မေလ ၂၂ ရက်နေ့ကို ကမ္ဘာ့ကုလသမဂ္ဂက “ကမ္ဘာ့ဇီဝဗေဒနေ့”အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲဒီနေ့ဟာ မတူ ကွဲပြားတဲ့ အပင်နဲ့ တိရစ္ဆာန်တွေအတွက် ရည်ရွယ်ပြုလုပ်ပေးတဲ့နေ့ပါ။ ဒါဟာ ကမ္ဘာကြီးမှာ ရှင်သန်နေထိုင်ကြတဲ့ တိရစ္ဆာန်နဲ့ အပင်တွေကို ထိန်းသိမ်းလိုတဲ့ အတွက်လည်း ဖြစ်ပါတယ်။ အဲဒါကြောင့် ဘယ်နိုင်ငံတွေဟာ မတူကွဲပြားတဲ့ အပင်နဲ့ တိရစ္ဆာန်တွေ အပေါများဆုံးလဲ ဆိုတာ ဖော်ပြပေးချင်ပါတယ်။
(၁) သြစတြေးလျနိုင်ငံ
သြစတြေးလျနိုင်ငံမှာဆိုရင် ကွဲပြားခြားနားတဲ့ အပင်နဲ့ တိရစ္ဆာန်ပေါင်း ၆၀၀၀၀၀ နဲ့ ၇၀၀၀၀၀ ကြားမှာ ရှိနေတဲ့ နို့တိုက်သတ္တဝါမျိုးစိတ်ပေါင်း ၃၇၈ မျိုးစိတ်၊ ငှက်မျိုးစိတ်ပေါင်း ၈၂၈ နဲ့ ဖွတ်ပုတက် မျိုးစိတ်ပေါင်း ၃၀၀ နဲ့ မြွေမျိုးစိတ်ပေါင်း ၁၄၀ ရှိပါတယ်။ ဒါကြောင့် သြစတြေးလျနိုင်ငံဟာ တကမ္ဘာလုံး အနှံ့မှာ တွေ့ရတဲ့ အပင်နဲ့ တိရစ္ဆာန်မျိုးစိတ်တွေထဲမှာ အများဆုံး နိုင်ငံတနိုင်ငံပါ။
(၂) ဘရာဇီးနိုင်ငံ
ဘရာဇီးနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရေချို ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ နိုင်ငံတနိုင်ငံပါ။ ဒါ့အပြင် ဘရားဇီးနိုင်ငံဟာ စိမ့်မြေ၊ သစ်တောတွေ၊ ကျယ်ပြန့်တဲ့ လယ်ကွင်းတွေ၊ ဆဗားနားမြက်ခင်းတွေနဲ့ မိုးသစ်တောတွေ ပေါကြွယ်ဝတဲ့ နိုင်ငံ တနိုင်ငံပါ။ ဘရာဇီးနိုင်ငံမှာဆိုရင် အပင်မျိုးစိတ်ပေါင်း ၄၃၈၉၃ မျိုး တွေရပြီး နို့တိုက်သတ္တဝါ ၇၁၃ မျိုး ၊ ငှက်မျိုးစိတ် ၁၉၀၀ ၊ တွားသွားသတ္တဝါ မျိုးစိတ် ၇၅၁ နဲ့ ကုန်းတဝက် ရေတဝက် နေတဲ့ သတ္တဝါမျိုးစိတ် ၉၇၈ ရှိပါတယ်။
(၃) တရုတ်နိုင်ငံ
တရုတ်နိုင်ငံဟာဆိုရင်တော့ ကမ္ဘာပေါ်မှာ ငှက်မျိုးစိတ်အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံတနိုင်ငံ စာရင်းဝင်ပြီး ငှက်မျိုးစိတ်ပေါင်း၁၂၄၄ မျိုး အတိအကျ ရှိပါတယ်။ နို့တိုက်သတ္တဝါမျိုးစိတ်ပေါင်း ၅၈၁ ၊ တွားသွားသတ္တဝါမျိုးစိတ်ပေါင်း ၃၇၆ နဲ့ ကုန်းနေ ရေနေသတ္တဝါမျိုးစိတ်ပေါင်းကလည်း ၂၈၁ ရှိပါတယ်။ နိုင်ငံဧရိယာတခုလုံးမှာဆိုရင်လည်း အပင်မျိုးစိတ်ပေါင်း ၁၅၀၀၀ လောက်တွေ့ရပါတယ်။
(၄) ကိုလံဘီယာနိုင်ငံ
တောင်အမေရိက နိုင်ငံတနိုင်ဖြစ်တဲ့ ကိုလံဘီယာနိုင်ငံကတော့ တကမ္ဘာလုံးမှာရှိတဲ့ အပင်မျိုးစိတ်တွေကို ဒုတိယအများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံတနိုင်ငံဖြစ်သလို တမ္ဘာလုံးမှာ ကုန်းတဝက် ရေတဝက် နေထိုင်တတ်ကြတဲ့ သတ္တဝါမျိုးစိတ်တွေကိုလည်း ဒုတိယအများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံတနိုင်ငံပါ။ ကိုလံဘီယာနိုင်ငံကတော့ ငှက်မျိုးစိတ်ပေါင်း ၁၈၀၀ ၊ နို့တိုက်သတ္တဝါမျိုးစိတ်ပေါင်း ၄၅၆ ၊ အန္တရာယ်ပေးနိုင်တဲ့ကုန်းနေရေနေသတ္တဝါမျိုးစိတ်ပေါင်း ၂၀၈ ပိုင်ဆိုင်ထားပါတယ်။
(၅) ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ
ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံကတော့ အာဖရိကရဲ့ ရေချိုတဝက်လောက်ကို ပိုင်ဆိုင်ထားပြီး သစ်ပင်ပန်းမန်တွေ အလွန်ပေါများတဲ့ နိုင်ငံတနိုင်ငံပါ။ ကွန်ဂိုနိုင်ငံတဝှမ်းလုံးမှာဆိုရင် တွားသွား သတ္တဝါမျိုးစိတ် ၂၈၀ ၊ နို့တိုက်သတ္တဝါမျိုးစိတ် ၄၀၀ ၊ ကုန်းနေ ရေနေသတ္တဝါမျိုးစိတ် ၂၁၆ နဲ့ လိပ်ပြာ မျိုးစိတ် ၉၀၀ ရှိပါတယ်။
နောက်ထပ် အပင်နဲ့ တိရိစ္ဆာန်မျိုးစိတ် အများဆုံးနိုင်ငံတွေကတော့ အီကွေဒေါ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဒါဂတ်စကာ၊ မလေးရှားနဲ့ မက္ကဆီကိုနိုင်ငံတို့ပါပဲ။
Ref : news.mongbay & worldatlas