Crime

ဝေဠုကျော် ရုံးချိန်း ပျက်ကွက်တာ ၄ ကြိမ် ရှိပြီလို့ တရားလို သင်းသင်း ပြော

Want create site? Find Free WordPress Themes and plugins.

ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ကဟာ လက်ရှိအချိန်ထိ တရားရင်ဆိုင်နေရဆဲဖြစ်ပြီး ချိန်းဆိုတဲ့ တရားရုံးချိန်းများအနက် ပျက်ကွက်တာ ၄ ကြိမ်ရှိနေပြီလို့ တရားလိုဖြစ်သူ သင်းသင်းက ပြောပါတယ်။

“နောက်ရုံးချိန်းကို ၂၁ ရက်နေ့ ပြန်ချိန်းလိုက်ပါတယ်။ ၂ နာရီခွဲမှပါ။ ကျမဘက်ကတော့ အမှုကို ပျက်ကွက်မှာစိုးလို့ မြန်မြန်လည်း ပြီးချင်တာပဲလေ။ တကယ့် တကယ်ပျက်တာက တရားခံဘက်က ပျက်တာ ၃ ချိန်း ရှိနေပြီ။ ရှေ့တချိန်းနဲ့ဆို ၄ ချိန်းဖြစ်နေပြီ။ ကျမလည်း မြန်ချင်တာပေါ့။ လူမှုရေး၊ စီးပွားရေးတွေက ကျမဘက်မှာလည်း ရှိပါတယ်။ သူတို့ဘက်ကိုတော့ ထွေထွေထူးထူး မပြောချင်ပါဘူး”လို့ သင်းသင်းက ပြောပါတယ်။

ဝေဠုကျော်ဘက်မှ ခွင့်တင်ထားတဲ့အတွက် ဆက်လက် စစ်ဆေးစရာ ရှိသည်များကို သူ့ရဲ့ရှေ့နေဖြစ်သူက စစ်ဆေးမယ်လို့ ပြောပေမယ့် သင်းသင်းဘက်မှ လက်မခံဘဲ ကန့်ကွက်ခဲ့ပြီး နှစ်ဦးနှစ်ဖက် စုံညီမှသာ စစ်ဆေးရန် ပြောခဲ့တယ်လို့ သိရပါတယ်။

“ဒီနေ့ကတော့ ဝေဠုကျော်ဘက်က ခွင့်တင်တာပေါ့။ ဒါပေမဲ့ သူ့ရှေ့နေကတော့ သူ အာမခံပြီးတော့ အသံဖိုင်ကို နားထောင်မယ်ပေါ့။ အဲဒါကို ကျမဘက်ကတော့ ကန့်ကွက်လိုက်တယ်။ ဒီဟာက တရားခံနဲ့ တရားလို နားထောင်မှ အဆင်ပြေမှာ”

“တယောက်က ကြားထဲက အာမခံတယ် ဆိုပေမယ့်လည်း တကယ့်တကယ် ဟိုဘက်ဒီဘက် စစ်လာကြရင် တချို့ပြဿနာတွေ ရှိလိမ့်မယ်ထင်လို့ ကျမဘက်က ကန့်ကွက်လိုက်တာပါ။ တရားသူကြီးဘက်က သဘောတူလိုက်ပါတယ်” လို့ သင်းသင်းက ပြောပါတယ်။

သင်းသင်းအနေနဲ့လည်း ကိုယ်ရေးကိုယ်တာ တခုအနေဖြင့် နာရေးတခုအတွက် နယ်ပြန်သွားခဲ့ရပေမယ့် ယနေ့ ရုံးချိန်းကို ပျက်ကွက်ရမှာမျိုး မဖြစ်ချင်တာကြောင့် အချိန်မီရောက်အောင် လာခဲ့ရတယ်လို့ ဆိုပါတယ်။

“ဒီနေ့ဆိုရင် ရုံးချိန်းကို နည်းနည်းတော့ နောက်ကျသွားတယ်။ မနက်ကမှ ကားဆိုက်တာ အညာကို နာရေးကိစ္စတခုနဲ့ အရေးပေါ်ပြန်လိုက်ရတယ်။ ကိုယ်တောင် နာရေးကိစ္စကို ထားခဲ့ပြီး အရေးပေါ် ဒီဟာအတွက် ပြန်လာခဲ့ရတာပဲ။ လမ်းပန်းဆက်သွယ်ရေးကလည်း ကောင်းနေတာ မဟုတ်ဘူး။ ဒါပေမဲ့ ရုံးချိန်း မပျက်ချင်လို့”လို့ သင်းသင်းက ပြောပါတယ်။

ဝေဠုကျော်အနေနဲ့ကတော့ လူမှုကွက်ရက် စာမျက်နှာပေါ်မှာ တွေ့ရှိချက်အရ လက်ရှိဖြစ်ပွားနေတဲ့ ရေဘေးသင့် နေရာများကို သွားရောက် ကူညီကယ်ဆယ်ရေးများ ပြုလုပ်နေတာကို တွေ့ရပါတယ်။

လက်ရှိမှာတော့ အဆိုပါအမှုအတွက် တင်သွင်းထားတဲ့ အသံဖိုင်များကို စစ်ဆေးနေဆဲကာလဖြစ်ပြီး တရားလိုနဲ့ စွပ်စွဲခံရသူ မစုံညီတာကြောင့် ဆက်လက် မစစ်ဆေးနိုင်သေးတာ ဖြစ်ပါတယ်။

သရုပ်ဆောင် ဝေဠုကျော်ကိုတော့ အလှမယ် သင်းသင်းက ကာမလိမ်လည်မှုဖြင့် ဇန်နဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုထားပြီး ဝေဠုကျော်ကတောာ့ ငွေကျပ်သိန်း ၅၀ နဲ့ အာမခံ ရယူထားတာ ဖြစ်ပါတယ်။

You may also like these stories:

တရားရုံးက လက်ခံနိုင်တဲ့အထိ သက်သေတွေ တင်သွားမယ်လို့ သင်းသင်း ပြော

“ယုံကြည်မှုရှိတဲ့အတွက် အမှုကို ရင်ဆိုင်ခဲ့တာပါ”လို့ ဝေဠုကျော် ပြော

ဝေဠုကျော်ရဲ့ တရားရုံး ကင်းလွတ်ခွင့် လျှောက်ထားမှု ပယ်ချခံရ

စွပ်စွဲခံရသူ ဝေဠုကျော်ခွင့်တိုင်ကြားထား၍ ယခုအပတ်အမှုမစစ်ဆေးနိုင်ခဲ့

Did you find apk for android? You can find new Free Android Games and apps.
Loading