Crime

အဆိုတော် အောင်ရင်ကို နောက်တိုးတရားခံအဖြစ် ထည့်သွင်းတဲ့အကြောင်း ပြောပြတဲ့ ခင်မြတ်နိုး

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် မိုးအောင်ရင် အား ဥပဒေပုဒ်မ ၄၁၇ ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားတဲ့ ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုး ကတော့ ဒီကနေ့ ရန်ကင်းမြို့နယ် တရားရုံးမှာပြုလုပ်တဲ့ ၇ ကြိမ်မြောက် ရုံးချိန်းမှာ မိုးအောင်ရင် ရဲ့ဖခင် အဆိုတော် အောင်ရင်ကို အမှုဖြစ်မြောက်ရန် အားပေးကူညီသူအဖြစ် နောက်တိုး တရားခံအနေနဲ့ ထည့်သွင်းခဲ့ပါတယ်။

“အင်တာဗျူးမှာ သူတို့ပြောထားတဲ့ဟာကလည်း မိုးအောင်ရင် တယောက်တည်း ပြောထားတာ မဟုတ်ဘူးလေ။ သူ့အဖေပါ ကိုယ်တိုင်ပြောထားတာဆိုတော့ အဲ့အတွက်ကြောင့် ထည့်လိုက်တာပါ။ ကိုယ်တွေကလည်း သူတို့ဗီဒီယိုဖိုင်မှာ ပြောထားတယ်ဆိုတော့ နောက်တိုး တရားခံအနေနဲ့ ထည့်လို့ရမယ် ထင်လို့ထည့်တာပေါ့နော်။ ဒါပေမဲ့လည်း တရားရုံးက သူတို့ ဥပဒေနည်းအတိုင်း ပယ်တယ်ဆိုတော့လည်း ပယ်တယ်ပေါ့။ ဘာမှ မဖြစ်ပါဘူး” လို့ ခင်မြတ်နိုး က ပြောပါတယ်။

အဆိုပါ နောက်တိုး တရားခံအဖြစ် တင်သွင်းမှုကိုတော့ တရားရုံးမှ မထည့်သင့်ဘူးလို့ ယူဆတဲ့အတွက် ပယ်ချခဲ့တယ်လို့ ရန်ကင်းမြို့နယ် တရားရုံးပြန်ကြားရေး အရာရှိထံမှ သိရပါတယ်။

“ဒီနေ့ကတော့ ကျမရဲ့သက်သေတွေ အကုန်စစ်တယ်။ နောက်ထပ် ရုံးချိန်း ၂ ပတ် ထပ်ပေးတယ်။ အဲ့မှာတော့ နောက်တိုးသက်သေ ထပ်စစ်မယ်။ နောက်တိုးတရားခံကို ပယ်ချတာက အဓိက တရားခံက မိုးအောင်ရင် ဖြစ်နေတယ်။ မိုးအောင်ရင် နဲ့ ပတ်သက်တာဖြစ်တဲ့အတွက် ဦးအောင်ရင် က မဆိုင်လောက်ဘူးထင်လို့ သူတို့ပယ်ချတာပေါ့” လို့ ခင်မြတ်နိုးက ပြောပါတယ်။

ဒီကနေ့မှာတော့ ခင်မြတ်နိုးဘက်မှ တင်သွင်းထားသော သက်သေများဖြစ်တဲ့ မိခင်ဖြစ်သူ ဒေါ်ဥမ္မာ၊ အဒေါ်ဖြစ်သူ ဒေါ်အေးသန္တာနဲ့ ဦးသန့်စင်လင်းတို့ကို စစ်ဆေးခဲ့ပြီး နောက်တိုးသက်သေအဖြစ် တင်သွင်းခဲ့တဲ့ အငှားယာဉ်မောင်းဖြစ်တဲ့ ဦးကြည်ဝင်းနဲ့ Eleven Media မှ ဦးဝေဖြိုးတို့အား သက်သေတင်သွင်းခဲ့သော်လည်း တယောက်ကို သက်သေအဖြစ်မှ ပယ်ချခဲ့ပါတယ်။

“ဒီနေ့ရုံးချိန်းမှာ သက်သေ ဒေါ်ဥမ္မာ၊ ဒေါ်အေးမြသန္တာ၊ ဦးသန့်စင်လင်းတို့ကိုစစ်ဆေးခဲ့ပါတယ်။ စွပ်စွဲခံရသူဘက်မှ မိုးအောင်ရင် ကို တရားရှင်လွှတ်ပေးဖို့ လျှောက်ထားချက်ကို ပယ်ကြောင်းလည်း ကြားဖြတ် အမိန့်ချခဲ့ပါတယ်။ ဒါ့အပြင် တရားလိုဘက်က ဦးအောင်ရင်ကိုပါ နောက်တိုးတရားခံအဖြစ် ထည့်ပေးဖို့အတွက် လျှောက်ထားပါတယ်။ နောက်ပြီးတော့ နောက်တိုးသက်သေ ၂ယောက် ထည့်ပေးဖို့ကိုလည်း လျှောက်ထားခဲ့ပါတယ်”

ရန်ကင်းမြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်း (ဓာတ်ပုံ – ဧရာဝတီ)

“ဒီလျှောက်ထားချက်တွေကို ရုံးကနေ ဦးအောင်ရင်ကို နောက်တိုးတရားခံအဖြစ် ပယ်ကြောင်းအမိန့်ချမှတ်ပြီး နောက်တိုးသက်သေ ၂ ဦးမှ ၁ ဦးကို လက်ခံခဲ့ပါတယ်” လို့ ရန်ကင်းမြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။

နောက်တိုးတရားခံ အဖြစ် ထည့်သွင်းခဲ့ခြင်းအား ပယ်ချခံရတဲ့အပေါ်မှာ ခင်မြတ်နိုး က “ကိုယ် ဦးတည်ခဲ့တာကလည်း ၂ ယောက် ပတ်သက်ခဲ့တာကို ဦးတည်ပြီးသွားနေတာလေ။ ဦးအောင်ရင်ကို ထည့်ပြီးတော့ ပြောတယ်ဆိုတာကလည်း “ဆယ်လီကမ္ဘာ”မှာ သားအဖ၂ ယောက် ပြောတဲ့အတွက်ကြောင့်မို့လို့ ပြောရတာပါ” လို့ ပြောပါတယ်။

အမှုအတွက်လည်း တရားလိုဘက်မှ သက်သေများ ဆက်လက် စစ်ဆေးရန် ရုံးချိန်း ၂ ချိန်း ထပ်မံပေးခဲ့ပြီး ဆက်လက် စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင် မိုးအောင်ရင် ကိုတော့ ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက နိုဝင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ နောက်တကြိမ် ရုံးချိန်းကိုတော့ မတ်လ ၁၃ ရက်နေ့ ပြန်လည် ချိန်းဆိုထားပါတယ်။

You may also like these stories:

“ဥပဒေကြောင်းအရ လိုအပ်ချက်တွေ ရှိနေတာကြောင့် အမှုကို အားမရဘူး”လို့ ခင်မြတ်နိုး ပြော

“မိုးအောင်ရင် ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ ရှိခဲ့တယ်”လို့ ခင်မြတ်နိုး ပြော

“ဆုံးဖြတ်ထားတဲ့ ကိစ္စဖြစ်လို့ မကျေအေးပေးနိုင်ဘူး”လို့ မိုးအောင်ရင်ရဲ့ ရည်းစားဟောင်း ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading