• English
Thursday, December 7, 2023
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

    ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

    စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

    စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

    စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

    စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home သတင်း Crime

          လက်ယက်ကုန်း ပစ်ခတ်မှုကို ခမရ ၃၆၈ တပ်ရင်း ကျူးလွန်ဟု NUG ဆို

          by ဧရာဝတီ
          26 September 2022
          in Crime
          Reading Time: 1 min read
          A A
          စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ အရှေ့ခြမ်းက ဘုန်းတော်ကြီးကျောင်းမှာ ရှိနေတဲ့ စာသင်ကျောင်းကို စစ်ကောင်စီ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေက ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်အချို့ သေဆုံးခဲ့သလို အချို့လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ပါတယ်

          9k
          VIEWS
          Share on FacebookShare on Twitter

          စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာကို စီးနင်းပြီး ကလေးငယ်များအပါအဝင် အရပ်သားများကို ပစ်ခတ်တိုက်ခိုက်သည့် စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့သည့် စစ်ကောင်စီတပ်မှာ အမှတ် ၁၀ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ အမှတ် ၃၆၈ ခြေမြန်တပ်ရင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ယမန်နေ့က သတင်း ထုတ်သည်။

          အဆိုပါ ခမရ ၃၆၈ သည် စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်တွင် အခြေစိုက်ပြီး ကလေးမြို့ ရှိ အမှတ် ၁၀ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ ၁၀)၏ လက်အောက်ခံဖြစ်ကြောင်း စကစမှူး တာဝန် ယူထားသူမှာ ဗိုလ်မှူးချုပ် သန့်ဇင်ဦး ဖြစ်ကြောင်း သိရသည်။

          RelatedPosts

          ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

          ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

          7 December 2023
          86
          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          7 December 2023
          840
          ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

          ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

          7 December 2023
          1.9k

          NUG လူ့ အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကျောင်း ၂၅၀ခန့် ပညာသင်နေသည့် လက်ယက် ကုန်းရွာ ဘုန်းကြီးကျောင်းတွင်းရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းကို လေကြောင်းမှ အပါအဝင် စီးနင်းတိုက်ခိုက် မှုတွင် ကလေးငယ်များအပါအဝင် သေဆုံးသူ ၁၃ ဦး ရှိခဲ့ပြီး ဖမ်းဆီးခံရသူ ၁၅ ဦး ရှိခဲ့သည့်အနက် ၁ ဦးသာ ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

          ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရေဦးမြို့နယ်သို့ ဖမ်းဆီးသွားသည့် ဒဏ်ရာရ ကလေးများနှင့် မိဘများ ယနေ့အချိန်အထိ တွေ့ခွင့် မရရှိသေးသော်လည်း ဖုန်းဆက်သွယ် ပြောဆိုမှုများ ရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

          ဖမ်းဆီးခံထားရသူများ၏ ဒဏ်ရာများ သက်သာနေပြီ ဖြစ်ကြောင်း စစ်ကောင်စီဘက်က သတင်းစကားပါးလာမှုမျိုးရှိ သော်လည်း မိဘများထံသို့ ပြန်လွှတ်ပေးမည့်နေ့ရက်ကို အတည်ပြု ပြောဆိုခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။

          လက်ယက်ကုန်းဒေသခံ တဦးက “မိဘတွေနဲ့တော့ တွေ့ခွင့် မပေးသေးဘူး။ ကလေးတွေနဲ့ ဖုန်းပေးပြောခိုင်းတယ်။ အနာတွေ သက်သာတယ်လို့ ပြောကြတာ။ ဘယ်နေ့ ပြန်လွှတ်ပေးမယ် ဆိုတာလည်း မသိသေးဘူး။ ကျနော်တို့ တခုခု မေးလိုက်တာနဲ့ မိဘတွေက ငိုပြီ။ သူတို့ကလေးမှ သူတို့ရင်ခွင်ထဲ ပြန်မရောက်သေးတော့ သူတို့ကတော့ ငိုမှာပဲ။ ကလေးတွေ အဆင်ပြေတယ်ဆိုတာပဲ ပြောနေတာ။ အဲဒါပဲလေ၊ သူတို့က တွေ့မှ မတွေ့ရသေးတာ” ဟု ပြောသည်။

          ဒဏ်ရာ ကလေးငယ်များနှင့် ဆရာ၊ ဆရာများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် တိုင်းရင်းဆေးရုံသို့ စက် တင်ဘာ ၁၇ ရက်ကတည်းက ထားရှိသည့်အတိုင်း အရွှေ့အပြောင်း တစုံတရာ မတွေ့ရှိရသေးကြောင်း ရေဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

          ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက “အသက်ရှင်လျက် ကျန်ခဲ့တဲ့ ကလေးတချို့နဲ့ ဆရာ၊ ဆရာမ တွေ ကျန်နေသေးတယ်။ ရွှေ့တာပြောင်းတာတော့ မရှိသေးဘူး။ အသက်ရှင်လျက်ရှိတဲ့ ကလေးတွေ ရှိသေးတယ် ဆို တာ ယုံကြည်ရတာပေါ့ဗျာ” ဟု ပြောသည်။

          စက်တင်ဘာ ၁၆ ရက် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောင်းဝင်းအတွင်း ဒဏ်ရာရသည့် ကလေး ၁၇ ဦး နှင့် ဆရာမ ၁ ဦးအပြင် ရွာအတွင်းက ဒဏ်ရာရခဲ့သူ ၉ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

          ပစ်ခတ်မှုကြောင့် ကလေးငယ်များ သေဆုံးရသည့် မြင်ကွင်းကို မြင်ခဲ့ရသည့် ကျောင်းသူ၊ ကျောင်းသားများနှင့် စစ်တပ် လက်က ပြန်လွတ်လာသည့် မောင်ဘုန်းပြည့်စုံကျော် တို့သည် စိတ်ဒဏ်ရာများ ရရှိနေကြောင်း ဒေသခံများ၏ ပြောပြ ချက်အရ သိရသည်။

          ထိခိုက်ဒဏ်ရာရပြီး ဖမ်းဆီးခံရသူ ၁၅ ဦးတွင် ကလေးငယ် ၇ ဦး ပါဝင်သည့်အနက် မောင်ဘုန်းပြည့်စုံကျော် ၇ နှစ်မှာ ဖမ်းခံရပြီးနောက် စက်တင်ဘာ ၂၂ တွင် မျက်လုံး ဒဏ်ရာဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

          “ကလေးက ပြန်လာတော့ ပြန်ပြောတာက သား ဘာမှ မမှတ်မိဘူး လေယာဉ်ကြီးနဲ့ လာသယ်သွားတာပဲ မှတ်မိတယ် တဲ့။ ကျန်တာဘာမှ မပြောနိုင်ဘူး။ ကလေးက ကြောက်နေပြီးတော့ စိတ်ကလည်း ကစဉ့်ကလျားတွေ ဖြစ်နေတာ” ဟု ဒေသခံ တဦးက ပြောသည်။

          NUG က ထုတ်ပြန်သည့် စာရင်းအရ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၁၃ ယောက်တွင် ကျောင်းသား၊ သူ ၇ ဦး ပါဝင်ပြီး မောင်အောင်အောင်ဦး (၁၆ နှစ်)၊ ဖိုးသား (ခ) ဇင်ကိုဦး (၁၄ နှစ်)၊ မောင်စောမင်းဦး (၁၃ နှစ်)၊ မဝင်းဝင်းခိုင် (၁၁ နှစ်)၊ မဇင်နွယ်ဖြိုး (၉ နှစ်)၊ မစုရတီလှိုင် (၇ နှစ်)၊ မောင်ဘုန်းတေဇ ( ၆ နှစ်)၊ ဦးကျော်ထွန်း (၄၉ နှစ်)၊ မယု (၃၇ နှစ်)၊ ကိုအောင်စောထွေး (၃၄ နှစ်)၊ ကိုတင်စိုးခိုင် (၃၁ နှစ်)၊ ကိုအောင်ချစ်မိုး (၂၂ နှစ်) နှင့် အမည်မသိ အတည်မပြုရသေးသူ ၁ ဦးတို့ ဖြစ်ကြကြောင်း သိရသည်။

          ပစ်ခတ်ခံရသည့် ကျောင်းအတွင်း ရှိနေသည့် သားသမီးများကို လာရောက်ခေါ်သည့် မိဘများကိုလည်း စစ်ကောင်စီ တပ် ပစ်ခတ်မှုများ ပြုလုပ်ကြောင်း၊ ရုပ်အလောင်းများကို တောင်းပန်ပြီး ပြန်တောင်းသည့်တိုင် စစ်ကောင်စီတပ်က ပေးခဲ့ခြင်း မရှိကြောင်းကို စစ်တပ် လက်ချက်ကြောင့် သေဆုံးခဲ့ရသူ မစုရတီလှိုင်၏ အဖွား ဒေါ်တိုးက ပြောသည်။

          “အတူတူ လက်တွဲထားရင်းက ရှင်လာတဲ့ ကလေးလေးက ပြောပြတာ။ စုရတီလှိုင် မရှိတော့ဘူး။ စုရတီလှိုင် မရှိ တော့ဘူးနဲ့ ပြောတော့ ကိုယ်က စစ်သားတွေကြားထဲလည်း မဝင်ရဲ။ ကလေးဇောနဲ့ ဝင်လာတဲ့လူတွေကိုလည်း လှမ်း ပစ်တာ ကံကောင်းလို့ မသေတာ။ အဲဒီကြားထဲ ဝင်ရဲတဲ့လူကလည်း ဇွတ်ဝင်။ မဝင်ရဲတဲ့လူကလည်း ဟိုကပ် ဒီကပ်ပေါ့။ ကလေးတွေကို တောင်းလို့ကို ဘယ်လိုမှ မရဘူး။ ရှိခိုး တောင်းပန်လို့လည်း မရဘူး” ဟု ၎င်းက ပြောသည်။

          ဆက်လက်၍ ဒေါ်တိုးက “ငါ့မြေးလေး ဘယ့်နှယ့် လုပ်ရပါ့မလဲ၊ ငါ့သမီးလေး ဘယ့်နှယ့်လုပ်ရပါ့မလဲ။ ကလေး အလောင်းများ ရမလားဆိုပြီး သွားယူတော့ မပေးဘူး။ တောင်းလို့လည်း မရလိုက်ဘူး။ ရင်ကွဲပက်လက်ပါ။ ငါ့မြေးလေး သေတာ ဘယ်လိုလုပ်ခံစားနိုင်မှာလဲ။ သူတို့ကို ဘယ်လိုမှ မကျေနပ်နိုင်ဘူး။ ငါ့မြေးသေတဲ့နေ့ကတည်းက ငါမကျေနပ် လိုက်တာ။ သူတို့သားသမီးတွေ ငါ့မြေးလို မဖြစ်ပါစေနဲ့လို့ ငါဆုတောင်းလိုက်တယ်” ဟု ဆိုသည်။

          ထို့ပြင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူများမှာ ဦးရန်နိုင်ဝင်း (၄၂ နှစ်) ၊ ကိုမျိုးဝေ (၂၈ နှစ်)၊ ကိုမျိုးသီဟ (၂၆ နှစ်)၊ ကိုငြိမ်းချမ်းသူ (၂၂ နှစ်)၊ ကိုစိုးမင်းဦး (၂၁ နှစ်)၊ ကိုမင်းခန့်ဇော် (၂၀ နှစ်)၊ မယဉ်မာထွန်း (၂၀ နှစ်)၊ မဝေဝေခင် (၁၈ နှစ်)၊ မောင်အောင်ဇင်ဖြိုး (၁၅ နှစ်)၊ မောင်လွမ်းဗိုလ် (၁၄ နှစ်)၊ မောင်ကျော်မျိုးဟိန်း (၁၄ နှစ်)၊ မနန်းအိဝေ (၁၂ နှစ်)၊ မအေးသီရိထွန်း (၉ နှစ်)၊ မောင်စိုးငြိမ်း (၉ နှစ်)၊ မောင်ဘုန်းပြည့်စုံကျော် (၇ နှစ်) တို့ ဖြစ်ကြောင်း NUG ၏ ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

          ဧရာဝတီ၏ စုံစမ်းမေးမြန်းမှုများအရ ကိုသိန်းနိုင် (၃၅ နှစ်)၊ ကိုခိုင်ဝင်း (၃၆ နှစ်)၊ ကိုနေလွင် (၃၂ နှစ်) တို့မှာလည်း ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။

          စစ်ကောင်စီတပ်ဖွဲ့များက လက်ယက်ကုန်းရွာမှ သယ်ယူသွားသည့် အလောင်းများကို ရေဦးမြို့နယ်တွင် သင်္ဂြိုဟ် ဖျောက်ဖျက်ခဲ့ရာ အလောင်း ၉ လောင်းအထိ ရှိနေပြီဖြစ်ကြောင်း မြို့နယ်ဒေသခံကာကွယ်ရေး တပ်ဖွဲ့က သိရသော် လည်း လက်ယက်ကုန်းဒေသခံများနှင့် NUG ၏ အတည်ပြုချက်အရ စာသင်ကျောင်းတွင် သေဆုံးခဲ့သူ ၅ ဦးသာရှိနေ ခဲ့ပြီး ကျန်သေဆုံးသူများမှာ မည်သူမည်ဝါ အတည်ပြုချက် မရသေးကြောင်း သိရသည်။

          ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်တွင် စစ်ကောင်စီတပ်က Mi 35 ၂ စီးဖြင့် စက်သေနတ်ရော လက်နက်ကြီး များဖြင့်ပါ လက်ယက်ကုန်းရွာက ဘုန်းကြီးကျောင်းကို ၁ နာရီခန့် ပစ်ခတ် တိုက်ခိုက်ရင်း နောက်ထပ် လေယာဉ် ၂ စီးက စစ်ကောင်စီတပ်သားများကိုချကာ ရွာကို စီးနင်းခဲ့ပြီးနောက် သေဆုံး ကလေးများ၏ ရုပ်အလောင်းများကို ယူဆောင်သွားခြင်း ဖြစ်သည်။

          စက်တင်ဘာ ၂၀ ရက်က ပြုလုပ်သည့် အာဏာသိမ်း စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ကလေးငယ်နှင့် ဒေသခံ အများအပြား သေဆုံးခဲ့သည့် ဖြစ်စဉ်ကို ထည့်သွင်း ပြောဆိုခြင်း မရှိဘဲ ကလေးငယ်၂ ဦးသာ ဒဏ်ရာ ပြင်း ထန်ကြောင်းကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောခဲ့သည်။

          လက်ယက်ကုန်းရွာအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် PDF တို့ ရှိနေသည့် သတင်းကြောင့် စစ် ကောင်စီတပ်က ဝင်ရောက် ရှင်းလင်းရာ၂ ဖက် တိုက်ပွဲဖြစ်ပွားချိန်တွင် KIA ၊ PDF တို့က ဒေသခံများကို လူသားဒိုင်း အဖြစ် ဘုန်းကြီးကျောင်းထဲကို ခေါ်ဆောင်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုနေသော်လည်း ရွာအတွင်း KIA များလည်း မရှိသကဲ့သို့ ထိုနေ့က ပစ်ခတ်မှုများမှာ တဖက်သတ် တိုက်ခိုက်မှုသာ ဖြစ်ကြောင်း ဒေသခံများက ဆိုထား သည်။

          You may also like these stories:

          လက်ယက်ကုန်းသတ်ဖြတ်မှု CDM လေတပ်ဗိုလ်ကြီးတဦး ရှင်းပြ

          ဒီပဲယင်းက ကလေး ၉ဦး ကို စစ်တပ်က ရေဦး၌သင်္ဂြိုဟ်ကာ အလောင်းဖျောက်

          စစ်ကောင်စီ ဗြောင်လိမ်တဲ့ လက်ယက်ကုန်းက ကလေးတွေ သတ်ဖြတ်မှု

          ရေဦးမှာ အမိန့်ပေးတာ ဘယ်သူလဲ

          Your Thoughts …
          Tags: Mi-35NUGခမရ ၃၆၈လက်ယက်ကုန်း ပစ်ခတ်မှု
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

          ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

          by မိုးစက်ငြိမ်းချမ်း
          31 October 2023
          36.7k

          စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          by ဧရာဝတီ
          4 December 2023
          36.4k

          ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

          ၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

          ၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

          by ဧရာဝတီ
          4 November 2023
          29.1k

          ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

          စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

          စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

          by ဇော်တူးဆိုင်း
          3 November 2023
          25.7k

          NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

          အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

          အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

          by ဧရာဝတီ
          6 October 2023
          23.9k

          မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

          ဒေါ်အောင်ဆန်းစုကြည်ကို သုံးပြီး စစ်ကောင်စီ သတင်းတုဖြန့်ချိနေ

          ဒေါ်အောင်ဆန်းစုကြည်ကို သုံးပြီး စစ်ကောင်စီ သတင်းတုဖြန့်ချိနေ

          by ဧရာဝတီ
          20 July 2023
          15.4k

          စစ်ကောင်စီသည် ခုခံတော်လှန်ရေးအင်အားစုကို ဒေါ်အောင်ဆန်းစုကြည် မထောက်ခံကြောင်း ဖေါ်ပြသည့် စာရွက်စာတမ်းများ ဖြန့်ချိနေသည်။

          Next Post
          ပွင့်လင်းရာသီမှာ SU 30 တိုက်လေယာဉ်တွေ အသုံးပြုလာနိုင်တယ် (ရုပ်/သံ)

          ပွင့်လင်းရာသီမှာ SU 30 တိုက်လေယာဉ်တွေ အသုံးပြုလာနိုင်တယ် (ရုပ်/သံ)

          ၂၀၂၁ ဖေဖော်ဝါရီ ၁၂ ရက်တွင် အင်းစိန်ထောင်မှ အကျဉ်းသားများလွှတ်ပေးမှု မြင်ကွင်း / ဧရာဝတီ

          အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၅၀ သာယာဝတီထောင် ပြောင်းခံရ

          No Result
          View All Result

          Recommended

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          1 day ago
          13.9k
          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          4 days ago
          12.9k

          Most Read

          • စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

            စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

            shares
            Share 0 Tweet 0
          • ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved