သင်္ဃန်းကျွန်းတရားရုံးတွင် နောက်တိုး တရားခံအနေနဲ့ တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်မှ စွဲဆိုထားတာဖြစ်ပြီး စွဲဆိုခံရသူ မေသန်းနုကတော့ ရုံးချိန်းများသို့ မလာရောက်ဘဲ ရုံးချိန်းကင်းလွတ်ခွင့်ကိုလျှောက်ထားခဲ့ရာ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ရုံးချိန်းတွင် တရားရုံးမှ ပလပ်ခဲ့ပါတယ်။
စွပ်စွဲခံရသူဘက်မှ နိုင်ငံကျော် အနုပညာရှင် တယောက်ဖြစ်တာကြောင့် ရုံးတော် ကင်းလွတ်ခွင့်ကို ရှေ့နေများမှတဆင့် တင်ခဲ့တာဖြစ်ပြီး တရားလိုဖြစ်သူဘက်မှလည်း ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ရုံးချိန်းမှာတော့ အပြီးသတ် အကြိုညှိနှိုင်းမှု လုပ်ရန်နဲ့ အဆိုပါ ရုံးချိန်းကင်းလွတ်ခွင့်ကို အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး နှစ်ဖက်စလုံးမှလည်း အခုအချိန်ထိ အမှုကျေအေးဖို့အတွက် အစီအစဉ်မရှိဘူးလို့ သိရပါတယ်။
“တရားစွဲတယ်ဆိုတာ သူ့ရုံး သူ့အချိန် လာတယ်လေ။ ဒါပဲရှိတယ်၊ အဲဒါကြောင့်ပါ” လို့ တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။ အဆိုပါ အမှုကိုတော့ ဒေါ်စန်းစန်းမြင့်မှ သူ့ထံမှ သူခက် ဆိုသူက မေသန်းနုက ငွေချေးလိုက်ပါဆိုတာကြောင့် ချေးပေးခဲ့တာဖြစ်ပြီး သူခက်ကို တရားစွဲခဲ့သော်လည်း ထွက်ပြေး တိမ်းရှောင်ခဲ့၍ မေသန်းနုအား နောက်တိုးတရားခံအဖြစ် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
အမှုကိုတော့ ရက်ပေါင်း ၂၇၀ အတွင်း အပြီးစစ်ဆေးမှာဖြစ်ပြီး ဦးစွာ တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်အား စစ်ဆေးရန် ရုံးချိန်း ၈ ချိန်း ချိန်းဆိုကာ စစ်ဆေးသွားမှာပဲဖြစ်ပါတယ်။
သရုပ်ဆောင် မေသန်းနုကိုတော့ ဇန်နဝါရီလ ၂၀ ရက်နေ့က ရန်ကင်းမြို့နယ် တရားရုံးမှာ ပုဒ်မ ၄၂၀ ဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ပြီး အဆိုပါ အမှုကတော့ ၂၀၁၆ ခုနှစ်ကစတင်ကာ တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်ထံမှ တိုက်ခန်း စရံငွေ သိန်း ၄၀၀ လိမ်လည် ရယူသွားသည်ဟုဆိုကာ တိုင်တန်းခဲ့ရာမှ ပေါ်ပေါက်ခဲ့တဲ့အမှု ဖြစ်တယ်လို့ သိရပါတယ်။
ယခု နောက်တိုး အမှုကတော့ မေသန်းနုနဲ့ တခြားသူတဦးဟာ ဒေါ်စန်းစန်းမြင့်ရဲ့ လှည်းတန်းမှာရှိတဲ့ သိန်း ၂၅၀၀ တန် နေအိမ်ကို ပေါင်ခဲ့ရာကနေ ဆုံးရှုံးသွားတဲ့အတွက် ဖြစ်ပေါ်လာတဲ့အမှု ဖြစ်ပါတယ်။
You may also like these stories:
ဝူဟန်မြို့မှာ ကျန်ရစ်ခဲ့တဲ့ မြန်မာကျောင်းသား ၂ ယောက်ကို အိန္ဒိယလေတပ်က ပြန်ခေါ်လာ
ရဲစခန်းထိလာပြီး လမ်းပျောက်နေကြောင်း အသိပေးခဲ့တဲ့ ခွေးလေး
Constantine ရုပ်ရှင်အတွက် ကူညီပေးလိုကြောင်း Doctor Strange ဒါရိုက်တာ ဝန်ခံ