သရဲခြောက်တဲ့အိမ်ကို အသုံးချပြီး မူးယစ်ဆေးဝါး ရောင်းချနေသူများအား ဖမ်းဆီး
ထိုင်းနိုင်ငံမြောက်ပိုင်း၊ Phitsanulok မြို့မှာရှိတဲ့ သရဲခြောက်တဲ့အိမ်ကို အသုံးချပြီး မူးယစ်ဆေးဝါး ရောင်းချနေသူများအား ဒေသခံ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် Petchchai Pinsakul လို့ အမည်ရတဲ့ မူးယစ်ဆေးဝါးဖြန့်ဖြူးသူ အမျိုးသားကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သူ့ရဲ့ သတင်းပေးမှုအရ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ နေအိမ်ကို ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် စီးနင်းခဲ့ကြတာ ဖြစ်ပါတယ်။
နေအိမ်အတွင်းမှာ မက်သာဖက်တမင်း ဆေးလုံးပေါင်း ၁ သိန်း ၃ သောင်းကျော်ကို ဖမ်းမိခဲ့ပြီး ရဲများက သံသယရှိသူ တဦးဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် Nirun Chansri ကို ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်။ နေအိမ်ဟာ သရဲခြောက်တယ်လို့ နာမည်ကြီးတာကြောင့် အနီးအနားမှာ နေထိုင်သူ မရှိတဲ့အပြင် ဖြတ်သွားဖြတ်လာ ပြုလုပ်သူ မရှိသလောက် ရှားတာကြောင့် မူးယစ်ဆေးဝါးဖြန့်ချိသူ Petchchai က ယူဆခဲ့တာ ဖြစ်ပါတယ်။
သူတို့ ၂ ဦးကို ဖမ်းဆီးပြီးနောက်မှာတော့ Nirun ရဲ့ အိမ်ကို ရဲများက ဝင်ရောက်စီးနင်းခဲ့ရာ Meth ဆေးလုံးပေါင်း ၂ သောင်းကျော်နဲ့ 9mm သေနတ်တလက်ကို ထပ်မံ ဖမ်းမိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ နေရာ ၂ခုလုံးက ဆေးတွေဟာ အမျိုးအစား အတူတူပဲ ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတနိုင်ငံက တင်သွင်းလာတာဖြစ်တယ်လို့ သိရပါတယ်။
ရဲဌာနက တာဝန်ရှိသူတွေဟာ သူတို့ ၂ ဦးလုံးကို ဒေသရဲစခန်းမှာ ထိန်းသိမ်းထားပြီဖြစ်ပြီး မကြာခင်မှာ အမှုရင်ဆိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref. asiaone.com
You may also like these stories:
မိုးအောင်ရင်တို့ အမှုအား အချိန်တိုအတွင်း အပြီးသတ် စစ်ဆေးသွားမည်
“ဆုံးဖြတ်ထားတဲ့ ကိစ္စဖြစ်လို့ မကျေအေးပေးနိုင်ဘူး”လို့ မိုးအောင်ရင်ရဲ့ ရည်းစားဟောင်း ပြော
“ငယ်သူမို့” သီချင်းကို ပရိသတ်တွေ အားပေးတဲ့အတွက် ဝမ်းသာနေတဲ့ စံမီမီနဲ့ ကျေးကျေး