Crime

ဂျပန်မှာ လူသတ်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်း ဖြတ်တောက်ခဲ့သူကို သေဒဏ်ချမှတ်

Want create site? Find Free WordPress Themes and plugins.

ဂျပန်မှာ ၂၀၁၇ ခုနှစ်က လူ ၉ ဦးကို သတ်ခဲ့မှုနဲ့ အသက် ၃၀ အရွယ် အမျိုးသားတဦးကို တိုကျိုတရားရုံးက သေဒဏ် ချမှတ်လိုက်ပါတယ်။ အသတ်ခံရသူတွေကို ဆိုရှယ်မီဒီယာ ပလက်ဖောင်းတခုဖြစ်တဲ့ Twitter ကတဆင့် ဆက်သွယ်ခဲ့ပြီး သတ်ဖြတ်ခဲ့လို့ Takahiro Shiraishi ကို “Twitter killer” လို့ ခေါ်ကြတာပါ။

အသက် ၃၀ နှစ်ရှိပြီဖြစ်တဲ့ Takahiro Shiraishi ကို လူ ၉ ဦး သတ်ဖြတ်မှု၊ ခန္ဓာကိုယ် အစိတ်အပိုင်း ဖြတ်တောက်ပြီး နေအိမ် တိုက်ခန်းထဲမှာ သိုလှောင်သိမ်းထားမှုတွေ ကျူးလွန်ခဲ့တာကြောင့် သေဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

သူနေထိုင်တဲ့ တိုကျိုမြို့စွန်နားက Kanagawa ရှိ Zama မြို့ နေအိမ်တိုက်ခန်းကို ရှာဖွေစဉ် အအေးခန်းထဲမှာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဖြတ်တောက်ပြီး ထည့်ထားတဲ့ ပုံးတွေကို တွေ့ခဲ့ကြတာပါ။ သေဆုံးသူ အများစုဟာ တိုကျိုမြို့တဝိုက်မှာ နေထိုင်သူတွေဖြစ်ပြီး Twitter ကတဆင့် ဆက်သွယ်ကာ သူ့အိမ်ကို ဖိတ်ခေါ်ခဲ့ပြီး သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Takahiro Shiraishi ဟာ Twitter ပေါ်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ချင်တဲ့ စကားမျိုးတွေ ရေးသားသူကို ရှာဖွေပြီး ဆက်သွယ်ကာ ကူညီပြီး အဆုံးစီရင်ဖို့ ပြောခဲ့တဲ့အပြင် သူကိုယ်တိုင်လည်း အတူတူ အဆုံးစီရင်မယ့်အကြောင်း ပြောဆိုပြီး လည်ပင်းညှစ် သတ်ဖြတ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဖြတ်တောက်ခဲ့တာ ဖြစ်တယ်လို့ မီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။

Shiraishi ရဲ့ရှေ့နေကတော့ Shiraishi ဟာ သေဆုံးသူတွေ ခွင့်ပြုချက်ပေးခဲ့လို့သာ သတ်ဖြတ်ပေးခဲ့တာဖြစ်တယ်လို့ လျှောက်လဲခဲ့ပါတယ်။ အစိုးရရှေ့နေ့တွေ ဘက်ကတော့ တရားခံ Shiraishi ကို သေဒဏ် ချမှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

တရားသူကြီး Naokuni Yano က အသတ်ခံရသူတွေဟာ သဘောတူညီမှု မရှိဘဲ အသတ်ခံခဲ့ရခြင်းသာဖြစ်ပြီး တရားခံ Shiraishi ကသာ ဒီအမှုမှာ တာဝန်အရှိဆုံး အဓိက တရားခံဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တရားခံက သူ့ရှေ့နေတွေကို သေသူတွေရဲ့ သဘောတူညီချက် မပါဘဲ သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အမှုဖော်ထုတ်ချက်တွေအရ Shiraishi ဟာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လကနေ အောက်တိုဘာလထိ အသက် ၁၅ နှစ်ကနေ ၂၆ နှစ်အတွင်း အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၈ ဦးတို့ကို လည်ပင်းညှစ် သတ်ဖြတ်ခဲ့ပြီး၊ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို ဖြတ်တောက်ခဲ့တယ်လို့ စွဲချက် တင်ခံခဲ့ရတာပါ။

အမှုကြားနာနေစဉ်မှာ Shiraishi က သေဒဏ် ချမှတ်ခဲ့ရင်လည်း အယူခံဝင်မှာ မဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့ မီဒီယာတွေမှာ ရေးသား ဖော်ပြခဲ့ကြပါတယ်။ ဂျပန်နိုင်ငံဟာ သေဒဏ်ကို ကြိုးဆွဲချ စီရင်တာဖြစ်ပြီး စီရင်တဲ့ရက်ကို ပြုလုပ်ပြီးမှသာ တရားဝင် ပြောကြားတာ ဖြစ်ပါတယ်။

Ref: Reuters

You may also like these stories:

အိန္ဒိယမှာ နေ့စဉ် ကိုဗစ် ကူးစက်မှုနှုန်း ဆက်တိုက် ကျဆင်း

ဗီယက်နမ်နိုင်ငံထုတ် ကိုဗစ် ကာကွယ်ဆေးကို လူနဲ့ စမ်းသပ်မှု စတင်

အင်ဒိုနီးရှားမှာ ကိုဗစ် ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်

Did you find apk for android? You can find new Free Android Games and apps.
Loading