစေမူအတွက်၊ သို့မဟုတ် နာကျင်စေမူအတွက် ပြင်ဆင်ကာ ကျူးလွန်သည့် အကျိုးဖျက်ဆီးမူ)ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

မန္တလေးခရိုင်အတွင်း၌ မူခင်းကျဆင်ရေး စီမံချက်အဖြစ် ရဲတပ်ဖွဲ့မှ ညပိုင်းအချိန်များတွင် အသွင်ယူ ဖမ်းဆီးနေမှုများကို လုပ်ဆောင်နေလျက်ရှိသော်လည်း လူငယ် အများစုမှာ အုပ်စုဖွဲ့၍ ခိုက်ရန်ဖြစ်ပွားခြင်း၊ လုယက်မှုများ ကျုးလွန်းခြင်း၊ အကြောင်းမဲ့ ရန်ပြုတိုက်ခိုက်ခြင်းများ မကြာခဏ ဖြစ်ပွားလျက်ရှိနေခြင်းကို တာဝန်ယူမှု တာဝန်ခံမှုှပြုလုပ်ပေးရန် လိုအပ်နေသည်ဟု မန္တလေးမြို့ခံများက ဝေဖန်ထောက်ပြသည်။

မန္တလေးမြို့ခံ ကျောက်မျက်ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုသူ ကိုဆွေဝင်းကမှုခင်းကျဆင်းရေးအတွက် သက်ဆိုင်ရာကနေ ထိထိရောက်ရောက် ကိုင်တွယ်ပေးဖို့တော့ လိုနေပြီလို့ မြင်တယ်၊ အခုက အမှုတခုမဖြစ်လိုက်နဲ့ တရားခံတွေကို ကြည့်လိုက်ရင် လူငယ်တွေ အများစုဖြစ်နေကြတယ်ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်၍ဒါဟာ ဘာကြောင့် ဖြစ်နေရသလဲဆိုတာကိုလည်း ပြန်ပြီးသုံးသပ်ကြဖို့ ကောင်းတယ်၊ ပိုဆိုးတာက လုယက်မှု ကျုးလွန်ကြတာတွေပဲ၊ ဖုန်းလုတယ်၊ ဆိုင်ကယ်လုတယ်၊ ပိုက်ဆံအိတ်ကို လုတယ်ဆိုတာမျိုးတွေက မန္တလေးမှာ မကြားချင်လည်း ကြားနေရတုန်းပဲရှိသေးတယ်၊ အဲဒီတော့ မန္တလေးမြို့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးက ဘယ်သူမှာ တာဝန်အရှိဆုံးလဲဆိုတဲ့ မေးခွန်းကို ကျနော်မေးချင်တယ်ဟု   ပြောသည်။

ထိုကဲ့သို့ မှုခင်းဖြစ်စဉ်များအနက် ယခုနှစ် ဇွန်လ ရက်နေ့က ကျုံးအရှေ့ဘက် ၆၆ လမ်း၊ ၁၄ လမ်းနှင့် ၁၅ လမ်းကြားတွင်လည်း ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ် ဦးကို လူငယ် ဦးက ဓားဖြင့်ထိုးသည့် အမှုဖြစ်ပွားခြင်း၊ သြဂုတ်လ ရက်နေ့ကလည်း အသက် ၂၀ အောက်လူငယ် ဦးက အုပ်စုဖွဲ့၍ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ နေအိမ်တလုံးအား ဓားထောက်လုယက်မှုဖြစ်ပွားခဲ့ခြင်းတို့လည်း ဖြစ်ပွားခဲ့သည်။ 

၂၀၁၈ ခုနှစ် ဒီဇင်ဘာ၂၅ ရက်နေ့ ညပိုင်းကလည်း အမည်မသိလူငယ်တစုက ရတနာပုံတက္ကသိုလ်မှ ကုန်ထုတ် ဓာတုဗေဒ နောက်ဆုံးနှစ် ကျောင်းသားတဦးဓားထိုးခံရ၍ သေဆုံးခဲ့ခြင်း၊ ၂၀၁၈ ခုနှစ်ဧပြီလ အတွင်း ကလည်း ဆိုင်ကယ်စတန့်သမား လူငယ် ဦးက ပြင်ဦးလွင်မြို့ တပ်မတော်ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် ခွဲစိတ်ပါရဂူ ဒုတိယ ဗိုလ် မှူးကြီး မိုးမြတ်အောင်အား စကေဘာဖြင့် ထိုးမှုဖြစ်ပွားခဲ့သည်။

အလားတူ ၂၀၁၈ အောက်တိုဘာ ၁၅ ရက်နေ့ ညပိုင်းကလည်း မန္တလေးတက္ကသိုလ်အနီးတွင် ဆိုင်ကယ်မောင်းလာသူ လူငယ် ဦးအား အခြားသောလူငယ်များက အုပ်စုဖွဲ့ ရန်ပြုတိုက်ခိုက်ခြင်းများကြောင့် တဦးဒဏ်ရာရှိခဲ့သလို တဦးသေဆုံးခဲ့သည့် ဖြစ်စဉ်များတွင် အများစုမှာ လူငယ်များ ကျုးလွန်ခဲ့ကြခြင်းဖြစ်သည်။

You may also like these stories:

မန္တလေးမြို့ရှိ အနှိပ်ခန်းတခုတွင် ခိုက်ရန်ဖြစ်ပွားရာမှ လူသတ်မူဖြစ်

မန္တလေးရှိ တေးစီးရီးမိတ်ဆက်ပွဲတွင် လူသတ်မှုကျူးလွန်ခဲ့သူ ၄ ဦးကို ဖမ်းဆီးထား

Did you find apk for android? You can find new Free Android Games and apps.
Loading