လာမယ့် ၂၀၅၀ ခုပြည့်နှစ်မှာတော့ ပင်လယ်သမုဒ္ဒရာထဲက ငါးအရေအတွက်ထက် လူတွေ စွန့်ပစ်တဲ့ ပလတ်စတစ် အရေအတွက်က ပိုများမယ်လို့ World Economic Forum နဲ့ the Ellen MacArhur Foundation မှ Ellen MacArthur က ပြောပါတယ်။ လူတွေရဲ့ မဆင်မခြင်စွန့်ပစ်မှုတွေကြောင့် ရေနေသတ္တဝါ သန်းပေါင်းများစွာ ဒုက္ခရောက်နေရပါတယ်။
ပင်လယ်အနီးအနားမှာ နေထိုင်ကျက်စားကြတဲ့ ငှက်တွေ အပါအဝင် ဖျံ၊ ဝေလငါး၊ လင်းပိုင်၊ ငါး၊ ကဏန်းနဲ့ အခြား ပင်လယ်သတ္တဝါပေါင်းများစွာဟာ လူတွေ စွန့်ပစ်ကြတဲ့အမှိုက်တွေကြောင့် သေဆုံးမှုတွေက ပိုပိုများလာနေပါတယ်။
အဲဒီလို စွန့်ပစ်ပစ္စည်းတွေထဲမှာ မျက်စိနဲ့ မမြင်ရနိုင်လောက်အောင် သေးငယ်လွန်းတဲ့ ပလတ်စတစ်စတွေက ပိုများပါတယ်။ ပင်လယ်တွင်း နေထိုင်ကြတဲ့သတ္တဝါတွေဟာ အဲဒါတွေကို အစာမှတ်ပြီး စားသောက်မိကြပါတယ်။ တကယ်တော့ ပလတ်စတစ်မှာ အဆိပ်သင့်စေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်တဲ့အတွက်ကြောင့် လည်း ရေထဲနေတဲ့သတ္တဝါတွေ သေဆုံးရမှုနှုန်းက များများလာတာပဲ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မှာ တွက်ချက်ထားမှုအရဆိုရင် သေးငယ်တဲ့ ပလတ်စတစ် ပမာဏဟာ ၅၁ ထရီလီယံလောက်ရှိနေပြီး အဲဒါတွေအားလုံးရဲ့ စုစုပေါင်းတန်ချိန်က ၂ သိန်းခွဲနီးပါး ရှိခဲ့ပါတယ်။
ပလတ်စတစ် ထုတ်လုပ်မှုပမာဏဟာ ၁၉၆၄ ခုနှစ်ကတည်းကစပြီး တနှစ်ကို အဆ၂၀ လောက် တိုးတိုးလာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ တန်ချိန်သန်းပေါင်း ၃၃၂ သန်းအထိ ရှိလာခဲ့ပါတယ်။ နောက်ထပ် လာမယ့် နှစ် ၂၀ အတွင်းမှာတော့ ဒီထက် ၂ ဆ တိုးမြှင့်ဖို့ ရှိနေပြီး ၂၀၅၀ ခုနှစ်မှာ ဆိုရင် ကမ္ဘာမြေကြီးရဲ့ ၄ ပုံ ၁ ပုံလောက် ရှိလာပါလိမ့်မယ်။
Ref : worldanimalprotection.org & theguardian