• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Environment

မိုးကြိုးပစ်၍ နှစ်ရက်လျှင် ၁ ဦးနှုန်း သေဆုံး

by သဇင်လှိုင်
12 May 2017
in Environment
A A
မိုးကြိုးပစ်၍ မြန်မာနိုင်ငံအနှံ့တွင် နှစ်ရက်လျှင် ၁ဦးနှုန်း သေဆုံးနေ

မိုးကြိုးပစ်၍ မြန်မာနိုင်ငံအနှံ့တွင် နှစ်ရက်လျှင် ၁ဦးနှုန်း သေဆုံးနေ

7.9k
VIEWS
Share on FacebookShare on Twitter

မိုးကြိုကာလအတွင်း ဖြစ်ပွားတတ်သည့် မိုးကြိုးအန္တရာယ်ကြောင့် မြန်မာနိုင်ငံအနှံ့တွင် နှစ်ရက်လျှင် ၁ ဦးနှုန်း သေဆုံးနေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ၂၀၁၇ ခုနှစ် မိုးကြိုကာလဖြစ်သည့် ဧပြီလ ၁ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ ယင်းဌာနက ကောက်ယူထားသော စာရင်းများအရ မိုးကြိုးပစ်၍ သေဆုံးသူ ကျား ၁၅ယောက်၊ မ ၆ ယောက်၊ စုစုပေါင်း ၂၁ယောက် နှင့် ဒဏ်ရာရရှိသူ ကျား ၅ယောက်၊ မ ၂ ယောက် စုစုပေါင်း ၇ ယောက် ရှိခဲ့ကြောင်း သိရသည်။

RelatedPosts

တရုတ် ဗျူဟာကြောင့် တွင်းထွက်ကို မှီခိုသည့် EAO များ ဩဇာကျဆင်းနိုင်

တရုတ် ဗျူဟာကြောင့် တွင်းထွက်ကို မှီခိုသည့် EAO များ ဩဇာကျဆင်းနိုင်

14 June 2025
742
UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

13 June 2025
513
၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

12 June 2025
338

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက “တနင်္သာရီမှာ ၄ ခါ ၊ မကွေးက ၃ခါ ၊ ပဲခူးက ၃ခါ ဖြစ်တယ်” ဟု ဧရာဝတီကို ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးလှထွန်းက “ မိုးကြိုးပစ်တယ် ဆိုတာက မိုးတိမ်တောင် တွေကြောင့်ပေါ့။ မိုးတိမ်တောင်ဆိုတာက ကောင်းကင်ကို ကြည့်လိုက်လို့ရှိရင် တောင်ကြီးတွေလိုပေါ့။ မိုးတိမ်တောင်တွေ အားကောင်းလာပြီးတော့ မိုးကြိုးပစ်တာတွေ၊ လေပြင်း တိုက်တာတွေ၊ လျှပ်စီးလက်တာတွေ တခါတလေ လေအေး ဝင်ရောက်မှု ကောင်းတဲ့ မြန်မာနိုင်ငံ အထက်ပိုင်း ရှမ်းပြည်နယ်၊ မန္တလေးတိုင်းတို့မှာ မိုးသီးကြွေတဲ့အထိ ဖြစ်တတ်တယ်”ဟု ဆိုသည်။

ဆက်လက်၍ “ မိုးကြိုးပစ်တဲ့အခါမှာ နွေရာသီ မိုးကြိုရာသီမှာ မွန်းလွဲနဲ့ ညနေပိုင်းတွေမှာ ပိုပြီးတော့ အဖြစ်များတယ်။ ထူးဆန်းတဲ့ ဖြစ်စဉ်တော့ မဟုတ်ဘူး။ ဒီလို ရာသီ ကာလမျိုးမှာ ဖြစ်တတ်တဲ့ မိုးလေဝသ ဖြစ်စဉ်။ သို့သော်လည်း အခုနောက်ပိုင်းမှာ မိုးကြိုးပစ်တာတွေ၊ လေပြင်းတိုက်တာတွေက အဖြစ်များလာတယ်။ ဖြစ်တဲ့ ဖြစ်စဉ်တွေကလည်း အားကောင်းလာတယ်။ မိုးကြိုး အန္တရာယ်ကလည်း ပိုများလာတယ်ပေါ့” ဟု ပြောသည်။

