ပလတ်စတစ်တွေဟာ လုပ်ရလွယ်ကူပြီး ဈေးသက်သာတာကြောင့် ကမ္ဘာတဝန်းမှာ လူသုံးများပါတယ်။ သို့သော်လည်း သူတို့ကို စွန့်ပစ်တဲ့အခါ ပုပ်သိုးဆွေးမြေ့ဖို့အချိန်ကြာသလို မီးရှို့ဖျက်ဆီးဖို့ကလည်း ထင်သလောက်မလွယ်ကူတာကြောင့် ပတ်ဝန်းကျင်ကိုထိခိုက်စေပါတယ်။
ရေထဲမှာရှိနေတဲ့ ပလတ်စတစ် အမှိုက်တွေဟာ ခရီးသွားလာနေတဲ့ သဘောၤတွေကို ဒုက ္ခဖြစ်စေပါတယ်။ ဒါ့အပြင် ရေနေသတ္တဝါတွေ အတွက်လည်း အန္တရာယ် မသေးလှပါဘူး။ ဒီလိုအန္တရာယ် များလှတဲ့ ပလတ်စတစ်ကို ပြန်လည် အသုံးချပြီး ပလတ်စတစ် ထုပ်လုပ်မှု၊ သုံးစွဲမှုတွေကို လျှော့ချရမှာ ဖြစ်ပါတယ်။
အခုတော့ အင်ဂျင်နီယာတွေက ပြန်လည် အသံုံးချနိုင်မယ့် နည်းလမ်းတွေကို ရှာတွေ့သွားပါပြီ။ သူတို့ဟာ Rotterdam ဆိပ်ကမ်းက အမှိုက်တွေကို ပြန်လည်ကောက်ယူခဲ့ပါတယ်။ စက်အကူအညီနဲ့ အမှိုက်တွေ သိမ်းသလို ပရဟိတ အဖွဲ့အစည်းကလည်း အမှိုက်ကောက်ရာမှာ ကူညီခဲ့ပါတယ်။
ရေထဲက ရလာတဲ့ပလတ်စတစ် အမှိုက်တွေကို ပြန်လည် စစ်ထုတ်ဖို့၊ ဒီဇိုင်းဆွဲဖို့၊ တည်ဆောက်ဖို့ အတွက် ၅ နှစ်လောက် အချိန်ယူခဲ့ရပြီး အကုန်လုံး စမ်းသပ်စစ်ဆေးပြီးနောက်မှာ သန့်စင်ထားတဲ့ ပလတ်စတစ်တွေကို ဆဋ္ဌဂံ အတုံးပုံစံ ဖန်တီးယူပါတယ်။ အတုံး ၂၈ တုံးလောက်ကို ဆက်သွယ်ပြီး ရေပေါ်ပန်းခြံ တည်ဆောက်ထားပါတယ်။
ဒီပလတ်စတစ်တုံးတွေရဲ့ဘေးအနားသားပေါ်မှာ မြေဆီလွှာတွေ ထည့်ပြီး အပင်တွေ စိုက်ပျိုး ထားသလို ကျေးငှက်နဲ့ အင်းဆက်ပိုးမွှားတွေလည်း ရှင်သန်နိုင်မှာဖြစ်ပါတယ်။ အောက်ခြေမှာလည်း ငါးတွေဥဥလို့ရသလို အပင်တွေ ပေါက်ရောက်နိုင်အောင် ဖန်တီး ပေးထားတယ်လို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စိမ်းစိုနေတဲ့ ရေပေါ်ပန်းခြံကို အခုတော့ Rotterdam ဆိပ်ကမ်းမှာ မြင်တွေ့နိုင်ပြီဖြစ်ပါတယ်။
ဒီအလုပ်ကို အကောင်အထည်ဖော်ခဲ့ကြတဲ့အဖွဲ့ဟာ “Audi Environmental Foundation” နဲ့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး အနာဂတ်မှာ ဒီလိုလုပ်ငန်းမျိုးတွေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အခုတော့ စိတ်ဒုက္ခပေးနေတဲ့ ပလတ်စတစ်တွေကို သဘာဝကြီးအတွက် အသုံးဝင်တဲ့ အရာတွေဖန်တီးနေနိုင်ပြီဖြစ်ပါတယ်။
Ref ; www.mnn.com