ဧပြီလအတွင်းမှ မြန်မာနိုင်ငံသားတွေအနေနဲ့ သြင်္ကန်ပွဲတော်ကို ကျင်းပလေ့ရှိသလို ထိုင်းနိုင်ငံသားတွေ အနေနဲ့ Songkran ပွဲတော်ကို ကျင်းပလေ့ ရှိပါတယ်။ Songkran ပွဲတော်ကလည်း မြန်မာနိုင်ငံမှာ ကျင်းပတဲ့ သြင်္ကန်ပွဲတော်နဲ့ တူတူပါပဲ။
မြန်မာသြင်္ကန်ပွဲတော်က မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲတော်ဖြစ်သလို Songkran ပွဲတော်ကလည်း ထိုင်းရိုးရာ နှစ်သစ်ကူးပွဲတော်ပါ။ ဒီကာလတွေအတွင်းမှာ တရားဝင် ရုံးပိတ်ရက်ဖြစ်တာနဲ့အညီ လူတွေကလည်း ကိုယ့်အရပ် ကိုယ့်ဒေသကိုပြန်ပြီး သြင်္ကန်ပွဲတော်ကို ဆင်နွှဲလေ့ရှိကြပါတယ်။
မြန်မာနိုင်ငံမှာဆိုရင်တော့ ရန်ကုန်၊ မန္တလေး စတဲ့မြို့ ကြီးတွေမှာ သြင်္ကန်ပွဲတော်ကို အကြီးအကျယ် ကျင်းပလေ့ရှိပြီး ထိုင်းနိုင်ငံမှာဆိုရင်လည်း ဘန်ကောက်၊ ချင်းမိုင်၊ ဖူးခက် စတဲ့နေရာတွေမှာ သြင်္ကန်ပွဲတော်ကို အကြီးအကျယ် ကျင်းပလေ့ ရှိကြပါတယ်။ ဒီရေကစားပွဲတော်ဟာ ကြီးကျယ်ခမ်းနားသလို နိုင်ငံတကာကဧည့်သည်တွေလည်း ပျော်ရွှင်စွာ ဝင်ရောက်ဆင်နွှဲ လေ့ရှိကြပါတယ်။
သြင်္ကန်ပွဲပြီးရင် နောက်ထပ် ထင်ရှားတဲ့ပွဲတော်ကတော့ ကမ္ဘာမြေနေ့ (Earth Day) ပါ။ ဒီပွဲတော်ကိုတော့ ဧပြီ ၂၂ ရက်နေ့မှာ ကျင်းပလေ့ ရှိပါတယ်။ ဒီပွဲတော်မှာဆိုရင် ဖျော်ဖြေပွဲ အမျိုးမျိုး ကျင်းပလေ့ ရှိသလို အဓိက အားဖြင့်ကတော့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရေး သရုပ်ပြပွဲတွေကို ကျင်းပလေ့ ရှိပါတယ်။
ကမ္ဘာမြေနေ့ကိုတော့ ၁၉၇၀ ပြည့်နှစ်မှာ စတင်ကျင်းပခဲ့ပါတယ်။ ၁၉၇၀ ကနေ စတင်ကျင်းပလာခဲ့တာ မှာ အခုဆိုရင်တော့ နိုင်ငံပေါင်း ၁၉၃ နိုင်ငံက ကမ္ဘာမြေနေ့ကို ကျင်းပလာကြပါတယ်။ ၂၀၁၆ ခုနှစ် မှာတော့ ကမ္ဘာမြေနေ့ကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပခဲ့ပြီး အမေရိကန် ပြည်ထောင်စု၊ တရုတ် စတဲ့ နိုင်ငံပေါင်း ၁၂၀ က ခေါင်းဆောင်တွေ တက်ရောက်ပြီး သဘော တူညီချက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီ သဘောတူညီချက်တွေထဲမှာ ပြောင်းလဲလာတဲ့ ရာသီဥကို ကာကွယ်စောင့်ရှောက်ဖို့လည်း ပါဝင်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာမြေနေ့ဟာ ကျန်တဲ့ ပျော်ပွဲရွှင်ပွဲမျိုးတွေနဲ့ မတူဘဲ နိုင်ငံတကာက အလေးအနက်ထားပြီး ကျင်းပတဲ့ ပွဲတော်ပါ။ ဒီနေ့ခေတ် လူသားတွေဟာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေကြောင့် ရာသီဥတု ပြောင်းလဲလာမှုကို ဆိုးဆိုးရွားရွား ခံစားနေရပါတယ်။
ဒါကြောင့်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှာက်ရေး အေဂျင်စီ အနေနဲ့ လေထု သန့်ရှင်းမှုနဲ့ သောက်သုံးရေ အရည်အသွေး တိုးတက်မှုတွေ ရှိဖို့ ဆိုတဲ့ ကိစ္စတွေကို ဥပဒေတွေ ပြဌာန်းပြီး ဆောင်ရွက်လာကြပါတယ်။
Ref : redseason & en.wikipedia.org