Environment

ထူးဆန်းပြီး အံ့သြစရာကောင်းတဲ့ ကလောင်ငှက်

Want create site? Find Free WordPress Themes and plugins.

ငှက်လောကမှာ ထူးဆန်းပြီး အံ့သြစရာကောင်းတဲ့ ကလောင်ငှက် (Secretary Bird) အကြောင်း ပြောပြပါမယ်။ ကလောင်ငှက်ရဲ့ ဦးခေါင်းနောက်မှာ မည်းနက်တဲ့ အတောင်ရှည်တွေ မတ်မတ်ထောင်ပြီး ရှည်ထွက်နေတာကြောင့် ရှေးက စာရေးတော်ကြီးများ ကြက်တောင် ကလောင်တံကို နားရွက်မှာ ညှပ်ထားသလို ထင်ရလို့ ‘ကလောင်ငှက်’ ဆိုတဲ့ အမည်ထူး ရနေတာပါ။

အလွန်ရှည်လျားတဲ့ ခြေထောက်တွေရှိပြီး၄ ပေခန့်မြင့်တဲ့ ကလောင်ငှက်ရဲ့ အမြီးက မြေကြီးနဲ့ ထိနေကာ သုံးချောင်းထောက် သဖွယ် မြင်တွေ့ရပါတယ်။ နှုတ်သီးက အလွန်သန်မာပြီး ငါးမျှားချိတ်လို ကောက်ချိတ်နေပါတယ်။ မျက်လုံးပတ်လည်က အရေပြားဟာ လိမ်မော်ရောင် ရှိနေပြီး၊ ဦးခေါင်း၊ လည်ပင်းနဲ့ ကျောကုန်းတွေက မွဲပြာနေကာ အောက်ပိုင်းက မည်းနက်နေ ပါတယ်။

ဖါး၊ ပိုးမွှား၊ အိမ်မြှောင်၊ လိပ်ကလေးများနဲ့ မြွေတွေဟာ ကလောင်ငှက်ရဲ့ အစာ ဖြစ်ပါတယ်။ အလွန် အဆိပ် ပြင်းထန်တဲ့ မြွေတွေကိုတောင် သတ်ဖြတ်စားသောက်တဲ့ ကလောင်ငှက်ဟာ ရှည်လျားတဲ့ ခြေထောက်တဖက်နဲ့ မြွေ မပြေးနိုင်အောင် နင်းထားပြီး ကျန်ခြေထောက် တဖက်နဲ့ မြွေရဲ့ ဦးခေါင်းနဲ့ တခြားအစိတ်ပိုင်းတွေကို ဖိပေါက်ပါတယ်။ သန်မာထူထဲတဲ့ တောင်ပံတွေက သူတို့ရဲ့ ကိုယ်ကို မြွေဆိပ်မထိအောင် ကာကွယ်ထားတာပါတယ်။

ခြေတံရှည်သလောက် လမ်းလျှောက်မြန်၊ အပြေးမြန်တဲ့ ကလောင်ငှက်ဟာ မြင်းပြေးသလောက်တောင် ပြေးနိုင်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ တခါတရံမှသာ ပျံသန်းကြပေမယ့် ကောင်းကောင်းပျံနိုင်တဲ့ ငှက်တွေပါ။ အများအားဖြင့် သူတို့ဟာ မြေကြီးပေါ်မှာသာ နေထိုင်ကြပြီး၊ သူတို့ရဲ့ ကြီးမားတဲ့ အသိုက်ကို သစ်ပင်ထက်မှာ ဖြစ်စေ၊ ချုံပုတ်တွေထဲမှာ ဖြစ်စေ ပြုလုပ်ကြ ပါတယ်။

ဩဂုတ်လဟာ သူတို့ရဲ့ ဥ, ဥတဲ့ ကာလ ဖြစ်ပြီး ဖြူဖွေးနေတဲ့ ဥတွေမှာ အညိုရောင် အစက်အပြောက်တွေ ပါပါတယ်။

ကလောင်ငှက်ရဲ့ နေရင်းဒေသက အာဖရိကတိုက် တောင်ပိုင်းဖြစ်ပြီး မြောက်ဘက်တွင် ဆူဒန်နယ်နဲ့ အက်ဗီဆီးနီးယား နိုင်ငံအထိ သွားလာ ကျက်စားကြပါတယ်။ သူတပါးရဲ့ အသားကို သတ်ဖြတ်စားသောက်ရာမှာ အသန်မာဆုံးသော ငှက်မျိုးဖြစ်တဲ့ ကလောင်ငှက်ဟာ လင်းယုန်တွေ၊ လင်းတတွေနဲ့ နီးစပ်တယ်လို့ ယူဆရပါတယ်။ ။

Ref: www.wikipedia.org

Did you find apk for android? You can find new Free Android Games and apps.
Loading