ထိုင်းနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေယာဉ်ခရီးစဉ်တချို့ နောက်ကျခဲ့ရ
ထိုင်းနိုင်ငံမြောက်ပိုင်းက ဒေသတချို့မှာ ဧပြီ ၂၅ ရက်နေ့က မုန်တိုင်း ကျရောက်ခဲ့ပါတယ်။ ရာသီဥတု ပြောင်းလဲလာမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အပြင် မိုးသီးတွေလည်း ကျခဲ့ပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့ ဒေသတွေကတော့ Don Muang၊ Bang Khen၊ Sai Mai၊ Klong Sam Wa နဲ့ Lak Si ခရိုင်တွေ အတွင်းမှာပါ။ မိုးသီးကျခဲ့တဲ့ နေရာကတော့ Watcharaphol ဧရိယာမှာ ဖြစ်သလို ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာလည်း မိုးသီးကျခဲ့ပါတယ်။
ဘန်ကောက်မြို့မှာ ကျရောက်ခဲ့တဲ့ မုန်တိုင်းကြောင့် ဒွန်မောင်းလေဆိပ်မှာ ဆင်းဖို့ စီစဉ်ထားတဲ့ လေယာဉ် ၁၈ စီး အချိန်နောက်ကျပြီးမှ ဆင်းသက်ခဲ့ရပါတယ်။ အဲဒီ လေယာဉ် ၁၈ စီးဟာ ခရီးသည် စုစုပေါင်း အယောက် ၃,၀၀၀ ကို သယ်ဆောင်လာပါတယ်။
လူဝင်မှုကြီးကြပ်ရေးဗျူရိုရဲ့ အပြောအရ ဆိုရင်တော့ လေယာဉ်တစီးက သုဝဏ္ဏဘူမိလေဆိပ်ကို လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရပြီး နောက်တစီးကတော့ Rayong မြို့က U-Tapao လေဆိပ်ကို ဆင်းသက်ခဲ့ရပါတယ်။
လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ Cherngron Rimphadee ရဲ့ အပြောအရဆိုရင်တော့ ဒွန်မောင်းလေဆိပ်ကို လာရောက်ကြမယ့် ခရီးသည်တွေအတွက် အချိန်ကို ထပ်မံ တိုးမြှင့်ပေးထားတယ်လို့ ဆိုပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုအပြင် လေလည်း တိုက်ခတ်ခဲ့တဲ့အတွက် ဒွန်မောင်းလေဆိပ် ထိုင်းခြင်္သေ့ လေကြောင်းလိုင်းရဲ့ ခရီးသည်ဆင်းဖို့ ပြုလုပ်ထားတဲ့ လှေကားလည်း နေရာ ရွေ့သွားခဲ့ပါတယ်။ လေယာဉ် ခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရပြီး ခရီးသည်ပေါင်း ၁၇၆ ယောက်ဟာ အချိန်နောက်ကျပြီးမှ လေယာဉ်ပေါ် တက်ခဲ့ရပါတယ်။
ထိုင်းနိုင်ငံ မိုးလေဝသဌာနရဲ့ခန့်မှန်းထားချက်အရဆိုရင်တော့ အခုတိုက်ခတ်နေတဲ့ မုန်တိုင်းအပြင် လျှပ်စစ်မုန်တိုင်းပါ ကျရောက်ဖို့ ရှိနေပါတယ်။ အဆိုပါမုန်တိုင်းတွေဟာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း ၊ အရှေ့ပိုင်း၊ အလယ်ပိုင်းဒေသတွေမှာ ဧပြီ ၂၆၊ ၂၇ အထိ ဆက်လက် တိုက်ခတ်ဖို့ ရှိနေပြီး ဘန်ကောက်မြို့မှာလည်း မုန်တိုင်းဆက်ရှိနေဦးမယ်လို့ သိရပါတယ်။
ลูกเห็บ!
พายุพัดกระหน่ำมาพร้อม #ลูกเห็บ บริเวณ #อุทยานดาราศาสตร์สิรินธร อ.แม่ริม จ.เชียงใหม่ เมื่อเวลาประมาณ 14.20 น. วันนี้ (25 เมษายน 2562) ครับ pic.twitter.com/FmMRIQw55r
— NARIT News (@N_Earth) April 25, 2019
Ref:bangkokpost