• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Environment

“ရန်ကုန်မှာ ထူးကဲဒီရေ နောက် ၁ ပေ လောက်သာ ထပ်တက်ရင် ထိခိုက်မှု ပိုများလာနိုင်တယ်”

by သဇင်လှိုင်
16 August 2018
in Environment
A A
မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ အင်ဂျင်နီယာဌာန တိုင်းတာရေး ဌာနခွဲ ဌာနမှူး ဦးဝေဇွန်အောင်  / သဇင်လှိုင် / ဧရာဝတီ

မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ အင်ဂျင်နီယာဌာန တိုင်းတာရေး ဌာနခွဲ ဌာနမှူး ဦးဝေဇွန်အောင် / သဇင်လှိုင် / ဧရာဝတီ

14.6k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ လူနေရပ်ကွက် အတော်များများ အထိ ရေဝင်ရောက်လာခဲ့ပြီး ယင်းသို့ ဝင် ရောက်လာမှုသည် ထူးကဲဒီရေ မြင့်တက်မှုကြောင့် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

သို့ဖြစ်ရာ ထူးကဲဒီရေ အခြေအနေနှင့် ထူးကဲဒီရေ စောင့်ကြည့်နေမှု အခြေအနေများကို သိရှိနိုင်ရန် မြန်မာ့ ဆိပ်ကမ်း အာ ဏာပိုင် အဖွဲ့ အင်ဂျင်နီယာဌာန တိုင်းတာရေး ဌာနခွဲ ဌာနမှူး ဦးဝေဇွန်အောင်ကို ဧရာဝတီ သတင်းထောက် သဇင်လှိုင် က တွေ့ဆုံ မေးမြန်းထားသည်။

RelatedPosts

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
839
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

15 June 2025
64
အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

15 June 2025
872

မေး။  ။ ထူးကဲဒီရေ ဆိုတာကို ဘယ်အချိန်မှာ ထုတ်ပြန်တတ်ပါသလဲရှင့်။

ဖြေ။  ။ ရေအစစ်ဆုံး အချိန်မှာ ရှိနေတဲ့  Zero Level ပေါ့။ အဲဒီ ရေအစစ်ဆုံး အမှတ်ကနေ ပေ ၂၀ အထိ မြင့်လာရင်၊ ပေ ၂၀ ထက်ကျော်တော့မယ် ဆိုရင် ကျနော်တို့ ထူးကဲဒီရေ သတိပေးချက်တွေ ထုတ်ပြန်ပါတယ်။ ကျနော်တို့ မှတ်တမ်း အရ ဆိုရင် ၂၀၁၅ ခုနှစ်မှာ ရေအစစ်ဆုံး အမှတ်ကနေ ၂၂ ပေ အထိ တက်တာကို အတွေ့အကြုံ ရှိပါတယ်။ ဒီရေတက်တဲ့ ကိစ္စ ကိုလည်း ဒီရေ ဇယားစာအုပ် ရှိပါတယ်။

ဒါကတော့ ဘယ်နေ့ဘယ်ရက် ဘယ်အချိန်လောက်ရောက်ရင် ရေဘယ်လောက် တက်မယ် ဆိုတာကို ကျနော်တို့ ကြိုတင် တွက်ချက် ထားတာပေါ့။ Zero Level ကနေ အထက် ဘယ်လောက် အထိတက်မယ် ဆိုတာကို ကြိုတင် ခန့်မှန်းပြီး တွက် ချက်ထားတာ။ ကျနော်တို့က ၁ နှစ်လုံးစာ သိတယ်။ အဲဒီလို တွက်ချက်ထားတာက ဒီရေ တက်မယ့် အချိန် ပေ ၂၀ မကျော် ခင် သတင်းစာထဲမှာ ထုတ်ပြန် ကြေညာထားပါတယ်။ အများပြည်သူ သိအောင် တပတ်လောက် ကြိုပြီး ထုတ်ပြန်ပေး တယ်။

မေး။  ။ ရေအစစ်ဆုံး အမှတ်ဆိုတာက ဘယ်လို သတ်မှတ်ထားတာလဲ။

ဖြေ။  ။ ရေအစစ်အဆုံး အမှတ်ဆိုတာ ဒီရေဝင်ရောက်တဲ့ ဒေသတွေမှာ ရေတက်၊ ရေကျဆိုတာ ရှိတယ်။ ရေကျတဲ့ အချိန် မှာ ရေက အောက်ကို နိမ့်သွားတယ်။ အဲဒီအချိန်မှာ ၁၈ ဒသမ ၆ နှစ်ကြာ စောင့်ကြည့်ပြီး အဲဒီအချိန်မှာ ရေအနည်းဆုံး အချိန် ကို Zero Level လို့ သတ်မှတ်ပါတယ်။ ရေတက်ရေကျရှိတဲ့ နေရာ အားလုံးရဲ့ Level ပါ။ ဆူနာမီလိုဟာမျိုး မုန်တိုင်း ဒီရေလိုဟာမျိုးလာတော့မယ် ဆိုရင် ရေဟာ အဲဒီ Zero level ရဲ့ အောက်ကို ကျသွားတတ်ပါတယ်။ ရေတက်တယ် ရေကျ တယ်။ တနည်းအားဖြင့် ရေပြည့်တယ်။ ရေစစ်တယ်ပေါ့။

မေး။  ။ ထူးကဲဒီရေကို ဘယ်လိုတိုင်းတာ တွက်ချက်ပြီး ထုတ်ပြန်တာလဲ။

ဖြေ။  ။ နှစ်ပိုင်းပိုင်းပြီး ပြောရမယ်ဆိုရင် ကျနော်တို့ ထုတ်ပြန်တာက ကြိုတင်ခန့်မှန်းထားတဲ့ အချက်အလက်ပေါ်မှာ အခြေ ခံ ပါတယ်။ ကျနော်တို့က ကြိုသိဖို့ လိုတယ်။ နောက်တပတ်မှာ ရေဘယ်လောက် တက်မလဲ၊ နောက်လမှာ ရေဘယ် လောက် တက်မလဲဆိုတာကို ကြိုမသိနိုင်တဲ့ အတွက် ကွန်ပျူတာနည်းနဲ့ တွက်တယ်။ တွက်လို့ ရတဲ့ အချက်အလက် ပေါ် မှာ အခြေခံပြီး ထုတ်ပြန်တယ်။

ပြီးခဲ့တဲ့ ရက်က ထုတ်ပြန်တာဆိုရင် ရေအစစ်ဆုံး အမှတ်ကနေ ၂၁ ဒသမ ၅ ပေ အထိ တက်မယ်လို့ ထုတ်ပြန်ခဲ့တယ်။ သြဂုတ်လ ၁၃ ရက်မှာ တိုင်းတာထားတဲ့ မြေပြင်အချက်အလက် အရဆိုရင် ၂၄ ဒသမ ၁ ပေအထိ ရောက်ခဲ့ ပါတယ်။ ကျနော်တို့က မိုးလေဝသလိုပဲ ခန့်မှန်း တွက်ချက်တော့ မြေပြင် အခြေအနေနဲ့ ကွဲလွဲချက် ရှိပါတယ်။ ၃ ပေ လောက် ကွာခြား ချက် ရှိတာက Seasonal Correction ဆိုတာ ရှိပါတယ်။

ခုနက ၂၁ ဒသမ ၅ ပေက ဘယ်က တက်စေလည်း ဆိုတော့ ဒီရေဖြစ်စေတဲ့ အကြောင်းတရားတွေဖြစ်တဲ့ လနဲ့ နေတို့ရဲ့ ဆွဲအားတွေကြောင့် ဖြစ်တယ်။ အဲဒီ Seasonal Correction နဲ့ ခုနက ၂၁ ဒသမ ၅ ပေနဲ့ ပေါင်းရင် ၂၃ ပေလောက်ဆိုတာ ကျနော်တို့ တကယ်ရောက်ရမယ့် အခြေအနေပေါ့။ အဲဒီ ၂၃ ပေထက်ကို ၁ပေလောက် ပိုလာတယ်။

Seasonal Correction ဆိုတာက မြစ်အပေါ်ပိုင်းက မြစ်ရေတွေကျလာတာ မိုးရေ ကျဆင်းမှုတွေကြောင့်လို့ ကျနော်တို့ ခန့်မှန်းပါတယ်။ အရင်နှစ်မှာ တနှစ်လုံး သုတေသနလုပ်ပြီး ဒီနှစ်မှာတော့ ဘယ်လောက် တက်နိုင်တယ်ဆိုတာကို ပြော တာ။

