Environment

ငလျင်နဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အကြောင်းအရာ ၅ ချက်

လူသားတွေ ကြုံတွေ့ရတဲ့ သဘာဝ ဘေးအန္တရာယ်တွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ ငလျင်ဟာ တခြားသော သဘာဝ ဘေးအန္တရာယ်ဖြစ်စဉ်တွေထက် ပိုမိုရှုပ်ထွေးသလို ခန့်မှန်းရခက်တဲ့ သဘာဝဖြစ်စဉ် တခုပါ။ ဒါကြောင့်မို့လို့ ငလျင်နဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အကြောင်းအရာတွေကို ဗဟုသုတအနေနဲ့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) ကမ္ဘာတဝှမ်းမှာ တနှစ်ကို ငလျင်လှုပ်မှုပေါင်း ၅၀၀၀၀၀ ကျော်ခန့်ဖြစ်ပွားလျက်ရှိတယ်လို့ အမေရိကန်နိုင်ငံရဲ့ ဘူမိဗေဒဆိုင်ရာ စစ်တမ်းကောက်ယူချက်တွေမှာ ဖော်ပြထားပါတယ်။ နေ့စဉ်နဲ့အမျှ ဆိုရင်တော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ငလျင်လှုပ်မှုပေါင်း ၅၀ ကျော်ခန့် ဖြစ်ပွားလျက်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ ငလျင်သတင်းထုတ်ပြန်ရေးဌာနရဲ့ လေ့လာချက်တွေအရ သိရပါတယ်။

(၂) ငလျင်ဟာ မြေအောက်ကနေ မြေလွှာပြတ်ရွေ့ခြင်းကြောင့် ဖြစ်ပေါ်တဲ့ သဘာဝဖြစ်စဉ် ဖြစ်တာကြောင့် တခြားသော သဘာဝဘေးအန္တရာယ်တွေလို ဘယ်တော့ဖြစ်မယ်ဆိုတာကို ဘယ်နိုင်ငံမှ မခန့်မှန်းနိုင်ကြပါဘူး။ ငလျင်လှုပ်ခတ်မှု အများဆုံးဖြစ်ပေါ်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး နည်းပညာပိုင်းအရမှာလည်း ဖွံဖြိုးတိုးတက်ပါတယ်ဆိုတဲ့ ဂျပန်နိုင်ငံလို နိုင်ငံမျိုးတောင်မှ ငလျင်ဖြစ်ပေါ်မှုကို ကြိုတင် မခန့်မှန်းနိုင်ကြပါဘူး။

 

 

(၃) ငလျင်လှုပ်ခတ်မှုပြင်းအားကို တိုင်းတာတဲ့ ရစ်ချ်တာစကေးကို ၁၉၃၅ ခုနှစ်လောက်က Charles F. Richter ဆိုသူက စတင်ဖော်ထုတ်ခဲ့တာဖြစ်ပြီး ကာလအကြာရှည်ဆုံးနဲ့ အသုံးအများဆုံး ငလျင်အတိုင်းအတာ စနစ်တခုလည်း ဖြစ်ပါတယ်။

(၄) သမိုင်းမှတ်တမ်းတွေအရ ၁၉၇၇ ခုနှစ် ချီလီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ အပြင်းထန်ဆုံး ဖြစ်ပြီး ရစ်ချ်တာစကေး ၉ ဒဿမ ၅ အထိ ရှိတယ်လို့ သိရပါတယ်။

နောက်ထပ်အပြင်းထန်ဆုံး ငလျင်တခုကတော့ အမေရိကန်ပြည်ထောင်စုရဲ့ အကြီးမားဆုံး ပြည်နယ်တခုဖြစ်တဲ့ အလက်စကာပြည်နယ်မှာ ၁၉၆၄ ခုနှစ်အတွင်း လှုပ်ခတ်ခဲ့တဲ့ အင်အားရစ်ချ်တာစကေး ၉ ဒဿမ၂ အထိ ရှိတဲ့ ငလျင်လှုပ်ခတ်မှုပဲ ဖြစ်ပါတယ်။

(၅) ငလျင်လှုပ်ခတ်မှုဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နိုင်ငံမှာမဆို အချိန်မရွေးဖြစ်ပေါ်နိုင်တဲ့ သဘာဝဘေး အန္တရာယ် တခု ဖြစ်ပြီး အီရန်၊ တူရကီ၊ ဟိမဝန္တာဝန်းကျင်ဒေသတွေနဲ့ ပစိဖိတ်သမုဒ္ဒရာ ဝန်းကျင်ဒေသတွေဟာဆိုရင်တော့ ငလျင်ဖြစ်ပေါ်နိုင်ခြေ အလားအလာ များတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။

Ref. www.rd.com/culture

Loading