ရန်ကုန်တိုင်း တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင်မှာ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။
ဒေါ်စိုးစိုးလွင်သည် ယနေ့ (ဇွန်လ ၈ ရက်) မနက် ၁၀ နာရီခန့်တွင် ၎င်း၏ နေအိမ်အောက်တွင်ပင် ကားပေါ်ရှိနေစဉ် သေ နတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။
တာမွေမြို့နယ် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူ ၁ ဦးက “သယ်သွားတဲ့ အချိန်မှာတော့ အသက်ငွေ့ငွေ့ပေါ့။ အောက်ဆီ ဂျင်တွေ ဘာတွေ ပေးပြီးတော့ သယ်သွားတယ်။ ဆေးရုံရောက်တော့ ရောက်တာနဲ့ပဲ expire ဖြစ်တယ်ဆိုတဲ့ သဘောပါပဲ။ နားရဲ့အောက်နား နားကပ်ဝတ်ထားတဲ့ ဘေးနားလေးကနေပြီး ပစ်ခံရတယ်ပေါ့။ တဖက်က ပစ်တာ တဖက်ကို ပေါက်ထွက် သွားတယ်ပေါ့။ ကားထဲမှာ ဆိုတော့ အနီးကပ် အပစ်ခံရတာပေါ့” ဟု ပြောသည်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဒေါ်စိုးစိုးလွင်သည် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်သည့် လူငယ်များကို သတင်းပေး ဖမ်းဆီးများ ပြုလုပ်ခဲ့သူ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
တာမွေမြို့နယ်နေသူ တဦးက “ရပ်ကွက်ထဲက အိမ်တအိမ်ပေါ့။ အဲဒီက ကလေးတွေကို ဖမ်းသွားပြီး သူက နောက်ဆုံးမှာ ဆင်းလာပြီး ဟီးဟီးဟားဟားနဲ့။ တခါဆို Defense ပစ္စည်းတွေပါ ပါသွားတာ။ ဝင်ဖမ်းပြီးတော့ သူကပျော်နေတာ အောင်ပွဲခံနေတာပေါ့” ဟု ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရပ်ကွက်အတွင်းသို့ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပေါ် နေသည့်အပြင် မြို့ပေါ်များသာမက ကျေးရွာများတွင်ပါ စစ်ကောင်စီအား သတင်းပေးသည့် ဒလန်ဟု ရပ်ရွာက ယူဆထား သူများ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဓားဖြင့်ထိုးခြင်း ဖြစ် စဉ်များ ဖြစ်ပေါ်လျက်ရှိသည်။
You may also like these stories:
ကလေးမြို့နယ်တွင် ဒလန်ဟု စွပ်စွဲခံရသူ နှစ်ဦး ဓါးဒဏ်ရာများဖြင့် သေဆုံး
ဂန့်ဂေါတွင် ဒလန်ဟု စွပ်စွဲခံရသူ အုပ်ချုပ်ရေးမှူး ၂ ဦး အပါအဝင် လူ ၅ ဦး သေဆုံး