မေး။  ။ ရန်ကုန်မြို့ရဲ့ ထူးကဲဒီရေက ဘယ်ရက် အထိ ဖြစ်ဦးမလဲ။

ဖြေ။  ။ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ထုတ်ပြန်ထားတာက သြဂုတ်လ ၁၆ ရက် အထိ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် တရက်နဲ့ တရက် မတူပါဘူး။ ကျနော်တို့ရဲ့ ကြိုတင်တွက်ချက်မှု အရ ၁၃ ရက်က ဆိုရင် အများဆုံး ပေးထားပါတယ်။ ၁၆ ရက်ဆိုတော့ တဖြည်းဖြည်းနဲ့ ပြန်နည်းသွားပါပြီ။ အဲဒီနောက်ပိုင်း ဆိုရင် လျော့နည်းသွားပါပြီ။

အဲဒီနေရာမှာ ထပ်ပြီးတော့ ဖြည့်စွက်ချင်တာ ဒီရေအတက်အကျ ပုံမှန်အားဖြင့် လပြည့်နဲ့ လကွယ် ၂ ကြိမ်မှာဆိုရင် ဒီရေ အတက်အကျ များပါတယ်။ အဲဒီ ၂ ကြိမ်မှာ ရေတက်ရင် ပိုတက်ပါတယ်။ လကွယ်ရက်တွေမှာ ပိုတက်တယ်။ အဲဒီရက်မျိုး တွေမှာ ရေကျရင်လည်း ပုံမှန်ထက် ပိုကျပါတယ်။ မြေပြင်မှာ ဆိုရင်တော့ လပြည့်လကွယ် နောက်ပိုင်းမှာ ရေအမြင့်ဆုံး ရောက်တာ များပါတယ်။ ၁ လ ကို ၂ ကြိမ်တက်တယ် ၂ ကြိမ်ကျတယ်။ ရေထရက် ဆိုတာ ရှိတယ်။ ၁ လနဲ့ ၁ လ မတူပါ ဘူး။

ဘာကြောင့်လဲ ဆိုတော့ နေနဲ့လနဲ့ ကမ္ဘာနဲ့ ရှိတဲ့ အနေအထားတွေကြောင့် မတူပါဘူး။ နီးရင် ဆွဲအားပိုများပါတယ်။ ဝေးရင် ဆွဲအားနည်းပါတယ်။ အဲဒီတော့ နီးလာတယ် ဝေးလာတယ်ဆိုတာ အာကာသထဲမှာ ပတ်လမ်းကြောင်း အတိုင်း ပတ်နေတဲ့ အပေါ် မူတည်ပါတယ်။ လည်ပတ်နေတဲ့ အခါမှာ ၁၈ ဒသမ ၆ နှစ် ကြာတဲ့အချိန်မှာ လရဲ့ဆွဲအားက အမြင့်ဆုံးကို ရောက် တယ်။ အဲဒီအချိန်မှာ မြစ်ရေဆင်းလာတဲ့ အချိန်နဲ့ တွေ့တဲ့အခါ ပိုပြီးတော့ တက်တယ်။

မေး။  ။ ရှေ့မှာ ပြောခဲ့တာ၂၀၁၅ မှာ ဖြစ်ခဲ့ဖူးတယ် ဆိုတော့ အဲဒီ ၂၀၁၅ ခုနှစ်ရဲ့ ရှေ့ပိုင်းမှာ ဖြစ်တာရှိခဲ့လား။

ဖြေ။  ။ ၂၀၁၅ ခုနှစ်ရဲ့ ရှေ့မှာဆိုရင် ၁၉၃၉ ခုနှစ်မှာ ၆ ဒသမ ၇ မီတာအထိကို တက်တယ်။ ပေအားဖြင့် ပြောမယ်ဆိုရင် ၂၂ ပေ ရှိတယ်။

မေး။  ။ ထူးကဲဒီရေက ဘယ်လတွေမှာ တက်တာများလဲ။

ဖြေ။  ။ အဓိကကတော့ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာတို့မှာ ပိုပြီးတော့ များတယ်။ ဇူလိုင်၊ သြဂုတ်ဆိုရင် ကျနော်တို့ နိုင်ငံ အနေအထားနဲ့ ဆိုရင် မိုးများတယ်။ မြစ်ရေကြီးတာတွေ ရှိတယ်။ မြစ်ရေကြီးတဲ့အချိန်မှာ ဒီရေကလည်း တက်လာတယ်။ အဲဒီ နှစ်ခုပေါင်းလိုက်တဲ့ အချိန်မှာ ဖြစ်သွားတာပေါ့။

ထူးကဲဒီရေကို သြဂုတ်လ အထိဆိုရင် ၅ ကြိမ် ထုတ်ပြန်ပြီးပါပြီ။ နောက်ထပ်၇ ကြိမ်ကတော့ အခု ထုတ်ပြန်ခဲ့လောက်အထိ မများဘူး။ ၂၁ ဒသမ ၅ ပေသည် ဒီနှစ်ထဲအတွက် အများဆုံးပဲ။ ဒါပေမယ့် တခုရှိတာက ၁၃ ရက်မှာ ဖြစ်သွားတာက ခုနက ပြောသလို Seasonal Correction သည် ၀ ဒသမ ၄ မီတာ (+) လုပ်ရပါတယ်။ ဒါပေမယ့် စက်တင်ဘာရဲ့ နောက်ပိုင်းကျ ရင်တော့ Seasonal Correction သည်နည်းသွားပြီ။ ဇွန်လမှာဆိုရင် Seasonal Correction သည် မရှိသလောက် ဇီးရိုးပါ။ အခုက ရေကလည်း ၂၁ ဒသမ ၅ ပေတက်တယ်။ Seasonal Correction ကလည်း ၈ လပိုင်းနဲ့ ၉ လပိုင်းမှာ များတယ်။ အဲဒီ ၂ ခုပေါင်းတဲ့ အချိန်မှာ ရေကပိုပြီးတော့ ၂၄ ဒသမ ၁ ပေ အထိ ရောက်သွားတာပေါ့။

မေး။  ။ ဒီလို ထူးကဲဒီရေတွေ တက်လာပြီဆိုရင် ပြည်သူလူထုကို ဘယ်လိုတွေ ထိခိုက်နိုင်လဲ။

ဖြေ။  ။ ကမ်းနားနေ ပြည်သူတွေပေါ့။ အဓိကကတော့ ရေဝင်တာပါပဲ။ တချို့နေရာတွေ မြေနိမ့်တဲ့ နေရာတွေဆို ရေလွှမ်း တယ်။ ပစ္စည်းတွေ ရေမြုပ်တာတော့ ရှိတာပေါ့။ Social Impact မှာတော့ အနည်းငယ် သက်ရောက်မှု ရှိနိုင်တာပေါ့။ ဒါပေ မယ့် ရန်ကုန်အနေနဲ့ကတော့ မြစ်ရေကြီးမှုမှာ အသက်အန္တရာယ် ရှိလောက်တဲ့ အထိတော့ မရှိပါဘူး။ လူတွေ နေရထိုင်ရ ခက်မယ်။ သွားရလာရ ခက်တယ်။ ဒီလောက်ပဲ မြင်ပါတယ်။ တောင်ကျရေလို ဒလဟောကြီး မဟုတ်ဘူး။ သူက တက်ရင် လည်း ဖြည်းဖြည်းချင်း တက်လာတယ်။ ပြန်ဆင်းရင်လည်း တအိအိ ပြန်ဆင်းသွားတာပဲ။ ပုံမှန်အားဖြင့်ဆို ၆ နာရီ တကြိမ် တက်လိုက်ကျလိုက် ဖြစ်နေတာပေါ့။ အခုရေတက်ကနေ နောက်တခါ ရေတက်တဲ့ အထိဆို ၁၂ နာရီလောက် ပြန်ကြာ တာပေါ့။

မေး။  ။ ဒီရေကတော့ ပုံမှန်အတက်အကျ ရှိနေတာပဲဆိုတော့ ထူးကဲဒီရေ ဆိုတာမျိုးကိုကျတော့ ဘယ်လို အခြေအနေမျိုး မှာ သတ်မှတ်တာလဲရှင့်။

ဖြေ။  ။ ဒီရေဆိုတာက တလမှာ နှစ်ကြိမ် တက်တယ်၊ နှစ်ကြိမ်ကျတယ်။ အဲဒီမှာမှ ရေတက်တဲ့ ရက်တွေမှာ တောင် ပေ၂၀ မကျော်သေးရင် ထူးကဲဒီရေလို့ မပြောသေးဘူး။ ပေ ၂၀ ကျော်ပြီဆိုရင်တော့ ထူးကဲဒီရေအနေနဲ့ အများပြည်သူကို သတိ ပေး သင့်တယ်ဆိုတာ ထုတ်ပြန်တာ။၂၀၁၈ မှာဆိုရင် ၁၁ လပိုင်း နောက်ဆုံး ထုတ်ပြန်ဖို့ ရှိတာ။ ဒါပေမယ့် ဒီကာလထက် စာရင် နည်းပါတယ်။ ၂၀ ဒသမ ၂ ပေအထိပဲ ရှိပါတယ်။

