သရုပ်ဆောင် မိုးအောင်ရင်အား ကာမလိမ်လည်မှုဖြင့် ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးမှ တရားစွဲဆိုထားတဲ့ အမှုရဲ့ရုံးချိန်းကိုတော့ ယနေ့ မေလ ၂၅ ရက်နေ့၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီကနေ့ ရုံးချိန်းမှာတော့ အမှုကို စစ်ဆေးခဲ့ခြင်း မရှိဘဲ စွပ်စွဲခံရသူဘက်မှ တရားလိုရဲ့ စွပ်စွဲချက်ကို ပြင်ဆင်ရန်အတွက် အရှေ့ပိုင်းခရိုင်ရုံးမှာ တင်ပြထားကြောင့်လို့ သိရပါတယ်။
“အမှုတွဲက အမိန့်နဲ့ ပတ်သက်ပြီးပြင်ဆင်ချက် ပြန်လျှောက်ထားတာ အမှုတွဲက အရှေ့ပိုင်းခရိုင်ရုံးကို ရောက်နေတယ်။ ဟိုဘက်ကတော့ အမိန့်ချမှာက ၂၉ ရက်နေ့ အမိန့်မှာ အမှုပြင်ဆင်ချက် လျှောက်ထားတာကို အမိန့်ချမှာ” လို့ တရားလိုဖြစ်သူ မခင်မြတ်နိုးက ပြောပါတယ်။
ယနေ့ ရုံးချိန်းကိုတော့ စွပ်စွဲခံရသူ မိုးအောင်ရင်မှ ခွင့်တိုင်ကြားကာ လာရောက်ခြင်း မရှိခဲ့ပါ။ လာမယ့် မေလ ၂၉ ရက်နေ့မှာတော့ တရားလိုဖြစ်သူ မခင်မြတ်နိုးရဲ့ စွပ်စွဲချက်အား စွပ်စွဲခံရသူဘက်မှ ပြန်လည်ပြင်ဆင်ရန် တင်ပြထားမှုကို အရှေ့ပိုင်းခရိုင်ရုံးမှ အမိန့်ချမှတ်သွားမယ်လို့ သိရပါတယ်။
အမှုပြင်ဆင်ချက် အမိန့်ချမှတ်မှာနဲ့ ပတ်သက်ပြီးတော့ ခင်မြတ်နိုးက “ဒါကတော့ ကံတရားပဲပေါ့။ အမှုကို ရှုံးနိမ့်မယ်လို့တော့လည်း သိပ်တော့ မထင်ပါဘူး။ လူကြီးတွေကလည်း မှန်မှန်ကန်ကန် စိစစ်နေတာဆိုတော့ ရှုံးနိမ့်သွားခဲ့ရင်တော့လည်း ကံပဲပေါ့” လို့ ပြောပါတယ်။
လက်ရှိမှာတော့ တရားလိုဖြစ်သူ ခင်မြတ်နိုးဘက်မှ ထွက်ဆိုချက်များ၊ တရားလိုပြ သက်သေများကို စစ်ဆေးပြီးဖြစ်ပြီး နောက်ဆုံး စစ်ဆေးခဲ့တဲ့ ရုံးချိန်းမှာတော့ စွပ်စွဲခံရသူဘက်မှ တရားလိုအား ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးခဲ့ပါတယ်။
သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုးက နိုဝင်ဘာလ ၂၂ရက်နေ့က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး မိုးအောင်ရင်အနေနဲ့ ငွေကျပ် သိန်း ၁၀၀ အာမခံဖြင့် တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
You may also like these stories:
“မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေက မလိုဘူးလို့ ထင်တယ်”
“ဥပဒေကြောင်းအရ လိုအပ်ချက်တွေ ရှိနေတာကြောင့် အမှုကို အားမရဘူး”လို့ ခင်မြတ်နိုး ပြော
“မိုးအောင်ရင် ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ ရှိခဲ့တယ်”လို့ ခင်မြတ်နိုး ပြော