နီပေါနိုင်ငံမှာ နေထိုင်နေတဲ့ တရုတ်နိုင်ငံသား ၁၂၂ ယောက်ကို ဇန်နဝါရီ ၈ ရက်နေ့က နီပေါအစိုးရက ပြည်နှင်ဒဏ် ပေးခဲ့ပါတယ်။ နီပေါအစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက် အရဆိုရင်တော့ နီပေါနိုင်ငံရဲ့ မြို့တော် ခတ္တမန္ဒူးမြို့မှာ နေထိုင်နေကြတဲ့ တရုတ်နိုင်ငံသား ၁၂၂ ယောက်ဟာ အကြီးစားဆိုက်ဘာ လိမ်လည်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သံသယကြောင့် ပြည်နှင်ဒဏ် ပေးခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဆိုက်ဘာ လိမ်လည်မှု ပြုလုပ်နေကြတဲ့ တရုတ်နိုင်ငံသားတွေကို ပြီးခဲ့တဲ့လကပဲ နီပေါအစိုးရက ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံသားတွေ နေထိုင်နေကြတဲ့ နေအိမ် ၉ လုံးကို ဝင်ရောက် ရှာဖွေစီးနင်းစဉ်မှာတော့ ဆိုက်ဘာ လိမ်လည်မှုအတွက် တရုတ်နိုင်ငံသားတွေ အသုံးပြုကြတဲ့ မိုဘိုင်းဖုန်း အလုံး ၇၀၀ ၊ လက်တော့ပ် ၃၃၁ လုံးနဲ့အတူ Desktop Computer အလုံး ၁၀၀ နီးပါး ဖမ်းဆီး ရမိခဲ့ပါတယ်။
အခုလို တရုတ်နိုင်ငံသားတွေကို ဝင်ရောက် ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ လပိုင်းလောက်က ဖိလစ်ပိုင်နိုင်ငံမှာ တရားမဝင် ဆိုက်ဘာ လိမ်လည်မှုတွေကို ပြုလုပ်နေကြတဲ့ တရုတ်နိုင်ငံသားတွေကို ဖိလစ်ပိုင်အစိုးရက ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဆက်တိုက်ဆိုသလို ဖြစ်ပျက်လာတဲ့ ဖြစ်စဉ်လည်းဖြစ်ပါတယ်။
ဖိလစ်ပိုင်အစိုးရအနေနဲ့ လွန်ခဲ့တဲ့ လပိုင်းလောက်က ဆိုက်ဘာလိမ်လည်မှုတွေ ပြုလုပ်နေကြတဲ့ တရုတ်နိုင်ငံသား ၃၄၀ ကို ဖမ်းဆီးခဲ့ပါတယ်။
နိုဝင်ဘာလတုန်းကလည်း အလားတူပြစ်မှုမျိုး ကျူးလွန်တဲ့ တရုတ်နိုင်ငံသား ၇၀၀ နီးပါးကို မလေးရှားအစိုးရက ဖမ်းဆီးခဲ့ပါသေးတယ်။ အခုဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်တွေကို သုံးသပ်ကြည့်ရင် တရုတ်နိုင်ငံသားတွေအနေနဲ့ နိုင်ငံအများစုမှာ တရားမဝင်ဆိုက်ဘာ လိမ်လည်မှုအများအပြား ကျူးလွန်နေကြောင်း တွေ့ရှိနိုင်ပါတယ်။
နီပေါနိုင်ငံမှာ ပြစ်မှုကျူးလွန်ခဲ့တဲ့ တရုတ်နိုင်ငံသား ၁၂၂ ယောက်မှာ အမျိုးသား ၁၄၄ ယောက်နဲ့ အမျိုးသမီး ၈ ယောက် ပါဝင်ပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ တရုတ်နိုင်ငံသားတွေကို လူဝင်မှုကြီးကြပ်ရေး ဥပဒေကိုချိုးဖော်မှုနဲ့ နီပေါအစိုးရက ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။
နီပေါလူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ ရန်းချန်ဒရာသီဝါရီက အခုလို ဆိုပါတယ်။
“ဖမ်းဆီးရမိခဲ့တဲ့ တရုတ်နိုင်ငံသားတွေဟာ ဗီဇာသက်တမ်း ကျော်လွန်ပြီး နီပေါနိုင်ငံမှာ နေထိုင်နေကြသူတွေဖြစ်သလို သူတို့ရဲ့ ခရီးသွားဗီဇာကို ချိုးဖောက်ခဲ့ကြတဲ့အတွက် အခုလို ပြည်နှင်ဒဏ်ပေးခဲ့ရခြင်းဖြစ်ကြောင်း” ပြောဆိုခဲ့ပါတယ်။
Ref: channelnewsasia
You may also like these stories:
TikTok ရဲ့ တရုတ်ဗားရှင်း Douyin ကို နေ့စဉ်အသုံးပြုသူ သန်း ၄၀၀ အထိရှိလာ
ကမ္ဘာ့အမြန်ဆုံး မောင်းသူမဲ့ ကျည်ဆံရထားကို စတင်ပြေးဆွဲလိုက်ပြီဖြစ်တဲ့ တရုတ်နိုင်ငံ
ဧရာဝတီမြစ်ကြောင်းဖွံ့ဖြိုးရေး စီမံကိန်း တရုတ် ဆွယ်နေ