မေး။  ။ တိုင်းတာရေး ဌာနခွဲ အနေနဲ့ ထူးကဲဒီရေကို ဘယ်လို စောင့်ကြည့် လေ့လာတယ် ဆိုတာ ပြောပေးပါဦး။

ဖြေ။  ။ ကျနော်တို့မှာ ဒီရေတိုင်းတဲ့ ရေမှတ်တိုင်တွေ စိုက်ထားပါတယ်။ ဗိုလ်တထောင် သံလျက်စွန်းမှာ ရှိတယ်။ အဲဒါကို ကျနော်တို့က စောင့်ကြည့်လေ့လာပြီး ဖတ်ပါတယ်။ ဒါတွေကတော့ Ground Data ပါ ကြိုမသိနိုင်ဘူးပေါ့။ ကြိုတင်တွက် ချက်ဖို့ အတွက်ကျတော့ တွက်တဲ့ Harmonic နည်း ရှိပါတယ်။ အဲဒီနည်းမှာ အချက်အလက် တွေ ထည့်ရတာပေါ့။ နေတွေ လတွေ ကမ္ဘာတွေ ရှိတဲ့ အနေအထားတွေ နောက် Seasonal Correction တွေ Shallow water effect တွေ ဒါတွေကို ပရိုဂရမ် ထဲ ထည့်တွက်လိုက်ရင် သတိပေးချက် ထုတ်ဖို့အတွက် လုံလောက်တဲ့ အချက်အလက်ကတော့ ကျနော်တို့ ရပါ တယ်။

မေး။  ။ ရန်ကုန်မြို့ရဲ့ အနေအထားအရ ထူးကဲဒီရေ ဘယ်လောက် အတိုင်းအတာထိ တက်လာရင် အန္တရာယ် ရှိနိုင်လဲ။

ဖြေ။  ။ ပြီးခဲ့တဲ့ ဖြစ်စဉ်၂၄ ဒသမ ၁ ပေ အထိနဲ့ လေ့လာရင် နောက်ထပ် ၁ ပေလောက်သာ ထပ်တက်မယ် ဆိုရင် ၂၅ ပေ လောက်သာ ရောက်သွားမှာ ဖြစ်ပြီး တချို့လူမှုဘဝ ပတ်ဝန်းကျင်မှာ အခက်အခဲတွေ ကြုံလာနိုင်တယ်လို့ မြင်ပါတယ်။ အခုက ၂၄ ဒသမ ၁ပေ လောက်ထိမှာကိုပဲ လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။ အရင်နှစ်တွေက ဒီလောက်ထိ စိတ်ဝင်စား တာကို မကြုံဖူးပါဘူး။ ဒီနှစ်ဖြစ်တာက အရင်နှစ်တွေက ဖြစ်တာထက်ယှဉ်ရင် နည်းနည်းပိုများတယ်လို့ ယူဆလို့ရတယ်။ နောက် ၁ ပေလောက်သာ ထပ်တက်ရင် ထိခိုက်မှု ပိုများလာနိုင်တယ်။

မေး။  ။ မနှစ်က ဘယ်လောက်အထိ တက်သွားတာလဲရှင့်။

ဖြေ။  ။ မနှစ်က အများဆုံး တက်ခဲ့တာက ၂၁ ဒသမ ၂ ပေက အများဆုံးပါပဲ။

မေး။  ။ ထူးကဲဒီရေတွေ ခပ်များများတက်ခဲ့တဲ့ နှစ်တွေကိုကြည့်မယ်ဆိုရင် ရှေ့ခုနှစ်တွေက ဖြစ်စဉ်ဝေးပြီးတော့ နောက်ဖြစ် စဉ်က ၃ နှစ်ကြာ ဖြစ်တာက ဘယ်လို ထူးခြား ဖြစ်စဉ်ကြောင့်လဲ။

ဖြေ။  ။ ၂၀၁၅ ခုနှစ် ဆိုရင် ၂၂ ပေလောက် အထိ ထုတ်ပြန်ထားတယ်။ အခုဆိုရင် ၂၁ ဒသမ ၅ ပေပေါ့။ အဲဒီ အရှေ့မှာ လည်း ထုတ်ပြန်ခဲ့တယ်။ မတိမ်းမယိမ်း ပမာဏတွေ ထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့် တခုရှိတာက အဓိက ကတော့ ပင်လယ် ရေ မျက်နှာပြင် (Sea Level) မြင့်တက်လာလို့ ဖြစ်လာတာလို့ ယူဆတယ်။  ။

Your Thoughts …
Tags: Seasonal Correctionဆိပ်ကမ်းအာဏာပိုင်ထူးကဲဒီရေရန်ကုန်မြို့
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

တော်လှန်ရေး ဒီရေမြင့်လာချိန် ရန်ကုန်ကို မီးပေးရန် မင်းအောင်လှိုင် ကြိုးစား

တော်လှန်ရေး ဒီရေမြင့်လာချိန် ရန်ကုန်ကို မီးပေးရန် မင်းအောင်လှိုင် ကြိုးစား

by ဧရာဝတီ
17 January 2024
6.3k

မင်းအောင်လှိုင်သည် သူကိုယ်တိုင် ကြီးထွားလာအောင်လုပ်ခဲ့သည့် လျှပ်စစ်ဓာတ်အား အကျပ်အတည်းကို ထိန်းချုပ်နိုင်ရန် လက်တွေ့ကျသည့် မည်သည့်အလုပ်မှ မလုပ်ပေ။

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

by ဧရာဝတီ
15 June 2024
5k

သတ်မှတ်ဈေးဖြင့်သာ မဖြစ်မနေ ဖွင့်လှစ် ရောင်းချရမည်ဟု ထိန်းချုပ်လိုက်သည့်အတွက် ရန်ကုန်မြို့ ရွှေဆိုင်တချို့တွင် တန်းစီ ဝယ်ယူခြင်းထိ ဖြစ်သွားခဲ့သည်။

ရန်ကုန်မြို့ရှိ အပေါက်များ အကြောင်း

ရန်ကုန်မြို့ရှိ အပေါက်များ အကြောင်း

by မောင်သော်က
8 June 2024
4.2k

ညအချိန်တွင် အပေါက်တို့၏ အန္တရာယ် ပို၍ ထူပြော၏။ အသွားမတော် တလှမ်း ဟူသကဲ့သို့ …

စာတတ်လာပြီ ဖြစ်သော ကြွက် နှင့် ဘီလူး

စာတတ်လာပြီ ဖြစ်သော ကြွက် နှင့် ဘီလူး

by မောင်သော်က
13 July 2024
1.6k

လေယာဉ်ပျံ စင်းလုံးငှား၊ လော်စပီကာတွေ တောင်ပံတပ်၊ ရန်ကုန် မြို့ပေါ်ဝဲ၊ ဂါထာ စာရွက်တွေလည်း ကြဲ၊ ဂါထာလည်း ရွတ်လိုက်ရရင်တော့၊ ရန်ကုန် တမြို့လုံး ကြွက်တွေ ရှင်းသွားမယ် ထင်တာပဲ…

ကန်စွန်းနွယ်

ကန်စွန်းနွယ်

by ဇေယျ
6 April 2024
662

လယ်ကန်သင်း ရေစပ်မှ ကန်စွန်းနွယ်ကလေးကား မည်သူမျှ မပြုရဘဲ သေသည် ပျောက်သည်မရှိ၊ အမြဲထာဝရ ရွှင်လန်း ပေါက်ရောက်လျက် ရှိ၏။

စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေသည့် အမျိုးသမီးတဦး / CJ

အဖမ်းခံရသည့် အမျိုးသမီးငယ်တချို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရ

by ဧရာဝတီ
23 April 2021
113.3k

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရသည့် ရန်ကုန်မြို့ မှ အမျိုးသမီးငယ်တချို့ မှာ စစ်ကြောရေးအချိန်ကာလကို ဖြတ်သန်းရ စဉ် ညဘက်အချိန်များတွင် လိင်ပိုင်းဆိုင်ရာ စော်ကား အကြမ်းဖက်ခံရမှုများနှင့် ရင်ဆိုင်နေရကြောင်း

Next Post
သက်ငယ္မုဒိန်းမှု သေဒဏ်ပေးရေး လှုပ်ရွားမှုတခု  / ဧရာဝတီ

သက်ငယ်မုဒိမ်းမှုကို ထောင်တသက်ချမှတ်မည့် ဥပဒေကြမ်းထုတ်ပြန်

ယိုင်နဲ့ နေတဲ့ မြန်မာ့ပုံနှိပ် မီဒီယာ (ရုပ်/သံ)

ယိုင်နဲ့ နေတဲ့ မြန်မာ့ပုံနှိပ် မီဒီယာ (ရုပ်/သံ)

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

    shares
    Share 0 Tweet 0
  • မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate