ကမ္ဘာကြီးရဲ့ နေရာဒေသအတော်များများမှာ လေထုညစ်ညမ်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မသန့်ရှင်းတဲ့လေတွေကို ရှူရှိုက်မိတဲ့သူတွေအဖို့တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို အချိန် မတိုင်ခင် သေဆုံးလေ့ရှိပါတယ်။ လေထုညစ်ညမ်းမှုကို ဘယ်နိုင်ငံတွေက ဆိုးဆိုးရွားရွား ခံစားနေရသလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။
(၁) ချီလီ
ချီလီနိုင်ငံမှာဆိုရင် လူဦးရေ ၁၆ သန်းကျော် နေထိုင်ကြပါတယ်။ ချီလီနိုင်ငံဟာ တောင်အမေရိကနိုင်ငံတွေထဲမှာ အတည်ငြိမ်ဆုံးနဲ့ စီးပွားရေးအဖြစ်ထွန်းဆုံ းနိုင်ငံတနိုင်ငံပါ။ ဒါပေမဲ့ ချီလီနိုင်ငံဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်ကျော်လောက်ကတည်းက အရည်အသွေး မရှိတဲ့လေကို ရှူရှိုက်နေခဲ့ရပါတယ်။ ကားတွေကထုတ်တဲ့ မီးခိုးငွေ့တွေကြောင့် ချီလီနိုင်ငံရဲ့ မြို့အတော်များများမှာ လေထုညစ်ညမ်းမှု အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။
(၂) ကိုလံဘီယာ
ကိုလံဘီယာနိုင်ငံကလည်း တောင်အမေရိကရဲ့ လေထုညစ်ညမ်းမှုကို အဆိုးရွားဆုံး ခံစားနေရတဲ့ နိုင်ငံ ၃၀ ထဲ ပါဝင်ပါတယ်။ လေထုညစ်ညမ်းမှုကို ကြုံတွေ့နေရတာကတော့ ကိုလံဘီယာနိုင်ငံရဲ့ မြို့ကြီးတွေမှာသာ မဟုတ်ဘဲ ကျေးလက်ဒေသတွေလည်း ပါဝင်ပါတယ်။
(၃) ဘရာဇီး
ဘရာဇီးနိုင်ငံဟာ တောင်အမေရိကရဲ့ အကြီးမားဆုံး နိုင်ငံတနိုင်ငံပါ။ ဒါပေမယ့် လေထုညစ်ညမ်းမှုကို ဆိုးဆိုးရွားရွား ခံစားနေရတဲ့ တောင်အမေရိကနိုင်ငံတွေထဲမှာ ဘရာဇီးနိုင်ငံက နံပါတ် ၅ နေရာလောက်မှာ ရှိနေပါတယ်။
တကယ်တော့ လေထုညစ်ညမ်းမှုပြဿနာကိုကြုံနေရတာဟာ တောင်အမေရိကနိုင်ငံတွေပဲ မဟုတ်ပါဘူး။ အာရှနိုင်ငံအတော်များများလည်း လေထုညစ်ညမ်းမှု ပြဿနာကို ကြုံနေရပါတယ်။ WHO ရဲ့ အစီရင်ခံစာတွေအရဆိုရင် မသန့်ရှင်းတဲ့လေတွေကို ရှူရှိုက်မိတဲ့အတွက်ကြောင့် နှစ်စဉ် လူဦးရေ ၆ သန်းနဲ့ ၇ သန်းကြား သေဆုံးနေရပါတယ်။
Ref : worldatlas