မိုးကြိုကာလတွင် မိုးကြိုးပစ်ခြင်း အပါအဝင် သဘာ၀ ဘေးအန္တရာယ်များကို သတိထားရန် လိုအပ် ကြောင်း၊ နွေရာသီနှင့် မိုးကြိုရာသီ ကာလများတွင် နေ့အပူချိန်များ မြင့်တက်လာခြင်းမှ တဆင့် လေပူများ အထက်တက်ရာမှ အထက်တွင်ရှိသည့် လေအေးများနှင့် တွေ့ဆုံကာ မိုးတိမ်တောင်များ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မိုးကြိုးပစ်ခြင်းကြောင့် ၂၀၀၆ ခုနှစ်မှ စတင်ပြီး တချို့နှစ်များတွင် တခါတရံ လူရာချီ သေဆုံးလေ့ ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

မိုးကြိုးပစ်သည့် အန္တရာယ်မှ ရှောင်ရှားနိုင်ရန်အတွက် မိုးလေဝသသတင်းများကို ဂရုတစိုက် နားထောင်ရန်၊ လေဟာပြင် (သို့မဟုတ်) မြင့်မားသော နေရာတွင် နေထိုင်ခြင်းများကို ရှောင်ရှားရန်၊ လျှပ်စစ် စီးကူးနိုင်သော လျှပ်ကူးပစ္စည်းများနှင့် ဝေးရာတွင် နေထိုင်ရန် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

ယနေ့ မြန်မာနိုင်ငံ၏ နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၃ ဒီဂရီစင်တီဂရိတ်၊ တောင်ငူမြို့တွင် ၄၂ ဒီဂရီ စင်တီဂရိတ်၊ နေပြည်တော်တွင် ၄၀ ဒီဂရီ စင်တီဂရိတ်၊ ရန်ကုန်မြို့တွင် ၃၇ ဒီဂရီ စင်တီဂရိတ်နှင့် မန္တလေးမြို့ တွင် ၃၇ ဒီဂရီ စင်တီဂရိတ် တို့ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

Your Thoughts …
Tags: မိုးကြိုး
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

ဇွန် ၃ ရက်နေ့က မြိတ်လေတပ်စခန်းဌာနချုပ်အတွင်း လူ ၅ ဦး မိုးကြိုးထိမှန်သေဆုံးခဲ့သည် / မြတ်ထွဋ်(မြိတ်) / facebook

မြိတ် လေတပ်စခန်းဌာနချုပ် ဘောလုံးပွဲ မိုးကြိုးထိမှန် ၅ ဦးသေဆုံး

by သဇင်လှိုင်
4 June 2020
21k

မေလ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင်ပင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်တွင်လည်း မိုးကြိုးပစ်ခံရမှုကြောင့် အမျိုးသမီးတစ်ဦး ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်ခြားကို ဖြတ်ကျော် ပြေးနေသူမျာ / Reuters

သဟိဂ်က အမှု ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက်ရှင်းထုတ်နိုင်မလဲ

by အောင်ဇော်
25 November 2019
16.8k

တပ်မတော်၏ လုပ်ရပ်များကိုကာကွယ်ရန် ဒေါ်အောင်ဆန်းစုကြည် ICJ သို့ သွားခြင်းကို မယုံနိုင်အောင် ဖြစ်ကြသည်။

ပုသိမ်- မော်တင် ကားလမ်းတွင် မိုးကြိုးထိမှန်ခဲ့သည့် ဆိုင်ကယ် / ဆလိုင်းသန့်စင်

ပုသိမ်တွင် ဆိုင်ကယ်ကို မိုးကြိုးထိမှန်၍ နောက်မှစီးနင်းသူ သေဆုံး

by ဆလိုင်းသန့်စင်
29 May 2017
41.3k

ယခုနှစ်မိုးဦးရာသီတွင် မြန်မာနိုင်ငံ အနှံ့အပြားတွင် မိုးတိမ်တောင်များကြောင့် မိုးကြိုးပစ်သည့်ဖြစ်စဉ်များ အများအပြား ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားထားသည်။

မေလ ၃ ရက်နေ့က မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့သည့် လပွတ္တာမြို့နယ်၊ ကန်သာယာကျေးရွာမှ မောင်ဝင်းကို /  ပြည်ထဲရေး

ဧရာဝတီတိုင်းတွင် မိုးကြိုးပစ်ခံရ၍ ၂ ရက်အတွင်း လူ ၃ ဦး သေဆုံး

by ဆလိုင်းသန့်စင်
5 May 2018
8.7k

မိုးတိမ်တောင်များကြောင့် မိုးကြိုးပစ်ခြင်းများ မကြာခဏဖြစ်ပွားလေ့ရှိပြီး တနှစ်လျှင် မိုးကြိုးပစ်ခြင်းကြောင့် လူ ၁၀၀ ကျော် သေဆုံးနေကြောင်း ဒေါက်တာထွန်းလွင်ဦးဆောင်သည့် မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုစောင့်ကြည့်ရေးအဖွဲ့ - MCCW ၏ စာရင်းများအရ သိရသည်။

ပန်းတနော်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်တလုံး / ဧရာဝတီ

ဧရာဝတီတိုင်းအတွင်း မိုးကြိုကာလ လေပြင်းကြောင့် အိမ်ခြေ ၂၀၀၀ နီးပါး ပျက်စီးခဲ့ ဟုဆို

by ဆလိုင်းသန့်စင်
1 August 2019
4k

လက်ရှိ ၂၀၁၉ ခုနှစ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသည့် နေအိမ် အရေ အတွက်နှင့် လေဘေးဒုက္ခခံစားရသူ အရေအတွက်မှာ ၂၀၁၈ ခုနှစ်ကထက် ၈ဝ ရာခိုင်နှုန်းခန့် လျော့ကျခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်း ကြံခင်းမြို့နယ်တွင် ဧပြီလက တိုက်ခတ်သည့် လေပြင်းကြောင့် လူနေအိမ်တချို့ ပျက်စီးနေပုံ / MOI

ဧရာဝတီတိုင်း၌ မေလအတွင်း လေပြင်းတိုက်မှုကြောင့် အိမ်ခြေ ၆၀၀ ကျော် ပျက်စီး

by ဆလိုင်းသန့်စင်
6 June 2020
16.7k

ဧရာဝတီတိုင်း၌ ယခုနှစ် မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလအတွင်း လေပြင်းတိုက်ခတ်မှုများအပြင် မိုး ကြိုး ပစ်ခတ်မှု ၉ ကြိမ်ဖြစ်ပွားခဲ့ပြီး ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ အိမ်မဲနှင့် ကျောင်းကုန်းမြို့နယ်တို့မှ လူ ၇ ဦးသေဆုံးကာ ၄...

Next Post
ဘူးသီးတောင်၌ စိတ်ကြွဆေးပြား ၁၆ သိန်းခန့်ဖမ်းမိ

ဘူးသီးတောင်၌ စိတ်ကြွဆေးပြား ၁၆ သိန်းခန့်ဖမ်းမိ

KNPP အမြဲတန်းဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်ခံရသည့် ခူးဦးရယ် / ဧရာဝတီ

KNPP ပါတီ ဥက္ကဋ္ဌ အဖြစ် ခွန်းအေဘယ်တွီဒ် ကို ပြန်လည်ရွေးချယ်

No Result
View All Result

Recommended

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

1 day ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate